Liverpool

ဘန်လေ မန်နေဂျာ ရှောင်ဒိုက်က လီဗာပူး ဗဟို နောက်ခံလူ ဗာဂျယ်ဗန်ဒိုက် ရဲ့ ခေါင်းဆောင်မှု အရည်အသွေး ၊ စည်းရုံးမှုကောင်းမွန်တဲ့ အရည်အသွေးကို ချီးကျူး ပြောဆို သွားခဲ့ပါတယ်။ နယ်သာလန် ကစာသမားဟာ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် လီယွန်နယ်မက်ဆီ ၊ ခရစ်စတီယာနို ရော်နယ်ဒို တို့ကို ကျော်ဖြတ်ကာ မိုနာကိုမှာ အောင်ပွဲခံ နိုင်ခဲ့ပါတယ်။

Klopp

ဒီအတွက်ကြောင့်လည်း ဆောက်သမ်တန် နောက်ခံလူဟောင်းဟာ ယခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့် ဖီဖာဘလွန်းဒီအောဆု အတွက် ရေပန်းအစားဆုံး ဖြစ်သွားခဲ့ပြီး ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူးကို ချန်ပီယံလိဂ် ဖလား အပြင် ၊ ပရီးမီးယားလိဂ် မှာ စံချိန်တင်ရမှတ် ၉၇ မှတ်ထိ ရယူပေးခဲ့ပြီး PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ဆွတ်ခူး ခဲ့ပါသေးတယ်။

ယနေ့ည ဒီရာသီ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားတဲ့ လီဗာပူးနဲ့ တပ်မိုးမှာ ကစားရမယ့် ပွဲမတိုင်မီ ရှောင်ဒိုက်က အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ပိုမို သြဇာ ကြီးမားလာပြီး အခုဆိုရင် အကောင်းဆုံး ဗဟိုနောက်ခံလူတွေမှာ ရှိသင့်တဲ့ ခေါင်းဆောင်မှု စွမ်းရည်ကိုပါ ပိုင်ဆိုင် ထားတယ်လို့ ဆိုလိုက်ပါတယ်။

ရှောင်ဒိုက်က “လီဗာပူးဟာ ခံစစ်ပိုင်း နဲ့ ဆိုင်တဲ့ အပိုင်းတွေမှာ အင်အား ကောင်းလာ ခဲ့ပါတယ်။ ကျွန်တော် ကတော့ စုစည်းမှု အပိုင်းမှာ သူတို့ဟာ တိုးတက်လာခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဗန်ဒိုက်ဟာ မှန်ကန် သင့်တော်တဲ့ ချီးကျူးမှု အများအပြားကို ရရှိ ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ သူဟာ အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် စုစည်းမှုပိုင်းမှာ လီဗာပူးဟာ တိုးတက် လာခဲ့တယ်လို့ ထင်ပါတယ်။

ဗန်ဒိုက်ဟာ ကဏ္ဍတိုင်းမှာ ထိပ်တန်း ကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ သူ့ကို အပြင်ဘက်က ကြည့်လိုက်မယ် ဆိုရင်တောင် သူ့ရဲ့ ခေါင်းဆောင်မှု အရည်အသွေးနဲ့ အသင်းရဲ့ နောက်တန်းကို သူဦးစီး နေတဲ့ ပုံစံဟာ လီဗာပူးကို တိုးတက် စေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ အဝေးက မြင်တဲ့ ကျွန်တော့်ရဲ့ နှစ်သက်မှု ပါပဲ။

သူဟာ အရာအားလုံးကို ပိုပြီး စုစည်းမှု အားကောင်း စေသလို ၊ အရှိန်အ၀ါ ကလည်း ပိုကြီးလာ ခဲ့ပြီး ဒါဟာ အကောင်းဆုံး ဗဟို နောက်ခံလူတွေမှာ ရှိသင့်တဲ့ အရာတွေ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူး နည်းပြ ယာဂန်ကလော့ဟာ ဘန်လေ အသင်းရဲ့ ကစားပုံ ကြမ်းတမ်းမှုနဲ့ ပက်သက်ပြီး ဝေဖန်မှု ရှိခဲ့ပေမယ့် ကွင်းလယ်လူ ဂျက်ကော့ ကတော့ သူတို့ အသင်းရဲ့ ကစားပုံကို ကာကွယ်လိုက်ပြီး ဘာအမှားအယွင်းမှ မရှိဘူးလို့ ယုံကြည် နေပါတယ်။ ကလော့ဟာ ပြီးခဲ့တဲ့ ရာသီက ဘန်မီးရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် ခြေကျိုးခဲ့ပြီး အဆိုပါ ပွဲပြီးနောက် ဘန်လေရဲ့ အန္တရာယ် ရှိတဲ့ လျှောထိုး ဖျက်ထုတ်မှုတွေကို ညီးတွား သွားခဲ့ပါတယ်။

ကော့က ဘန်လေဟာ ကြံ့ခိုင်မှု အရမ်း အားပြုလွန်းတယ် ဆိုကာ မမျှမတ ဝေဖန်ခံနေရတယ်လို့ ခံစား မိနေပြီး လီဗာပူး နဲ့ မန်စီးတီး တို့ ဆိုရင်လည်း ပြိုင်ဘက်ရဲ့ တန်ပြန် တိုက်စစ်တွေကို ရပ်တန့်ပစ်ဖို့ အတွက် ပြစ်ဒဏ်ဘောတွေ ကျူးလွန်လေ့ ရှိကြတယ်လို့ တုန့်ပြန် သွားပါတယ်။

ကော့က “အဲဒီအချိန်တုန်းက ဆိုးရွားတဲ့ ဖျက်ထုတ်မှုလို့တော့ ကျွန်တော် မထင်မိ ပါဘူး။ ဒီလိဂ်မှာ ရှိတဲ့ အသင်းအားလုံးဟာ ဒီလို ဖျက်ထုတ်မှုမျိုး လုပ်နေကြတယ်လို့ ကျွန်တော် မြင်နေ ရပါတယ်။ ကျွန်တော်တို့ အလှည့်ကျမှ အနည်းငယ် ပိုပြီး ထောက်ပြ နေကြတယ်လို့ ထင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဖြေရှင်း သွားရမယ့် အရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ရှောင်ပုန်း သွားလို့ ရမယ့် အရာမဟုတ်ပါဘူး။

ဒီလို ခေါင်းစဉ် တပ်မှုမျိုးကို ဘယ်သူမှ မလိုချင်ပါဘူး။ ကျွန်တော်တို့ဟာ အခြား အသင်းတွေ လိုပဲ ပွဲကို အကောင်းဆုံး ကစားဖို့ ကြိုးစား နေကြလို့ပါ။ ခင်ဗျားတို့ မန်စီးတီးကို ကြည့်လိုက်ပါ။ လီဗာပူးကို ကြည့်လိုက်ပါ။ high pressing ကစားလေ့ ရှိတဲ့ ထိပ်တန်း အသင်းကြီးတွေကို ကြည့်လိုက်ပါ။ သူတို့ ရှေ့မှာ ဘောလုံး ဆုံးရှုံး သွားတာနဲ့ တစ်ပြိုင်နက် တန်ပြန် တိုက်စစ် မမိဖို့ အတွက် တစ်စုံတစ်ဦးဟာ ပြစ်ဒဏ် ကျူးလွန်လေ့ ရှိပါတယ်။

ဒါဟာ သူတို့ရဲ့ ကစားဟန် ဖြစ်ပါတယ်။ သူတို့ဟာ ဒီလို ပြစ်ဒဏ်ကျူးလွန်တဲ့ ပုံစံနဲ့ အသာစီး ရယူ ကြပါတယ်။ ကျွန်တော်တို့လို အသင်းတွေနဲ့ နေရာကွဲ သွားတာပဲ ရှိပါတယ်။ သူတို့ကတော့ ဒါကို လုံလောက်တဲ့ ထောက်ပြမှုတွေ မခံ ရပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ပွဲအတွင်းမှာ ဘောလုံး ပိုင်ဆိုင်မှု အများကြီး ယူထား ကြလို့ပါ။” လို့ ဆိုလိုက်ပါတယ်။

SM