Greenwood

မန္ခ်က္ စတာ ယူႏုိက္တက္ ဟာ ပရီးမီး ယားလိဂ္ ပြဲစဥ္ ( ၃ ) အျဖစ္ ယေန႔ ညေန မွာ ေဆာက္သမ္တန္ အသင္း ရဲ႕ အိမ္ကြင္း ကို သြားေရာက္ ယွဥ္ၿပဳိင္ ကစား ရေတာ့ မွာပဲ ျဖစ္ ပါတယ္ ။ ဒီပြဲ ဟာ ၃ ပြဲ မွာ ၁ ပြဲသာ ႏုိင္ထားတဲ့ ယူႏုိက္တက္ အတြက္ ေတာ့ အလြန္ အေရးႀကီးတဲ့ ပြဲ ျဖစ္လာမွာ ပါ ။ လက္ရွိ ယူႏုိက္တက္ အသင္း မွာ အားထား ရတဲ့ ပြဲထြက္ ကစား သမား ၂ ဦး ဒဏ္ရာ ရရွိ ထားတာ ေၾကာင့္ လူစာရင္း အေျပာင္း အလဲ ေတြ ျမင္ေတြ႕ ရႏုိင္ ပါတယ္ ။

တုိက္စစ္မႈး အန္တိုနီ မာရွယ္ ဟာ ပဲေလ့စ္ နဲ႔ ပြဲ ၿပီးခါ နီးမွာ ဒဏ္ရာ ရရွိ သြားၿပီး အားထုတ္ ကစား ျခင္း မျပဳႏုိင္ ေတာ့ တာကို ျမင္ေတြ႕ ခဲ့ရ ပါတယ္ ။ လုခ္ေရွာ ကေတာ့ ဆက္ မကစားနုိင္ ေတာ့တာ ေၾကာင့္ အက္ရွ္ေလယန္း နဲ႔ လူစားလဲ ခဲ့ရ ပါတယ္ ။ သူတုိ႔ ၂ ဦး စလံုး ယေန႔ ည ပြဲကို လြဲေခ်ာ္ ၾကမွာပါ ။

ဒီလုိ အခ်ိန္ မွာ အသင္းရဲ႕ တုိက္စစ္မႈး တစ္ဦး ျဖစ္တဲ့ အလက္ဆစ္ ဆန္းခ်က္ ဟာ အင္တာ မီလန္ ကို ေျပာင္းေရႊ႕ သြားခဲ့ သလို ခံစစ္မႈး ျဖစ္တဲ့ ခရစ္စေမာလင္း ကလည္း ရုိးမား ကို အငွား ထြက္သြားခဲ့ ပါတယ္ ။ ဒဏ္ရာ ကစား သမားေတြ ရွိေနခ်ိန္ မွာ ပြဲထြက္ ကစားႏုိင္တဲ့ သူ အခ်ဳိ႕ ကို လက္လႊတ္ လိုက္ရတာ ဟာ ယူႏုိက္တက္ အတြက္ အားနည္းခ်က္ ျဖစ္လာ ေစႏုိင္ ပါတယ္ ။

ဒါကို ဆုိးရွား ဘယ္လုိ ျပင္ဆင္ မလဲ . . . ေနာ္ေ၀သား နည္းျပႀကီး ကေတာ့ အသင္း ကို လူငယ္ေတြ နဲ႔ သာ တည္ေဆာက္ ဖို႔ စိတ္ပိုင္းျဖတ္ ထားၿပီး အသက္ႀကီး ကစား သမားေတြ ကို ရွင္းထုတ္ ၊ ေနရာ မေပး တာေတြ လုပ္ေဆာင္ ေနပါတယ္ ။ ေမာ္ရင္ဟို လက္ထက္ ယူႏုိက္တက္ ကြင္းလယ္မွာ ပံုမွန္ ပြဲထြက္ခြင့္ ရခဲ့တဲ့ မာတစ္ ဟာ ၿပီးခဲ့တဲ့ ၃ ပြဲ စလံုး မပါခဲ့ရ ပါဘူး ။ ညာ ေတာင္ပံ မွာ ၀င္ ကစားခဲ့ရတဲ့ မာတာ ကလည္း လူစား၀င္ အျဖစ္ နဲ႔ သာ ကစားခဲ့ရ ပါတယ္ ။ ဆိုးရွား ရဲ႕ အသင္း ဟာ ပြဲစဥ္တုိင္းမွာ အသက္ အငယ္ဆံုး အသင္းစာရင္းထဲ ကို ၀င္ခဲ့ ပါတယ္ ။

ဒီပြဲ ကိုလည္း ဆုိးရွား ဟာ လူငယ္ေတြ အေပၚ ယံုၾကည္မႈ ေပးသြား ဦးမွာပါ ။ ဘယ္ ေနာက္ ခံလူ ေနရာ ကေတာ့ ေရြးစရာ မရွိတဲ့ အတြက္ အက္ရွ္ေလယန္း ကို ျပန္ထည့္ ရေတာ့ မွာပါ ။ ဒါဟာ ဒီဂီယာ တစ္ေယာက္ ဒီပြဲ မွာ ကပၸတိန္ မျဖစ္ေတာ့ ဘူး ဆိုတဲ့ အဓိပၸါယ္ ပါပဲ ။

မာရွယ္ ရဲ႕ ေနရာ အတြက္ေတာ့ ေမဆင္ ဂရင္း၀ုဒ္ ကို ေနရာေပး ဖြယ္ ရွိတယ္လို႔ သံုးသပ္မႈေတြ ထြက္ေပၚ လာခဲ့ ပါတယ္ ။ ဒါဟာ ဆုိးရွား အတြက္ တကယ့္ကို ႀကီးမားတဲ့ အေလာင္းအစား ျဖစ္လာမွာပါ ။ ဂရင္း၀ုဒ္ ဟာ မာရွယ္ ၊ ရက္ဖုိဒ့္ တုိ႔ ထက္ ပိုၿပီး အဆံုးသတ္ ေကာင္းေၾကာင္း ဆုိးရွား ကိုယ္တုိင္ ၾကြားလံုးထုတ္ ထားခဲ့ ပါတယ္ ။ သူေျပာတာ မွန္ မမွန္ ဆုိတာ ဒီည ေစာင့္ၾကည့္ ရေတာ့ မွာပါ ။

ပရိသတ္ေတြ လံုုး၀ မႀကဳိက္ေပမယ့္ ဂ်က္ဆီ လင္ဂတ္ ကေတာ့ ပါလာဦးမွာပါပဲ ။ သူ႔လို ၿပဳိင္ဘက္ ကစားကြက္ ထဲ ကို ၀င္ရွဳပ္ႏုိင္တဲ့ ၊ ၿပဳိင္ဘက္ ကစား သမားေတြရဲ႕ ေပးပို႔မႈ ေတြ ေနာက္ ကို ေတာက္ေလ်ာက္ လုိက္ၿပီး ဖိအားေပး ႏုိင္တဲ့ ကစား သမား မ်ဳိးက မ်ားမ်ား စားစား မရွိ ပါဘူး ။ လင္ဂတ္ ရဲ႕ အျခားအရည္အေသြးေတြက ေမးခြန္း ထုတ္ စရာရွိေပမယ့္ ဆက္တုိက္ ဖိအားေပးႏုိင္တဲ့ အရည္အေသြးက အဂၤလန္ မွာေရာ မန္ခ်က္ စတာ ယူႏုိက္တက္ မွာပါ ေနရာ ရရွိေစခဲ့ တာ လုိ႔ ဆိုရင္ မွားႏုိင္မယ္ မထင္ ပါဘူး ။

ယူႏုိက္တက္ ရဲ႕ တိုက္စစ္မွာ အေရးပါတဲ့ ေတာင္ပံ ၂ ဖက္ ကိုေတာ့ မားကပ္ ရက္ဖိုဒ့္ နဲ႔ ဒန္နီ ရယ္ ဂ်ိမ္းစ္ တို႔ ပြဲထြက္ လာမွာပါ ။ ဂ်ိမ္းစ္ ဟာ ပဲေလ့စ္ နဲ႔ ပြဲ တုန္းက ဒုတိယပုိင္း မွာ ဘယ္ေတာင္ပံ ကို ေျပာင္း ကစားခဲ့ရၿပီး ညာေတာင္ပံ မွာ ထက္ ဘယ္ေတာင္ပံ မွာ ပိုေကာင္းေအာင္ ကစားႏုိင္ေၾကာင္း ျမင္ေတြ႕ ခဲ့ရ ပါတယ္ ။ ဒီည မွာ ဂ်ိမ္းစ္ ကို ဘယ္ေတာင္ပံ ၊ ရက္ဖိုဒ့္ ကို ညာေတာင္ပံ မွာ ေနရာ ခ် ထားမယ္ ဆိုရင္ ပိုၿပီး ေကာင္းမြန္တဲ့ တုိက္စစ္ ကစားပံု ကို ရရွိ ႏုိင္ ေခ်ရွိ ပါတယ္ ။

ကြင္းလယ္ မွာေတာ့ ေတာ္မီေနး နဲ႔ ေပါလ္ ေပါ့ဘာ တုိ႔ ကို ဆက္လက္ ျမင္ေတြ႕ ရဦးမွာပါ ။ ေပါ့ဘာ ကေတာ့ ေအသံုးလံုး ဓါတ္ခဲ ေတြ အၾကားေရာက္ေနတဲ့ ယူေရနီယံေလာင္စာေတာင့္ႀကီးလို ပါပဲ ။ ဒီအေနအထား ကို ေပါ့ဘာ မႏွစ္သက္ေပမယ့္လည္း ျပင္သစ္သား ကို ယူႏုိက္တက္ က မရ မက ဆြဲထား ဦးမွာပါ ။ ဒါေၾကာင့္ ပြဲေတြ ကို ဆက္ကစားမလား ၊ ပုန္ကန္ ၿပီး ေလ့က်င့္ခန္း မဆင္းဘဲ အသင္းနဲ႔ ျပႆနာ တက္ၿပီး အရန္ အသင္း ကို ေရာက္သြား မလား ၊ ေပါ့ဘာ က ဒီေလာက္ေတာ့ မုိက္မဲမယ့္ သူ မဟုတ္ပါဘူး ။

ေနာက္တန္း ကေတာ့ ေရွာ ေနရာ ကို ယန္း ၀င္ ကစားတာက လြဲရင္ က်န္တဲ့ ၃ ေနရာက အေျပာင္းအလဲ ရွိမွာ မဟုတ္ ပါဘူး ။ စေမာလင္း မရွိေတာ့ တဲ့ ေနာက္မွာ လူငယ္ ေနာက္ခံလူ တြမ္ဇီဘီ အတြက္ အခြင့္ အလမ္း ေတြ အမ်ားႀကီး ေပၚလာ ခဲ့ ပါၿပီ ။ ဒါကို ေကာင္းေကာင္း အသံုးခ်ႏုိင္ ဖို႔ ကေတာ့ တြမ္ဇီဘီ ရဲ႕ တာ၀န္ ပါပဲ ။

ေဆာက္သမ္တန္ ဟာ ယူႏုိက္တက္ နဲ႔ ေနာက္ဆံုး ဆံုေတြ႕ ခဲ့တဲ့ ၅ ပြဲ မွာ ၃ ပြဲ ရွဳံးၿပီး ၂ ပြဲ သေရက်ထားခဲ့ ပါတယ္ ။ ဒါေၾကာင့္ စိန္႔ေမရီ ခရီးစဥ္ ဟာ ယူႏုိက္တက္ အတြက္ေတာ့ ေသာက မ်ားမယ့္ ခရီး ျဖစ္လာဖို႔ နည္းႏုိင္ ပါတယ္ ။ ဒါေပမယ့္ ယူႏုိက္တက္ တုိ႔ မေမ့သင့္တာက အခု အခ်ိန္ မွာ ဘယ္အသင္းက မွ ယူႏုိက္တက္ ကို အံ့တုဖို႔ စိုးထိတ္ မေန ေတာ့ဘူးဆိုတာ ပါပဲ ။ ကိုယ္ ေပါ့ ရင္ ကိုယ္ပဲ ခံသြားရမွာပါ ။

ေဆာက္သမ္တန္ နဲ႔ ပြဲမွာ ျမင္ေတြ႕ ရဖြယ္ ရွိတဲ့ မန္ခ်က္စတာ ယူႏုိက္တက္ လူစာရင္း –
၄-၂-၃-၁
ဒီဂီယာ
ဘစ္ဆာကာ ၊ လင္ဒီေလာ့ဖ္ ၊ မက္ဂြဲယား ၊ ယန္း
ေပါ့ဘာ ၊ ေတာ္မီေနး
ရက္ဖိုဒ့္ ၊ လင္ဂတ္ ၊ ဂ်ိမ္းစ္
ဂရင္း၀ုဒ္

SPORTS MYANMAR

Unicode

မာရှယ် မပါ ၊ ရှော မပါတဲ့ ယူနိုက်တက် အသင်း . . . ဆောက်သမ်တန်နဲ့ ပွဲမှာ ဘယ်လို လူစာရင်းကို သုံးမှာလဲ

===============================================

မန်ချက် စတာ ယူနိုက်တက် ဟာ ပရီးမီး ယားလိဂ် ပွဲစဉ် ( ၃ ) အဖြစ် ယနေ့ ညနေ မှာ ဆောက်သမ်တန် အသင်း ရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ကစား ရတော့ မှာပဲ ဖြစ် ပါတယ် ။ ဒီပွဲ ဟာ ၃ ပွဲ မှာ ၁ ပွဲသာ နိုင်ထားတဲ့ ယူနိုက်တက် အတွက် တော့ အလွန် အရေးကြီးတဲ့ ပွဲ ဖြစ်လာမှာ ပါ ။ လက်ရှိ ယူနိုက်တက် အသင်း မှာ အားထား ရတဲ့ ပွဲထွက် ကစား သမား ၂ ဦး ဒဏ်ရာ ရရှိ ထားတာ ကြောင့် လူစာရင်း အပြောင်း အလဲ တွေ မြင်တွေ့ ရနိုင် ပါတယ် ။

တိုက်စစ်မှုး အန်တိုနီ မာရှယ် ဟာ ပဲလေ့စ် နဲ့ ပွဲ ပြီးခါ နီးမှာ ဒဏ်ရာ ရရှိ သွားပြီး အားထုတ် ကစား ခြင်း မပြုနိုင် တော့ တာကို မြင်တွေ့ ခဲ့ရ ပါတယ် ။ လုခ်ရှော ကတော့ ဆက် မကစားနိုင် တော့တာ ကြောင့် အက်ရှ်လေယန်း နဲ့ လူစားလဲ ခဲ့ရ ပါတယ် ။ သူတို့ ၂ ဦး စလုံး ယနေ့ ည ပွဲကို လွဲချော် ကြမှာပါ ။

ဒီလို အချိန် မှာ အသင်းရဲ့ တိုက်စစ်မှုး တစ်ဦး ဖြစ်တဲ့ အလက်ဆစ် ဆန်းချက် ဟာ အင်တာ မီလန် ကို ပြောင်းရွှေ့ သွားခဲ့ သလို ခံစစ်မှုး ဖြစ်တဲ့ ခရစ်စမောလင်း ကလည်း ရိုးမား ကို အငှား ထွက်သွားခဲ့ ပါတယ် ။ ဒဏ်ရာ ကစား သမားတွေ ရှိနေချိန် မှာ ပွဲထွက် ကစားနိုင်တဲ့ သူ အချို့ ကို လက်လွှတ် လိုက်ရတာ ဟာ ယူနိုက်တက် အတွက် အားနည်းချက် ဖြစ်လာ စေနိုင် ပါတယ် ။

ဒါကို ဆိုးရှား ဘယ်လို ပြင်ဆင် မလဲ . . . နော်ဝေသား နည်းပြကြီး ကတော့ အသင်း ကို လူငယ်တွေ နဲ့ သာ တည်ဆောက် ဖို့ စိတ်ပိုင်းဖြတ် ထားပြီး အသက်ကြီး ကစား သမားတွေ ကို ရှင်းထုတ် ၊ နေရာ မပေး တာတွေ လုပ်ဆောင် နေပါတယ် ။ မော်ရင်ဟို လက်ထက် ယူနိုက်တက် ကွင်းလယ်မှာ ပုံမှန် ပွဲထွက်ခွင့် ရခဲ့တဲ့ မာတစ် ဟာ ပြီးခဲ့တဲ့ ၃ ပွဲ စလုံး မပါခဲ့ရ ပါဘူး ။ ညာ တောင်ပံ မှာ ၀င် ကစားခဲ့ရတဲ့ မာတာ ကလည်း လူစားဝင် အဖြစ် နဲ့ သာ ကစားခဲ့ရ ပါတယ် ။ ဆိုးရှား ရဲ့ အသင်း ဟာ ပွဲစဉ်တိုင်းမှာ အသက် အငယ်ဆုံး အသင်းစာရင်းထဲ ကို ၀င်ခဲ့ ပါတယ် ။

ဒီပွဲ ကိုလည်း ဆိုးရှား ဟာ လူငယ်တွေ အပေါ် ယုံကြည်မှု ပေးသွား ဦးမှာပါ ။ ဘယ် နောက် ခံလူ နေရာ ကတော့ ရွေးစရာ မရှိတဲ့ အတွက် အက်ရှ်လေယန်း ကို ပြန်ထည့် ရတော့ မှာပါ ။ ဒါဟာ ဒီဂီယာ တစ်ယောက် ဒီပွဲ မှာ ကပ္ပတိန် မဖြစ်တော့ ဘူး ဆိုတဲ့ အဓိပ္ပါယ် ပါပဲ ။

မာရှယ် ရဲ့ နေရာ အတွက်တော့ မေဆင် ဂရင်းဝုဒ် ကို နေရာပေး ဖွယ် ရှိတယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။ ဒါဟာ ဆိုးရှား အတွက် တကယ့်ကို ကြီးမားတဲ့ အလောင်းအစား ဖြစ်လာမှာပါ ။ ဂရင်းဝုဒ် ဟာ မာရှယ် ၊ ရက်ဖိုဒ့် တို့ ထက် ပိုပြီး အဆုံးသတ် ကောင်းကြောင်း ဆိုးရှား ကိုယ်တိုင် ကြွားလုံးထုတ် ထားခဲ့ ပါတယ် ။ သူပြောတာ မှန် မမှန် ဆိုတာ ဒီည စောင့်ကြည့် ရတော့ မှာပါ ။

ပရိသတ်တွေ လုုံးဝ မကြိုက်ပေမယ့် ဂျက်ဆီ လင်ဂတ် ကတော့ ပါလာဦးမှာပါပဲ ။ သူ့လို ပြိုင်ဘက် ကစားကွက် ထဲ ကို ၀င်ရှုပ်နိုင်တဲ့ ၊ ပြိုင်ဘက် ကစား သမားတွေရဲ့ ပေးပို့မှု တွေ နောက် ကို တောက်လျောက် လိုက်ပြီး ဖိအားပေး နိုင်တဲ့ ကစား သမား မျိုးက များများ စားစား မရှိ ပါဘူး ။ လင်ဂတ် ရဲ့ အခြားအရည်အသွေးတွေက မေးခွန်း ထုတ် စရာရှိပေမယ့် ဆက်တိုက် ဖိအားပေးနိုင်တဲ့ အရည်အသွေးက အင်္ဂလန် မှာရော မန်ချက် စတာ ယူနိုက်တက် မှာပါ နေရာ ရရှိစေခဲ့ တာ လို့ ဆိုရင် မှားနိုင်မယ် မထင် ပါဘူး ။

ယူနိုက်တက် ရဲ့ တိုက်စစ်မှာ အရေးပါတဲ့ တောင်ပံ ၂ ဖက် ကိုတော့ မားကပ် ရက်ဖိုဒ့် နဲ့ ဒန်နီ ရယ် ဂျိမ်းစ် တို့ ပွဲထွက် လာမှာပါ ။ ဂျိမ်းစ် ဟာ ပဲလေ့စ် နဲ့ ပွဲ တုန်းက ဒုတိယပိုင်း မှာ ဘယ်တောင်ပံ ကို ပြောင်း ကစားခဲ့ရပြီး ညာတောင်ပံ မှာ ထက် ဘယ်တောင်ပံ မှာ ပိုကောင်းအောင် ကစားနိုင်ကြောင်း မြင်တွေ့ ခဲ့ရ ပါတယ် ။ ဒီည မှာ ဂျိမ်းစ် ကို ဘယ်တောင်ပံ ၊ ရက်ဖိုဒ့် ကို ညာတောင်ပံ မှာ နေရာ ချ ထားမယ် ဆိုရင် ပိုပြီး ကောင်းမွန်တဲ့ တိုက်စစ် ကစားပုံ ကို ရရှိ နိုင် ချေရှိ ပါတယ် ။

ကွင်းလယ် မှာတော့ တော်မီနေး နဲ့ ပေါလ် ပေါ့ဘာ တို့ ကို ဆက်လက် မြင်တွေ့ ရဦးမှာပါ ။ ပေါ့ဘာ ကတော့ အေသုံးလုံး ဓါတ်ခဲ တွေ အကြားရောက်နေတဲ့ ယူရေနီယံလောင်စာတောင့်ကြီးလို ပါပဲ ။ ဒီအနေအထား ကို ပေါ့ဘာ မနှစ်သက်ပေမယ့်လည်း ပြင်သစ်သား ကို ယူနိုက်တက် က မရ မက ဆွဲထား ဦးမှာပါ ။ ဒါကြောင့် ပွဲတွေ ကို ဆက်ကစားမလား ၊ ပုန်ကန် ပြီး လေ့ကျင့်ခန်း မဆင်းဘဲ အသင်းနဲ့ ပြဿနာ တက်ပြီး အရန် အသင်း ကို ရောက်သွား မလား ၊ ပေါ့ဘာ က ဒီလောက်တော့ မိုက်မဲမယ့် သူ မဟုတ်ပါဘူး ။

နောက်တန်း ကတော့ ရှော နေရာ ကို ယန်း ၀င် ကစားတာက လွဲရင် ကျန်တဲ့ ၃ နေရာက အပြောင်းအလဲ ရှိမှာ မဟုတ် ပါဘူး ။ စမောလင်း မရှိတော့ တဲ့ နောက်မှာ လူငယ် နောက်ခံလူ တွမ်ဇီဘီ အတွက် အခွင့် အလမ်း တွေ အများကြီး ပေါ်လာ ခဲ့ ပါပြီ ။ ဒါကို ကောင်းကောင်း အသုံးချနိုင် ဖို့ ကတော့ တွမ်ဇီဘီ ရဲ့ တာဝန် ပါပဲ ။

ဆောက်သမ်တန် ဟာ ယူနိုက်တက် နဲ့ နောက်ဆုံး ဆုံတွေ့ ခဲ့တဲ့ ၅ ပွဲ မှာ ၃ ပွဲ ရှုံးပြီး ၂ ပွဲ သရေကျထားခဲ့ ပါတယ် ။ ဒါကြောင့် စိန့်မေရီ ခရီးစဉ် ဟာ ယူနိုက်တက် အတွက်တော့ သောက များမယ့် ခရီး ဖြစ်လာဖို့ နည်းနိုင် ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် တို့ မမေ့သင့်တာက အခု အချိန် မှာ ဘယ်အသင်းက မှ ယူနိုက်တက် ကို အံ့တုဖို့ စိုးထိတ် မနေ တော့ဘူးဆိုတာ ပါပဲ ။ ကိုယ် ပေါ့ ရင် ကိုယ်ပဲ ခံသွားရမှာပါ ။

ဆောက်သမ်တန် နဲ့ ပွဲမှာ မြင်တွေ့ ရဖွယ် ရှိတဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်း –
၄-၂-၃-၁
ဒီဂီယာ
ဘစ်ဆာကာ ၊ လင်ဒီလော့ဖ် ၊ မက်ဂွဲယား ၊ ယန်း
ပေါ့ဘာ ၊ တော်မီနေး
ရက်ဖိုဒ့် ၊ လင်ဂတ် ၊ ဂျိမ်းစ်
ဂရင်းဝုဒ်

SPORTS MYANMAR