Jorginho

• မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ မက်ဇ် နဲ့ ပီအက်စ်ဂျီ တို့ ပွဲစဉ်မှာတော့ ကွင်းအတွင်းမှာ လိင်ပိုင်းဆိုင်ရာ ခွဲခြားတဲ့ ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြခဲ့တာကြောင့် ပွဲကို ခေတ္တ ရပ်ဆိုင်းခဲ့ရပါတယ်။ လတ်တလော ပြင်သစ်မှာ လိင်ပိုင်းဆိုင်ရာ ခွဲခြားမှုတွေ ဆက်တိုက် ပေါ်ပေါက်နေသလို ၊ လီဂူးဝမ်း ပွဲစဉ် တစ်ချို့ဟာ အခုလို ခေတ္တရပ်ဆိုင်းမှုတွေ နဲ့ မကြာခဏ ကြုံရလျှက် ရှိနေပါတယ်။ ဒီပွဲမှာ တိုက်စစ် ပြသနာတွေ ရှိနေတဲ့ ပီအက်စ်ဂျီ ကပဲ 0-2 နဲ့ အနိုင်ရရှိ သွားခဲ့ပြီး ၊ အသင်းအတွက် သွင်းဂိုးတွေကို ချူပိုမိုတင်း နဲ့ ဒီမာရီယာ တို့က သွင်းယူ ပေးသွားခဲ့ ပါတယ်။

Metz’ supporters hold banners during the French L1 football match between Metz (FCM) and Paris (PSG) at the Saint Symphorien stadium in Longeville-les-Metz, eastern France, on August 30, 2019. – The match was halted by referee during several minutes after supporters brandished a homophobic banner. (Photo by JEAN-CHRISTOPHE VERHAEGEN / AFP)

• ဥရောပ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူတွေ ကတော့ အဝေးကွင်းကို လိုက်ပါ အားပေးတဲ့ ပရိသတ်တွေ အနေနဲ့ လက်မှတ် ကုန်ကျစာရိတ်တွေ သက်သာစေဖို့ အတွက် ဈေးလျှော့ပေးမယ့် အကြောင်း တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ကြေငြာချက် အရ ချန်ပီယံလိဂ် အဝေးကွင်း လက်မှတ်ဈေးဟာ ယူရို သန်း 70 ထက် များမှာ မဟုတ်သလို ၊ ယူရို ပါလိဂ် လက်မှတ် ဈေးကလဲ 45 ယူရို ထက် များပြားမှာ မဟုတ်ပါဘူး။

• ၀က်စ်ဟမ်း အသင်းဟာ သူတို့ရဲ့ အသက် 26 နှစ် အရွယ် ကွင်းလယ် ကစားသမား လန်ဇီနီ ကို 2023 ခုနှစ် အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အလိုအလျှောက် သက်တမ်းတိုးခွင့် 2 နှစ် ကိုပါ စာချုပ်မှာ ထပ်မံ ထည့်သွင်း သွားခဲ့ ပါတယ်။

• ပါးမား အသင်းဟာ ယူနိုက်တက် အသင်းရဲ့ အသက် 29 နှစ် အရွယ် အီတလီ နောက်တန်း ကစားသမား ဒါမီယန် ကို ပြောင်းရွှေ့ကြေး ပေါင် 1.4 သန်း နဲ့ ခေါ်ယူဖို့ အတွက် အလွန်ကို နီးစပ်နေပြီ ဖြစ်ပါတယ်။ ကစားသမားကလဲ အနည်းဆုံး 3 နှစ် စာချုပ် ချုပ်ဆိုခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။

• ပီအက်စ်ဂျီဟာ နေမာ အသင်းပြောင်းသွားမယ် ဆိုပါက သူ့ရဲ့ နေရာကို ချက်ခြင်း အစားထိုးဖို့ စပါး က အဲရစ်ဆင် နဲ့ ဂျူဗီ က ဒီဘားလား တို့ ကို ပစ်မှတ်ထားလျှက် ရှိနေပါတယ်။ နေမာ ရဲ့ အပြောင်းအရွှေ့ ကိစ္စအတွက် ညှိနှိုင်းဆွေးနွေးနေဆဲလို့ ယုံကြည်ရသလို ၊ အဆိုပါ ကစားသမား နှစ်ယောက် ကလဲ စာချုပ် ကိစ္စ အဆင်ပြေပါက ချက်ခြင်း ခေါ်ယူလို့ ရနိုင်မယ့် သူတွေ ဖြစ်ပါတယ်။

• အာဆင်နယ် အသင်းရဲ့ ကွင်းလယ် ကစားသမား အယ်နန်နေ ဟာ ဘက်ဆစ်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ အတွက် တူရကီကို သွားရောက်နေပြီ ဖြစ်ပါတယ်။ သတင်းတွေ အရ သူဟာ တစ်ရာသီ အငှားနဲ့ ကစားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

• နာပိုလီ အသင်းဟာ စပါး နဲ့ လမ်းခွဲထားခဲ့တဲ့ အသက် 34 နှစ် အရွယ် တိုက်စစ်မှုး လိုရန်တီ ကို 2 နှစ် စာချုပ် နဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေတဲ့ သတင်းတွေ ထွက်ပေါ်လျှက် ရှိနေပါတယ်။ သူဟာ ဂျူဗီမှာ ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်း တစ်ဦးလဲ ဖြစ်ပါတယ်။

• နော့ဝှစ်ခ်ျကို အနိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ချဲဆီး ပရိသတ်တွေက ဂျော်ဂင်ဟို ရဲ့ အမည်ကို အော်ဟစ်ကာ အားပေးသံတွေ ကြားရတဲ့ အတွက် နည်းပြ လမ်းပတ်က ကျေနပ်လျှက် ရှိနေပါတယ်။ ဂျော်ဂင်ဟို ဟာ နည်းပြဟောင်း ဆာရီ လက်ထက် ကတော့ မွေးစားသား ဆိုပြီး ချဲဆီး ပရိသတ်တွေ ရဲ့ သမုတ်တာ ခံခဲ့ရသူ ဖြစ်တာကြောင့် ၊ အခုလို ပရိသတ်တွေ က အမြင် ပြောင်းလဲ လာတဲ့ အပေါ် လမ်းပတ်က ၀မ်းသားနေတာ ဖြစ်ပါတယ်။

• ဖီအိုရင်တီးနား အသင်းဟာ ဂျူဗီ နဲ့ လမ်းခွဲထားခဲ့တဲ့ နောက်တန်း ကစားသမားကြီး ကာဆာရက် ကို တရားဝင် ခေါ်ယူ စာချုပ် ချုပ်ဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ကွန်တီရဲ့ လက်ထက်မှာ နေရာ မရဖွယ် ရှိနေတဲ့ တောင်ပံ ကစားသမား ပိုလီတာအို ကိုလဲ ထပ်မံ ခေါ်ယူဖို့ ကြိုးစားလျှက် ရှိနေပါတယ်။

• ပြင်သစ် သတင်းအချို့ ကတော့ ဘာစီလိုနာ ဟာ နေမာ ရဲ့ အပြောင်းအရွှေ့ အတွက် ပီအက်စ်ဂျီ က တောင်းဆိုတဲ့ ပမာဏမျိုး လိုက်လျောပေးနိုင်ခြင်း မရှိတာကြောင့် နောက်ဆုတ်သွားခဲ့ပြီ ဖြစ်တယ်လို့ ဖော်ပြလျှက် ရှိနေပါတယ်။ ပီအက်စ်ဂျီဟာ နေမာ အတွက် ယူရို သန်း 130 + ရာကီတစ် + ဒမ်ဘီလီ + တော်ဘီဒို တို့ကို တောင်းဆိုသွားခဲ့တာလို့ ဆိုပါတယ်။

• ပေါ်တူဂီ သတင်းတွေမှာတော့ ရီးရဲ မက်ဒရစ်ဟာ စပို့တင်း ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက် ကို ယူရို သန်း 70 နဲ့ ခေါ်ယူဖို့ အလွန်ကို နီးစပ်နေတယ်လို့ ဖော်ပြနေပါတယ်။

SPORTS MYANMAR