ကမၻာ့ ေဘာလံုး အဖြဲ႕ ခ်ဳပ္ ဖီဖာ ဟာ ႏွစ္ စဥ္ က်င္းပ ေန တဲ့ ကလပ္ ကမၻာ့ ဖလား ၿပဳိင္ပြဲ ကို ပံုစံ သစ္ ၊ အသြင္သစ္ ေျပာင္းလဲ ယွဥ္ၿပဳိင္ ကစား ဖုိ႔ စီစဥ္ ေနၿပီး မဲခြဲ ဆံုးျဖတ္ သြား ဖုိ႔ လုပ္ ေဆာင္ ေနတယ္ လို႔ ၾကား သိရ ပါတယ္ ။ လက္ရွိ အခ်ိန္ အထိ ကလပ္ ကမၻာ့ ဖလား ၿပဳိင္ ပြဲ ဟာ ကမၻာ့ တုိက္ ႀကီး ၆ တိုက္ က ကိုယ္စား ျပဳ ခ်န္ပီယံ အသင္း ေတြ သာ ( အိမ္ ရွင္ အသင္း အပါ အ၀င္ ) ၀င္ ေရာက္ ယွဥ္ ၿပဳိင္ ခြင့္ ရရွိ တဲ့ ၿပဳိင္ပြဲ ျဖစ္ ပါတယ္ ။

ကလပ္ ကမၻာ့ ဖလား ၿပဳိင္ပြဲ ၀င္ ကလပ္ အသင္း ေတြ ဟာ တုိက္ အတြင္း အျမင့္ဆံုး ၿပဳိင္ပြဲ ေတြ ( ဥပမာ – ဥေရာပ ၊ ခ်န္ ပီယံ လိဂ္ ။ ေတာင္ အေမရိက ၊ ကိုပါ ေလဘာဒီတိုးစ္ ) မွာ ဗိုလ္စြဲ တဲ့ အသင္း ေတြ ျဖစ္ၿပီး ကမၻာ့ အဆင့္ သတ္မွတ္ ခ်က္ အရ ကြာတား ဖုိင္နယ္ အဆင့္ ကေန စတင္ ယွဥ္ၿပဳိင္ ရတဲ့ ရွဳံးထြက္ အဆင့္ ၿပဳိင္ပြဲ အမ်ဳိး အစား ျဖစ္ ပါတယ္ ။

ဖီဖာ က ေတာ့ ၿပဳိင္ပြဲ ကို အသင္း ေတြ ပုိမို ပါ၀င္ ဖုိ႔ အတြက္ ဆႏၵ ရွိ ေနၿပီး ေသာၾကာ ေန႔ က ရ၀န္ဒါ ႏုိင္ငံ မွာ ျပဳလုပ္ ခဲ့ တဲ့ ဖီဖာ ေကာင္ စီ အစည္း အေ၀း မွာ တင္ျပ ခဲ့ တယ္ လုိ႔ သိရ ပါတယ္ ။

ဖီဖာ တင္ျပ တဲ့ အစီ အစဥ္ က ေတာ့ ေဘာလံုး ရာသီ ေတြ ပိတ္သိမ္း ၿပီး လစ္လပ္ ေနတဲ့ ဇူလုိင္ နဲ႔ ၾသဂုတ္ လ အၾကား မွာ ရက္ ေပါင္း ၁၈ ရက္ ၾကာျမင့္ မယ့္ ၿပဳိင္ ပြဲ အေသး စား တစ္ ခု ကို ျပဳလုပ္ သြား မွာ ျဖစ္ၿပီး အသင္း အေရ အတြက္ ကိုလည္း ၂၄ သင္း အထိ တိုးျမွင့္ ထည့္ သြင္း သြား ဖို႔ တင္ ျပ ထား တယ္ လို႔ သိရ ပါတယ္ ။

ဒီ ၂၄ သင္း မွာ ဥေရာပ ကိုယ္စားျပဳ အသင္း က ၁၂ သင္း အထိ ပါ၀င္ မွာ ျဖစ္ တာ ေၾကာင့္ ခ်န္ ပီယံ လိဂ္ ခ်န္ ပီယံ ၊ ယူရိုပါ လိဂ္ ခ်န္ ပီယံ တုိ႔ အျပင္ အျခား အသင္း ၁၀ သင္း က လည္း ၀င္ ေရာက္ ယွဥ္ၿပဳိင္ ခြင့္ ရရွိ ႏုိင္ မွာ ျဖစ္ ပါတယ္ ။

ဘယ္ အသင္း ေတြ ပါ ၀င္ ခြင့္ ရရွိ မွာလဲ ဆုိတာ မထုတ္ျပန္ ေသး ေပမယ့္ သက္ဆုိင္ ရာ ျပည္တြင္း အမွတ္ ေပး ဖလား ခ်န္ ပီယံ ေတြ ၊ ခ်န္ ပီယံံ လိဂ္ နဲ႔ ယူရိုပါလိဂ္ ဒုတိယ ဆုရွင္ အသင္း ေတြ ပါ၀င္ လာ ဖြယ္ ရွိ ေန ပါတယ္ ။

ဖီဖာ ရဲ႕ ယခု လုိ ဆန္းသစ္ တီထြင္ မႈ ဟာ ေဘာလံုး ပရိသတ္ ေတြ အတြက္ ေတာ့ ပြဲ ေတြ အဆက္ မျပတ္ ၾကည့္ရွဳ ရႏိုင္ ၿပီး အားေပး တဲ့ ကလပ္ အသင္း ေတြ ကို ဆက္တုိက္ ျမင္ ေတြ႕ ႏုိ္င္ မွာ ျဖစ္ ေပမယ့္ ကစား သမား ေတြ ဘက္ မွာ ေတာ့ ႀကီးမား တဲ့ ပြဲပန္းမႈ ေတြ ျဖစ္ ေပၚ လာႏုိင္ ပါတယ္ ။

ယခု အခ်ိန္ အထိ အဆုိပါ အစီအစဥ္ ကို အတည္ျပဳ မျပဳ မဲ ခြဲ မဆံုးျဖတ္ ရ ေသးဘူး လုိ႔ သိရ ပါတယ္ ။

SPORTS MYANMAR

Unicode

ကလပ် ကမ္ဘာ့ ဖလား ကို အသင်းတွေ ထပ်ဖြည့်ပြီး ပြိုင်ပွဲအသေးစားလို ယှဉ်ပြိုင်ဖို့ ဖီဖာ စီစဉ်နေ

=======================================

ကမ္ဘာ့ ဘောလုံး အဖွဲ့ ချုပ် ဖီဖာ ဟာ နှစ် စဉ် ကျင်းပ နေ တဲ့ ကလပ် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ကို ပုံစံ သစ် ၊ အသွင်သစ် ပြောင်းလဲ ယှဉ်ပြိုင် ကစား ဖို့ စီစဉ် နေပြီး မဲခွဲ ဆုံးဖြတ် သွား ဖို့ လုပ် ဆောင် နေတယ် လို့ ကြား သိရ ပါတယ် ။ လက်ရှိ အချိန် အထိ ကလပ် ကမ္ဘာ့ ဖလား ပြိုင် ပွဲ ဟာ ကမ္ဘာ့ တိုက် ကြီး ၆ တိုက် က ကိုယ်စား ပြု ချန်ပီယံ အသင်း တွေ သာ ( အိမ် ရှင် အသင်း အပါ အဝင် ) ၀င် ရောက် ယှဉ် ပြိုင် ခွင့် ရရှိ တဲ့ ပြိုင်ပွဲ ဖြစ် ပါတယ် ။

ကလပ် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ၀င် ကလပ် အသင်း တွေ ဟာ တိုက် အတွင်း အမြင့်ဆုံး ပြိုင်ပွဲ တွေ ( ဥပမာ – ဥရောပ ၊ ချန် ပီယံ လိဂ် ။ တောင် အမေရိက ၊ ကိုပါ လေဘာဒီတိုးစ် ) မှာ ဗိုလ်စွဲ တဲ့ အသင်း တွေ ဖြစ်ပြီး ကမ္ဘာ့ အဆင့် သတ်မှတ် ချက် အရ ကွာတား ဖိုင်နယ် အဆင့် ကနေ စတင် ယှဉ်ပြိုင် ရတဲ့ ရှုံးထွက် အဆင့် ပြိုင်ပွဲ အမျိုး အစား ဖြစ် ပါတယ် ။

ဖီဖာ က တော့ ပြိုင်ပွဲ ကို အသင်း တွေ ပိုမို ပါ၀င် ဖို့ အတွက် ဆန္ဒ ရှိ နေပြီး သောကြာ နေ့ က ရဝန်ဒါ နိုင်ငံ မှာ ပြုလုပ် ခဲ့ တဲ့ ဖီဖာ ကောင် စီ အစည်း အဝေး မှာ တင်ပြ ခဲ့ တယ် လို့ သိရ ပါတယ် ။

ဖီဖာ တင်ပြ တဲ့ အစီ အစဉ် က တော့ ဘောလုံး ရာသီ တွေ ပိတ်သိမ်း ပြီး လစ်လပ် နေတဲ့ ဇူလိုင် နဲ့ သြဂုတ် လ အကြား မှာ ရက် ပေါင်း ၁၈ ရက် ကြာမြင့် မယ့် ပြိုင် ပွဲ အသေး စား တစ် ခု ကို ပြုလုပ် သွား မှာ ဖြစ်ပြီး အသင်း အရေ အတွက် ကိုလည်း ၂၄ သင်း အထိ တိုးမြှင့် ထည့် သွင်း သွား ဖို့ တင် ပြ ထား တယ် လို့ သိရ ပါတယ် ။

ဒီ ၂၄ သင်း မှာ ဥရောပ ကိုယ်စားပြု အသင်း က ၁၂ သင်း အထိ ပါ၀င် မှာ ဖြစ် တာ ကြောင့် ချန် ပီယံ လိဂ် ချန် ပီယံ ၊ ယူရိုပါ လိဂ် ချန် ပီယံ တို့ အပြင် အခြား အသင်း ၁၀ သင်း က လည်း ၀င် ရောက် ယှဉ်ပြိုင် ခွင့် ရရှိ နိုင် မှာ ဖြစ် ပါတယ် ။

ဘယ် အသင်း တွေ ပါ ၀င် ခွင့် ရရှိ မှာလဲ ဆိုတာ မထုတ်ပြန် သေး ပေမယ့် သက်ဆိုင် ရာ ပြည်တွင်း အမှတ် ပေး ဖလား ချန် ပီယံ တွေ ၊ ချန် ပီယံံ လိဂ် နဲ့ ယူရိုပါလိဂ် ဒုတိယ ဆုရှင် အသင်း တွေ ပါ၀င် လာ ဖွယ် ရှိ နေ ပါတယ် ။

ဖီဖာ ရဲ့ ယခု လို ဆန်းသစ် တီထွင် မှု ဟာ ဘောလုံး ပရိသတ် တွေ အတွက် တော့ ပွဲ တွေ အဆက် မပြတ် ကြည့်ရှု ရနိုင် ပြီး အားပေး တဲ့ ကလပ် အသင်း တွေ ကို ဆက်တိုက် မြင် တွေ့ နို်င် မှာ ဖြစ် ပေမယ့် ကစား သမား တွေ ဘက် မှာ တော့ ကြီးမား တဲ့ ပွဲပန်းမှု တွေ ဖြစ် ပေါ် လာနိုင် ပါတယ် ။

ယခု အချိန် အထိ အဆိုပါ အစီအစဉ် ကို အတည်ပြု မပြု မဲ ခွဲ မဆုံးဖြတ် ရ သေးဘူး လို့ သိရ ပါတယ် ။

SPORTS MYANMAR