Smalling

အီတလီ ထိပ်သီး အသင်းတသင်းဖြစ်တဲ့ ရိုးမား တို့ဟာ ယူနိုက်တက် အသင်းရဲ့ ခံစစ် မှူး တဦးဖြစ်တဲ့ စမောလင်းကို တရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တယ် လို့ အတည်ပြုသွားခဲ့ပါတယ်။အသက် ၂၉ နှစ်အရွယ် စမောလင်း အတွက် ရိုးမား အသင်းက ပေါင် ၂.၈ သန်းပေးချေခဲ့ရပြီး ကစားသမားဟာ ကျောနံပါတ် ၆ ဝတ်ဆင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

စမော လင်းဟာ မူလက အီတလီစီးရီးအေ ပြိုင် ပွဲမှာ သွားကစားရဖို့ ကို စိတ်သိပ်မပါပုံ ရခဲ့ပေမယ့် နောက်ပိုင်း မှာတော့ သူ့အတွက် အကောင်းဆုံး ရွေးချယ်စရာတခု အဖြစ်ရှိနေခဲ့ လို့ လက်ခံခဲ့တာဖြစ်ပါတယ်။သူဟာ အခုနွေရာသီ မှာ ပြောင်းရွှေ့ကြေး အလုံး အရင်း နဲ့အိုးထရက်ဖို့ဒိကို ရောက်ရှိလာတဲ့ မက်ဂွိုင်းယားကြောင့် ရာသီ အစပွဲတွေကိုဆက်တိုက် လွဲချော်နေခဲ့ရတာလည်းဖြစ်ပါတယ်။

ဖူလ်ဟမ် အသင်းကနေယူနိုက်တက် အသင်းထံကို ၂၀၁၀ ခုနှစ်ကတည်းက ပြောင်းရွှေ့ရောက် ရှိနေခဲ့ စမောလင်းဟာ
နောက်ပိုင်းနှစ်တွေ အတွင်း အသင်းခေါင်းဆောင်တဦး အဖြစ်လည်း ဦးဆောင်ထားခဲ့သေးတာဖြစ်ပါတယ်။သူဟာ အီတလီ မြေကို သွားရောက်ခါနီးမှာတော့ ယူနိုက်တက် ပရိသတ်တွေအတွက် နှုတ်ဆက်စကားဆိုသွားခဲ့ပါတယ်။

ယူနိုက်တက် တရားဝင် ဝက်ဘ်ဆိုက်ဒ်နဲ့ အင်တာဗျူး မှာ စမောလင်းက – ” ဒါဟာကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ အခွင့်အရေးတခုဖြစ်ပါတယ်။လိဂ်ပြိုင်ပွဲအသသစ်တခု မှာ အတွေ့အကြုံရယူနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

ရည်မှန်းချက်ကြီးမားတဲ့ အသင်းတသင်းနဲ့ အတူ ကစားသွားရမှာဖြစ်လို့ လည်း ကျွန်တော့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီခဲ့ပါတယ်။ကျွန်တော်အခုဆိုရင် အသင်းဖော်သစ်တွေ နဲ့ ပူးပေါင်းဖို့ မစောင့်နိုင်အောင်ဖြစ်နေပြီး အဲ့ဒီမှာကောင်းကောင်းစွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်မိပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

စမောလင်းကို ရရှိလိုက်တဲ့ အပေါ် ရိုးမား အသင်းရဲ့ အားကစားဒါရိုက်တာ ပီထရာချီက – ” စမောလင်းလို ကစားသ မားမျိုးကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့ ကျေနပ် ပျော်ရွှင်မိပါတယ်။သူဟာ အတွေ့အကြုံရင့် ကစားသမားတဦးလည်းဖြစ်ပါတယ်။သူဟာ ရိုးမား အသင်း လူစာရင်းရဲ့ တိုးတက် မှုကို ကူညီပေးနိုင်မှာဖြစ်သလို တွဲဖက်ကစားမယ့်သူတွေကိုလည်း အထောက်အကူပေးနိုင်မယ်လို့ ထင်ပါတယ်” လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။

ယူနိုက်တက် နည်းပြကြီး ဆိုးလ်ရှားကတော့ စမောလင်းကို ဘာကြောင့် အငှားချခဲ့တယ်ဆိုတာကို ပွဲကြို မီဒီယာတွေ့ဆုံပွဲ မတိုင်မီ အင်တာဗျူးတခုမှာဖြေသွားခဲ့ပါတယ်။MUTV နဲ့မေးမြန်းခန်း တခုမှာ ဆိုးလ်ရှားက –

” လတ်တလော ကျွန်တော်တို့ အသင်းမှာ ဗဟိုခံစစ်ကစားသမား ၆ယောက်လောက်ရှိနေပါတယ်။ဒီအပြောင်းအရွှေ့ဟာ
လာမယ့်ရက်ပိုင်းအတွင်း ပြီးဆုံးတော့မယ့် ဥရောပဈေးကွက် ရဲ့ အဆုံးသတ်ကာလဆီကိုသွားနေတုန်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတခုဖြစ်ပါတယ်။

စမောလင်းအနေနဲ့ အီတလီမြေကို သွားဖို့ အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။သူ့အတွက် အတွေ့အကြုံသစ်ဖြစ်သလို
စွန့်စားခန်း အသစ်လည်းဖြစ်ပါတယ်။ရိုးမားဆိုတာ အသင်းကြီးတသင်းဖြစ်လို့ လည်း သူဟာပိုကောင်းတဲ့ အနေအထားမျိုးနဲ့ ပြန်ရောက်လာပါလိမ့်မယ်။

 

စီးရီးအေ မှာ ကစားနေခဲ့ဖူးတဲ့ အင်္ဂလန် သားတွေ အများကြီးရှိပါတယ်။ဒါကြောင့် လည်း စမောလင်းအနေနဲ့ အဲ့ဒီမှာ ကစားရတာကို ပျော်ရွှင် နှစ်သက်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ရိုးမား အသင်းဟာ စီးရီးအေ ရာသီသစ် အဖွင့်ပွဲမှာ ဂျီနိုအာ အသင်းကို ၃ဂိုးစီသရေသာကစားနိုင်ခဲ့လို တမှတ်သာရရှိထားပါတယ်။သူတို့ဟာ အခုအပတ် ပွဲစဉ်အဖြစ်တော့ လာဇီယိုနဲ့ ရောမဒါဘီကို ဆင်နွှဲသွားရမှာဖြစ်ပါတယ်။

SPORTS MYANMAR