၂၀၁၉ ခုနှစ် ထဲ မှာ ပြုလုပ်မယ့် ပွဲတွေ ထဲ က အစောဆုံး ဖြစ်တဲ့ UEFA ရဲ့ ပွဲက တော့ ပြီးသွားခဲ့ ပါပြီ ။ ထိုက်တန်သူ တွေ အားလုံး ထိုက်တန် သလို ဂုဏ်ပြု ခံခဲ့ ကြရ သလို ဝေဖန်သံ လည်း အနည်းဆုံး ဖြစ်ခဲ့တဲ့ ပွဲ လည်း ဖြစ်ခဲ့ပါတယ် ။ မက်ဆီ – ရိုနယ်ဒို လွှမ်းမိုးမှု ကို ၂ နှစ်ဆက်တိုက် မမြင် ရတော့ တာကလည်း တစ်မျိုး တစ်မြည် ခံစားရ စေခဲ့ပါတယ် ။ ဘောလုံး ကို ချစ်တဲ့ သူတိုင်း ဒီ နှစ်ယောက် ကို မအိုစေ ၊ မနာစေချင် တာ သေချာ မှာပါ ။

ဆုပေးပွဲ ကတော့ ဘာမှ ပြောစရာ မရှိ ပါဘူး ။ နေရာအလိုက် ရော တစ်နှစ်တာ အကောင်းဆုံး ဆု မှာ ရော ထိုက်တန်သူ က ရရှိ သွားခဲ့ တာပါ ။ ဗာဂျယ် ဗန်ဒိုက် အတွက် တော့ ရွှေဘောလုံး ( Ballon d’or ) နဲ့ FIFA The Best ဆုတွေ အတွက် ဆက်လက် ရင်ခုန် ရတော့ မှာပါ ။

ပွဲကို ပိုပြီး အသက်ဝင် စေခဲ့သူကတော့ ခရစ္စတီယာနို ရိုနယ်ဒို ပါပဲ ။ အမှန် တော့ ရိုနယ်ဒို ဟာ ဒီ ပွဲ ကို လက်ခုပ်တီးပေး ရုံ အတွက်သာ တက်ခဲ့ တာပါ ။ အနောက်တိုင်း ၀တ်စုံ ကို အပြည့် မ၀တ် ထားတာ ကို ကြည့် တာနဲ့ ဒါကို ရိပ်စားမိနိုင် ပါတယ် ။

မနှစ်တုန်းက ရိုနယ်ဒို ဟာ ဘယ်ပွဲ ကို မှ မတက်ခဲ့ပါဘူး ။ ဒီနှစ် မှာတော့ ဒါမျိုးထပ်လုပ်မယ် ဆိုရင် ဖီဖာ ၊ UEFA တို့ နဲ့ အဆင်မပြေ ဖြစ်လာနိုင်တာ ကြောင့် ပေါ်တူဂီ သားကြီး ပွဲတက် လာခဲ့ ပါတယ် ။ ဒါကို အမိ အရ အသုံးချ ဖို့ UEEA က အသေ အချာ ပြင်ဆင် ထားခဲ့တာပါ ။

အင်တာဗျုး လုပ်တာကို ကြည့်တာ နဲ့ သိနိုင် ပါတယ် ။ မက်ဆီ ကို စပိန်လိုပဲ မေးခဲ့ပြီး ရိုနယ်ဒို ကို အင်္ဂလိပ် လို မေးခဲ့တာပါ ( မက်ဆီ က အင်္ဂလိပ် လို သိပ်မကောင်းပေ မယ့် အများကြီး မမေးတာတွေ က မက်ဆီ ဆီကနေ စီးပွားရေး အရ အကျိုး အမြတ် နိုင်တဲ့ မယ့် ဘယ်လို အဖြေမျိုးမှ မရနိုင်တာကို ကြိုတင် တွက်ဆထားခဲ့မှန်း သိသာစေခဲ့ ပါတယ် ) ။ သူတို့ အဓိက ပစ်မှတ် ထားခဲ့တာက ခရစ္စတီယာနို ရိုနယ်ဒို ပါ ။

ရိုနယ်ဒို က လည်းပါးနပ် ပါတယ် ။ မေးခွန်းတွေ ကို ပရိသတ် အကြိုက် ဖြေသွားခဲ့ပြီး လက်ခုပ်သံတွေ စည်စေ ခဲ့ ပါတယ် ။ ရိုနယ်ဒိုကို မေးနေတဲ့ အချိန် မှာ အားလုံးရဲ့ အာရုံဟာ သူတို့ ၂ ယောက် အနားမှာပဲ ရှိနေ ခဲ့ ပါတယ် ။ ဒီအခိုက်အတန့်လေး ဟာ ဆုပေးပွဲ ရဲ့ အလှပဆုံး အခိုက်အတန့်လေး ဖြစ်ခဲ့သလို ကြည့်ရှုသူ အားလုံး ကို လည်း အေးချမ်းကြည်နူးတဲ့ ခံစားချက် မျိုးကို ပေးစွမ်းစေနိုင်ခဲ့မယ်ဆိုတာ သေချာ ပါတယ် ။

“သြော် ၊ သူတို့တွေ လည်း အသက်ကြီး ကြပြီကိုး ၊ ပြိုင်ဆိုင်မှုတွေ သိပ်မရှိ ကြတော့ ပါလား ၊ ဒါမျိုးလေး တွေ ခဏခဏ မြင်ရ ရင် သိပ်ကောင်းမှာပဲ” ဆိုတဲ့ အတွေးတွေ ဟာ ပရိသတ်တွေရဲ့ ခေါင်းထဲ ကို ၀င်ရောက်လာခဲ့ ကြပါတယ် ။ ဒါမျိုးတွေ ကို လူတိုင်း မလုပ်နိုင် ပါဘူး ။ လွှမ်းမိုးမှု အစွမ်း အရမ်းကြီးမားလွန်းတဲ့ လူပုဂ္ဂိုလ် တွေ သာ စွမ်းဆောင် နိုင်တာပါ ။ မက်ဆီ နဲ့ ရိုနယ်ဒို တို့ ဟာ ဒီလို အမျီုးအစားတွေ ထဲ က ၂ ဦးပါပဲ ။ သူတို့ ၂ ယောက်ရဲ့ အရှိန် အ၀ါ ဟာ ဆုရှင် ဗာဂျယ် ဗန်ဒိုက် ကိုသာမက ဆုပေးပွဲ အခမ်းအနားကြီး တစ်ခုလုံးကိုတောင် သိမ်ငယ်စေခဲ့တယ် လို့ ဆိုရင် မှားနိုင် မယ် မထင် ပါဘူး ။

နောက်ဆုံး မှာတော့ ဗာဂျယ် ဗန်ဒိုက် က ဆုရှင် ဖြစ်ခဲ့ ပေမယ့် ပွဲရဲ့ မင်းသား ကတော့ ရိုနယ်ဒို ဖြစ်သွားခဲ့ ပါတယ် ။ တကယ်လို့ သူတို့ ၂ ယောက်စလုံး အနားယူပြီး နည်းပြ တွေ အဖြစ် နဲ့ ကွင်းထဲ ပြန်ဝင် လာကြမယ် ဆိုရင် မက်ဆီ ထက် ရိုနယ်ဒို က ပိုပြီး သတင်းသမားတွေ ၊ မီဒီယာတွေ ရဲ့ ပျားသကာ ဖြစ်နေမှာ အသေအချာ ပါပဲ ။

အုပ်စု မဲခွဲမှုတွေ ကလည်း တွေးချင်စရာတွေ အများကြီး ဖြစ်စေခဲ့ ပါတယ် ။ အုပ်စု အချောင်တွေကို လွဲပြီး ကျပ်သထက် ကျပ်တဲ့ ၊ အကျပ်ဆုံးလို့ သတ်မှတ် ထားတဲ့ Group F ကို မှ တည့်တည့် ကျခဲ့တဲ့ ဆလားဗီးယား ပရပ် အသင်း ဒါရိုက်တာ ရဲ့ မချိပြုံး ကတော့ ဆိုရှယ် မီဒီယာထက် မှာ ရေပန်းစားခဲ့ ရပါတယ် ။

ဒီနှစ် အုပ်စု မဲခွဲပွဲ ကတော့ ပြိုင်ဘက်ဟောင်းတွေ ပြန်ဆုံတဲ့ နှစ်လို့ ဆိုရမှာပါ ။ မနှစ် က ဆုံခဲ့ကြတဲ့ ဘာစီလိုနာ နဲ့ အင်တာ ၊ ယူဗင်တပ် နဲ့ အသက်လက်တီကို မက်ဒရစ် ၊ လီဗာပူး နဲ့ နာပိုလီ ၊ တစ်နှစ် က ဆုံခဲ့တဲ့ ရီး၇ဲမက်ဒရစ် နဲ့ PSG တို့ ဟာ တစ်အုပ်စု တည်း ကျခဲ့ ကြပါတယ် ။ အကျိတ် အနယ် ပွဲကောင်းတွေကိုတော့ မြင်တွေ့ ရဦးမှာပါ ။ ဒါကြောင့်လည်း ချန်ပီယံလိဂ် ဟာ လူကြိုက် အများဆုံး ပြိုင်ပွဲကြီး တစ်ခု ဖြစ်နေရတာ ပါပဲ

တကယ်လို့ မိတ်ဆွေဟာ တစ်ကိုယ်တည်း အဖော်မဲ့ နေပြီး ဖူးစာ မဆုံနိုင်အောင် ဖြစ်နေတယ် ဆိုရင်တော့ ရှက်တာ ဒိုးနက် ပရိသတ် အဖြစ် ခံယူပြီး မန်ချက်စတာ စီးတီး အသင်း ပရိသတ် ကောင်မလေး တစ်ယောက် ကို ချစ်ရေးဆိုလိုက် ပါ ။ အညံ့အဆိုးတွေ ပြေကောင်း ပြေသွား နိုင်ပါလိမ့်မယ် ။ ဘာလို့လည်း ဆိုတော့ ဒီ ၂ သင်း ရဲ့ ရေစက်ဆုံမှု ဟာ နာမည်ကြီး အချစ်ဝတ္ထုတွေ ၊ ဇာတ်လမ်း ရုပ်ရှင်တွေထက် မနိမ့်နိုင် လို့ပါပဲ ။

မန်ချက်စတာ စီးတီး ရဲ့ မဲကံ ကလည်း တကယ်ကို မခေပါဘူး ။ အင်အားတောင့်တင်းလာပြီး နောက်ပိုင်း အုပ်စု ကျပ် နဲ့ တိုးတယ်လို့ ကို မရှိခဲ့ တာပါ ။ ဒီနှစ် မှာမှ ဗိုလ်လုပွဲ မရောက်ရင် တော့ ဂွာဒီယိုလာ တစ်ယောက် ပြဿနာ တက်ဖို့ ရှိနိုင် ပါတယ် ။

ဖရန့် လမ်းပတ် အတွက်လည်း ၀မ်းသာမိ ပါတယ် ။ သူ့ရဲ့ အုပ်စု ဟာ ကျပ်တယ် ထင်ရ ပေမယ့် အရမ်းတော့ မကျပ် ပါဘူး ။ ရီးရဲ ၊ အေတီကို မက်ဒရစ် ၊ နာပိုလီ ၊ အင်တာ တို့ နဲ့ တစ်အုပ်စုတည်း ကျ နိုင်တဲ့ အနေ အထားတွေ ရှိလျက်နဲ့ အိုင်ယက်စ် ၊ ဗလင်စီယာ ၊ လိုင်လီ တို့ နဲ့ ကျခဲ့တာ လမ်းပတ် အတွက် အခွင့်အရေး တစ်ခု ကို ချပေးလိုက်တာ နဲ့ အတူတူ ပါပဲ ။ အသုံးချနိုင် မချနိုင်ဆိုတာ ကတော့ လမ်းပတ် အပေါ်ပဲ မူတည် နေမှာပါ ။

ပွဲစဉ်တွေ ကတော့ စက်တင်ဘာမှ စကြမှာပါ ။ ပြိုင်ပွဲပြီးဖို့ ၉ လ လိုပါသေးတယ် ။ ဘယ်အသင်း ချန်ပီယံ ဖြစ်မယ် ဆိုတာ လျောက်ပြီး ခန့်မှန်း နေတာထက် ပွဲတွေကို အရသာရှိရှိ ခံစားကြတာက ပိုပြီး အဓိပ္ပါယ် ရှိနေမှာပါ ။ သေချာတာကတော့ ချန်ပီယံလိဂ် ဟာ ဘယ်တုန်းကမှ ပရိသတ်တွေကို စိတ်မပျက်စေခဲ့ဘူး ဆိုတာပါပဲ ။

နောက်ဆုံးပိတ် ပြောချင်တာ တစ်ခုရှိနေပါသေးတယ် . . . .

စင်ပေါ်မှာ အဲရစ် ကန်တိုနာ ပြောသွားခဲ့တာတွေကို အခုထိ နားမလည်သေးတာပါပဲ . . . .

SPORTS MYANMAR