David Luiz

ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် ကစားခဲ့တဲ့ ပွဲစဥ်မှာ လီဗာပူး အသင်း က အာဆင်နယ် အသင်းကို အန်ဖီးလ် မှာ ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲ မှာ အမှား များခဲ့တာကတော့ အာဆင်နယ် အသင်းရဲ့ နောက်ခံလူသစ် ဒေးဗစ်လုဇ်ဖြစ်ပြီး သူ့ရဲ့ အမှား၂ကြိမ်ကနေ ဆာလတ်က သွင်းဂိုး ၂ဂိုးသွင်းယူသွားခဲ့ တာလည်း ဖြစ်ပါတယ်။

David Luiz

ရာသီ အစမှာ နိုင်ပွဲတွေရနေခဲ့တဲ့ အာဆင်နယ် အသင်းအတွက် လီဗာပူး ကိုရှုံးနိမ့်အပြီး နောက်ထပ် ပွဲကျပ် တပွဲက စောင့်ကြိုနေတာဖြစ်ပါတယ်။ဒါကတော့ ခါးသီး မြို့ခံပြိုင်ဘက် စပါးနဲ့ ကစားရမယ့် မြောက်လန်ဒန် ဒါဘီပွဲစဉ် ပဲဖြစ်ပါတယ်။

စပါး အသင်းရဲ့ တိုက်စစ် မှူး ဟယ်ရီကိန်း ကတော့ လတ်တလော ရုန်းကန် နေရတဲ့ ဒေးဗစ်လုဇ် တဦးတည်းကိုပဲ အသုံး ချနိုင်ဖို့ ပစ်မှတ်ထားသွားမှာ မဟုတ် ဘူး လို့ ဆိုပါတယ်။စပါး တို့ဟာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲ ၃ပွဲအပြီး ၅မှတ်အထိ လျော့ထားခဲ့ပြီဖြစ်လို့လည်းချန်ပီယံဆုပြေးလမ်းပေါ် ပြန်ရောက်နိုင်ဖို့ အသင်းဖော်တွေကို သူက တောင်းဆိုလိုက်ပါတယ်။

ဒေးဗစ်လုဇ်ဟာ ချဲဆီးလ် အသင်းမှာ ရှိနေ စဉ် ပြီးခဲ့တဲ့ ရာသီ တုန်းကလည်း စပါးနဲ့ ပွဲမှာ ရုန်းကန်ထားခဲ့ရသေးတာဖြစ်ပါတယ်။ဒါပေမယ့်မြောက်လန်ဒန်ဒါဘီ ၉ပွဲကစား ၉ဂိုးသွင်းယူပေးထားတဲ့ ကိန်းကတော့ ဒီဘရာဇီးလ်သားတဦးတည်းကို ပဲ ပစ်မှတ်ထားမှာမဟုတ်ဘူး လို့ အခိုင်အမာဆိုပါတယ်။

Daily Mail နဲ့အင်တာဗျူး မှာ ဟယ်ရီကိန်းက – “ကျွန်တော်တို့ဟာ ကစားသမား တဦးတည်းကို ပဲ အသုံးချနိုင်ဖို့ သီးသီးသန့်သန့် ပစ်မှတ်ထားတာမျိုး ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ဒေးဗစ်လုဇ်ဟာ အရမ်း အရမ်းကောင်းတဲ့ ကစားသမားတဦး လို့ လည်း ကျွန်တော်ထင်ပါတယ်။

Kane

ကျွန်တော်တို့တွေအားလုံးဟာ ပရော်ဖက်ရှင်နယ်တွေဖြစ်ကြပြီး အားလုံးက အမှား တွေ ကျူးလွန်ဖူးကြသလို ခြေစွမ်းပိုင်း ဆိုးရွားမှု တွေလည်း ရှိထားခဲ့ဖူးကြပါတယ်။ဒါကြောင့်လည်း တနင်္ဂနွေ နေ့ ပွဲဟာ သူ့အတွက် ကောင်းမွန်တဲ့ ပွဲတပွဲ မဖြစ်နိုင်စရာ အကြောင်းတော့ မရှိပါဘူး။ကျွန်တော်တို့ အသင်းအနေနဲ့ ကတော့ ကာင်းမွန်တဲ့ ခြေစွမ်းကောင်းနဲ့ အတူ အဝေးကွင်းကို လာရောက်ကစားနိုင်မယ်လို့ မျှော်လင့်ထားပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

စပါး အသင်းဟာ နယူးကာဆယ်အသင်းကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့ရလို့ ဦးဆောင်သူ လီဗာပူး အသင်းနဲ့ ၅မှတ်အထိကွာဟသွားခဲ့ရတာဖြစ်ပါတယ်။ကိန်းကတော့ စပါး အသင်းဟာ ပြိုင်ဘက်ဂိုး ဧရိယာ အတွင်း အသုံးချနိုင်စွမ်း နည်းပါးနေခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ကိန်းက ဆက်လက်ပြီး – ” အကြောင်းပြချက် တွေ အများကြီး ထဲက တခုကြောင့် ပေးလိုက်ရတဲ့ လောင်းကြေးကကြီးမားပါတယ်။ကျွန်တော်တို့ဟာ လီဗာပူး အသင်းနဲ့ အမှတ်အများကြီးမ ကွာဟချင်ကြဘူးဆိုတာ အားလုံးအသိပါပဲ။အထူး သဖြင့်နိုင်ငံပွဲတွေမတိုင်မီ ကစားရမယ့် အဝေးကွင်းပွဲမျိုးမှာဖြစ်ပါတယ်။

မကောင်းတဲ့ စိတ်ခံစားမှုမျိုးတွေပြန်ပြီး မခံစားချင် ကြသလိုပဲ ဖိအားတွေလည်ပိုပြီးမဖြစ်ကြပါဘူး။ဒီလိုပွဲမျိုးကို အနိုင်ရခဲ့ရင် ကျွန်တော်တို့ရဲ့ စွမ်းအင်ကို တိုးလာစေပြီး ပရိသတ်တွေကို လည်း အားတက်စေနိုင်ပါတယ်။ဒါကြောင့်လည်း ချန်ပီယံ လည်းကြောင်းပေါ် ပြန်ရောက်ပြီး အဟုန်ကောင်းကို ဖြစ်စေနိုင်ပါတယ် ” လို့ပြောခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ပွဲမှာ ပြောစရာဖြစ်ခဲ့တာကတော့ လက်စ်ဆယ်လက်စ် ရဲ့ပြစ်ဒဏ်ကျူးလွန်မှုကို ဟယ်ရီကိန်းခံခဲ့ရပေမယ့် ပင်နယ်တီမရခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိဂ်မှာ VAR စနစ်ကို စတင် သုံးစွဲနေပြီဖြစ်ပေမယ့် အချိန်ယူရဦး မှာဖြစ်တယ်လို့ ကိန်းကဆိုပါတယ်။

VAR နဲ့ ပတ်သက်ပြီးကိန်းက – ” ဒီစနစ် ကြောင့် ဒိုင်လူကြီး တွေကို ယုံကြည်မှု လျော့နည်းစေတာ တွေ မခံစားစေရလောက်တဲ့ အဆင့်အတခုအထိရောက်ဖို့ အရေးကြီးပါတယ်။ဒီစနစ်က သူတို့ကို ကူညီဖို့ ဆိုတာမှန်ပေမယ့် လက်ရှိအချိန်မှာတော့ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ မဆန့်ကျင်ချင်တဲ့ အဆင့်တခုမှာပဲရှိနေသေးတာဖြစ်ပါတယ်။ဒီနေရာမှာ တိုးတက်မှုရှိဖို့ လိုနေတာဖြစ်ပါတယ်။

ဒါပေမယ့် အခုမှ အစပိုင်းပဲ ရှိသေးတာဖြစ်လို့ နောက်ပိုင်းမှာ အမှားတွေပြင်ဆင်သွားနိုင်မယ်လို့ ထင်ပါတယ်။၅၀/၅၀ အနေအထားမျိုးတွေကို မဆိုလိုပေမယ့် ဒီစနစ် ကသာ ဒိုင်တွေကိုပိုပြီး အကူအညီပေးနိုင်လေလေ ပွဲတွေအတွက်ပိုကောင်းလေလေပါပဲ ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR