မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ နံနက် ဆဲလ် ဟာ့စ် ပါ့ခ် ကွင်း မှာ ခရစ္စတယ် ပဲလေ့စ် အသင်း နဲ့ ရင်ဆိုင် က စားခဲ့ ရပြီး အဆိုပါ ပွဲစဉ် မှာ တော့ 1 – 3 ဆိုတဲ့ အဝေး ကွင်း နိုင်ပွဲ ကို ရယူ နိုင်ခဲ့ ပါတယ် ။











Sports_Myanmar

Unicode

အသက် 17 နှစ် အရွယ် ကွင်းလယ် ကစားသမားလေးကို မိုက်ကယ် ကာရစ်နဲ့ ခိုင်းနှိုင်း ချီးကျူးလိုက်တဲ့ #ဆိုးလ်ရှား

==================

မန်ချက်စတာ ယူူနိုက်တက် အသင်း ဟာ ဒီနေ့ နံနက် ဆဲလ် ဟာ့စ် ပါ့ခ် ကွင်း မှာ ခရစ္စတယ် ပဲလေ့စ် အသင်း နဲ့ ရင်ဆိုင် က စားခဲ့ ရပြီး အဆိုပါ ပွဲစဉ် မှာ တော့ 1 – 3 ဆိုတဲ့ အဝေး ကွင်း နိုင်ပွဲ ကို ရယူ နိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ ဖြစ်သူ အိုလီ ဂန်နာ ဆိုးလ်ရှား ဟာ ပြီးခဲ့ တဲ့ တစ်ပါတ် က လီဗာပူး အသင်း နဲ့ ကစား ခဲ့ ရတဲ့ ပွဲစဉ် မှာ အသင်း ရဲ့ အဓိက ကွင်းလယ် ကစားသမား သုံးဦး ကို ဒဏ်ရာ ကြောင့် ဆုံးရှုံး ခဲ့ ရတဲ့ အတွက် ဒီနေ့ ပွဲစဉ် မှာ ဖရက်ဒ် နဲ့ မက် တော်မီနေး တို့ကို ကွင်းလယ် ခံစစ် ကစားသမား အဖြစ် ထည့်သွင်း ကစား စေခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် ရဲ့ ပွဲချိန် 89 မိနစ် ရောက်ချိန် ၊ အနိုင် ရလဒ် ရရှိ ဖို့ သေချာ သလောက် ဖြစ် သွားတဲ့ အခါ ဆိုးလ်ရှား ဟာ ဖရက်ဒ် ကို လူစား လဲခဲ့ ပြီး အသက် 17 နှစ် အရွယ် ကွင်းလယ် လူ ဂျိမ်းစ် ဂါနာ ကို ပထမ ဆုံး အကြိမ် အဖြစ် ပါဝင် ကစား စေခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ပွဲချိန် ခန သာ ပါဝင် ကစား ခဲ့ ရတဲ့ ဂါနာ ရဲ့ ကောင်းမွန် တဲ့ လျှောထိုး ဖြတ်ထုတ် မှု ကို မြင်တွေ့ ခဲ့ အပြီး မှာ တော့ ဆိုးလ်ရှား ဟာ အသက် 17 နှစ် အရွယ် ကွင်းလယ် က စားသမား လေး ကို ချက်ချင်း ပဲ ယူနိုက်တက် ရဲ့ မော်ဒန် ကွင်းလယ် ကစားသမား ဟောင်း ဖြစ်တဲ့ မိုက်ကယ် ကာရစ် နဲ့ ခိုင်း နှိုင်း ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

” သူ ( ဂါနာ ) ဟာ တစ်ကယ့် ကို တောက်ပ ကောင်းမွန် တဲ့ အနာဂတ် တစ်ခု ကို ပိုင်ဆိုင် နိုင် လိမ့်မယ် လို့ ကျွန်တော် ထင်နေ ပါတယ် ။ သူ အလုပ် ကို ဒီ အတိုင်း ဆက် လုပ်ဖို့ ပဲ လိုအပ် ပါတယ် ။ ကျွန်တော် တို့ သူ့ကို ယုံကြည် ကြတယ် ဆိုတာ သူ ကောင်းကောင်း သိတယ် လေ ”

” ကျွန်တော် တို့ သူ့ကို မိုက်ကယ် ကာရစ် လက်သစ် ကစား သမား ဖြစ်လာ မဲ့ သူလို့ ယုံမှတ် နေကြ ပါတယ် ။ သူဟာ အခု မှ ကလေး တစ်ယောက် ပဲ ရှိပါ သေးတယ် ”

” သူ့လို တက်သစ် စ ကစားသမား လေး တစ်ဦး ကို မိုက်ကယ် ကာရစ်လို ခမ်းနား တဲ့ ကစား သမား တစ်ဦး နဲ့ နှိုင်းယှဉ် တာ မမျှတ မှန်း တော့ ကျွန်တော် သိ ပါတယ် ။ ဒါပေမဲ့ သူဟာ ကာရစ် နဲ့ တူညီ တဲ့ ပုံစံ တွေ ပိုင်ဆိုင် ထား ပါတယ် ” လို့ ဆိုးလ်ရှား က ချီးကျူး သွား ခဲ့တာ ပဲ ဖြစ် ပါတယ် ။

အခု တော့ ဂါနာ ရဲ့ ဘယ်လို ကစား တာ ကို ကြည့်ရှု ရခြင်း က လက်ရှိ သူ နဲ့ အတူ လက်တွဲ အလုပ် လုပ် နေတဲ့ မိုက်ကယ် ကာရစ် ကို သတိ ရစေ သလား လို့ အမေး ခံလိုက် ရတဲ့ အချိန် ဆိုးလ်ရှား က …

” ခင်ဗျား တို့ ပွဲစဉ် မှာ မြင်တွေ့ နိုင် ပါတယ် ။ သူဟာ တစ်ကယ့် ကို ရိုးရှင်း လှတဲ့ ဘောလုံး ပေးပို့ မှုတွေ လုပ်နေ ခဲ့တာ ပါ ။ သူဟာ ဘေးစည်း တစ်လျောက် လှုပ်ရှား ကစား ခဲ့ ပါတယ် ။ ပွဲစဉ် တစ်လျောက် တော့ စကော့ ( တော်မီနေး ) တစ်ကယ့် ကို ကောင်းမွန် စွာ ကစား ပြ နိုင် ခဲ့တယ် လို့ ကျွန်တော် ထင် ပါတယ် ”

” ပွဲစဉ် တစ်လျောက် ပေါ့ဂ်ဘာ နဲ့ သူ နဲ့ ဘောလုံး အပေး အယူတွေ ပြုလုပ် ခဲ့ ကြတာ ဟာ တစ်ကယ့် ကို ကောင်းမွန် လှခဲ့ ပါတယ် ” လို့ ဆိုးလ်ရှား က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် တို့ နောက် တစ်ပါတ် ဆောက်သမ်တန် အသင်း နဲ့ ကစား ရမဲ့ ပွဲစဉ် မှာ ဂါနာ ဟာ နောက်ထပ် အခွင့် အရေး ကောင်းတွေ ပိုင်ဆိုင် နိုင်ဖွယ် ရှိ နေတယ် လို့ သတင်း တွေ ထွက်ပေါ် နေခဲ့ ပါတယ် ။

Sports_Myanmar