ချယ်လ်ဆီး အသင်း ဟာ ယနေ့ည ၈ နာရီခွဲ အချိန် မှာ တန်းတက် ရှက်ဖီးလ် ယူနိုက်တက် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ လက်ခံ ကစားရမှာ ဖြစ်ပြီး ဖရန့် လမ်းပတ် ဟလည်း သူ့ရဲ့ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ကို မဖြစ်မနေ ရှာဖွေ သွားဖို့ လိုနေပါတယ် ။ ထို ပွဲစဉ် ပြီးရင်တော့ နိုင်ငံ လက်ရွေးစင် အသင်း ပွဲစဉ် တွေ ရောက်လာတော့မှာ ဖြစ်လို့ ဒီပွဲ ကို မဖြစ်မနေ အနိုင် ကစားထားပြီး စိတ်ဓာတ် တက်အောင် လုပ်ထားရမှာ ဖြစ်ပါတယ် ။

ယနေ့ ညမှာ ရင်ဆိုင် ရမယ့် ရှက်ဖီးလ် ယူနိုက်တက် ဟာ တန်းတက် အသင်း ဆိုပေမယ့် ခံစစ် ကစားပုံ စနစ်ကျမှု ရှိတယ် ဆိုတာ အရှေ့ က ပွဲစဉ် တွေမှာ တွေ့မြင် ရမှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း နဲ့ အတူ ရမှတ် ၄မှတ် ရရှိ ထားပြီ ဖြစ်တဲ့ အတွက် ရှက်ဖီးလ် ယူနိုက်တက် ရဲ့ ခြေစွမ်း ကို လျှော့တွက် လို့တော့ မရပါဘူး ။

ခံစစ် ကစားပုံ အရမ်း ကောင်းတဲ့ ရှက်ဖီးလ် ယူနိုက်တက် အပေါ် ချယ်လ်ဆီး နည်းပြ လမ်းပတ် က ” ရှက်ဖီးလ် ဟာ ဒီနှစ် ဘောလုံး ရာသီ ကို ကောင်းမွန်တဲ့ စတင်မှု တွေနဲ့ ဖွင့်လှစ် ထားပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က သူတို့ရဲ့ ခြေစွမ်း အပေါ် ကျွန်တော် အတော်လေး မှင်သက် မိပါတယ် ။ သူတို့ ကစားပုံ စတိုင်လ် နဲ့ ကစားကွက် အနေအထား တွေကို ကျွန်တော် အတော်လေး သဘောကျ မိပါတယ် ။ ”

” ခရစ် ( ဝိုင်လ်ဒါ ) စွမ်းဆောင်ထားတဲ့ အနေအထား တွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော် တို့ဟာ ရှက်ဖီးလ် ယူနိုက်တက် ကို လျှော့မတွက်ဖို့ လိုပါတယ် ။ လက်ရှိ ရလဒ် တွေ အတွက် သူဟာ ချီးကျူးမှု တွေနဲ့ ထိုက်တန် သလို ၊ ခံစစ် တအား အသားပေး လွန်းတာ ကလည်း ဝေဖန်စရာ မဟုတ်ဘူး လို့ ထင်ပါတယ် ။ ဒီလိုမျိုး ကလပ် အသင်းငယ် တသင်း ကို ကိုင်ဖို့ အတွက် ဆိုရင် ခိုင်မာမှု ရှိတဲ့ ဖွဲ့စည်းပုံ နဲ့ ကစားပုံ အတိအကျ လိုအပ်ပါတယ် ။ ”

” နောက်ပြီး ခရစ် ဟာ ဒီ အသင်း အပေါ် အတော်လေး ချစ်မြတ်နိုးတဲ့ ပုံပါပဲ ။ ဒါကို ပြီးခဲ့တဲ့ ရာသီ ကျွန်တော် ဒါဘီ မှာ ရှိနေတုန်း က ရှက်ဖီးလ် ရဲ့ အိမ်ကွင်းမှာ သွားရောက် ရင်ဆိုင် ရတုန်းက ခံစား သိခဲ့ ရပါတယ် ။ သူနဲ့ ရင်ဆိုင် ရတာ အကြိတ်အနယ် ရှိတဲ့ ပြိုင်ပွဲ တပွဲ လို့ ယူဆ မိပါတယ် ။ ပြီးခဲ့တဲ့ အပတ် က နောဝှစ်ခ်ျ နဲ့ ရင်ဆိုင် ခဲ့ရသလို ကျွန်တော် တို့ အတွက် ပြိုင်ဖက်ကောင်း တသင်း နဲ့ ထပ်မံ ရင်ဆိုင် ရသလို ဖြစ်လာမှာပါ ။ ”

” ရှက်ဖီးလ် အသင်း ဟာလည်း စည်းစနစ် ကျတဲ့ အသင်း ဖြစ်တာကြောင့် ဒီနှစ် ဘောလုံး ရာသီ မှာ ပရီးမီးယားလိဂ် အသင်း တွေကို ဒုက္ခ ဆက်ပေး နေဦးမယ် လို့ ထင်ပါတယ် ။ လက်ရှိ သူတို့ ကစား နေတဲ့ နည်းစနစ် နဲ့ ကစားဟန် က တခြား အသင်း တွေမှာ အလုပ် ဖြစ်နိုင်မလား ကျွန်တော် မသိပါဘူး ။ ဒီလို ပုံစံ ကစား ပြနိုင်တဲ့ သူတို့ကို ခင်ဗျား တို့ ချီးကျူး ရမှာ ဖြစ်ပါတယ် ။ ဒီလို ကစားပုံမျိုး ကို သေသေသပ်သပ် ချပြ နိုင်တယ် ဆိုတာ ကျွန်တော် အရင် က မမြင်ဖူးတဲ့ အရာတွေပါ ။ ”

” တချို့ အခြေအနေ တွေမှာ နောက်လိုက် ထက် ဦးဆောင်သူ တွေမှာ ရနိုင်တဲ့ အကျိုး ကျေးဇူး တချို့ ရှိပါတယ် ။ မနှစ် က ကျွန်တော် ဟာ ချန်ပီယံရှစ် ပြိုင်ပွဲ မှာ အတော်လေး ခြေစွမ်း ကောင်းတဲ့ အသင်း တွေကို တွေ့ခဲ့ ရသလို ၊ သူတို့ တွေဟာ ကျွန်တော့ ကို ဆွဲဆောင် နိုင်ခဲ့ပါတယ် ။ သူတို့တွေ နဲ့ နည်းစနစ်ပိုင်း ၊ ကစားကွက် အပိုင်း အရ ပြိုင်ဆိုင် ရတာကို ကျွန်တော် ကြိုက်နှစ်သက် ပါတယ် ။ ”

” အဲ့ဒီ အသင်း တွေနဲ့ ရင်ဆိုင် ရတဲ့ အခါ ခင်ဗျား တို့ကို တိုက်စစ်ပိုင်း ၊ ခံစစ်ပိုင်း ၊ ထောင့် အစုံစုံ ကနေ ခြိမ်းခြောက်မှု တွေ ပေးနိုင်ပါတယ် ။ ဒါဟာလည်း လက်ခုပ်တီး ချီးကျူး သင့်တဲ့ ခြေစွမ်းမျိုး ဖြစ်ပါတယ် ။ ဒါပေမယ့် ကိုယ့်ဖက် ကလည်း သူတို့တွေ အပေါ် ဘယ်လောက် အထိ ဒုက္ခ ပေးနိုင်မလဲ ၊ ဘယ်လို တိုက်ခိုက် ကစားသွားမလဲ ဆိုတာ ပြင်ဆင် တတ်ဖို့ လိုပါတယ် ။ ပရီးမီးယားလိဂ် မှာတော့ တန်းတက် အသင်း တွေ အနေနဲ့ ဘယ်လောက် ထိ သူတို့ရဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင် စွမ်းအား ကောင်းသလဲ ဆိုတာ တချက် စောင့်ကြည့် ရမှာပါ ။ ”

” ဒါပေမယ့် တန်းတက် အသင်း တွေရဲ့ ပွဲစဉ် တွေကို ကြည့်ရှုတဲ့ အခါ သူတို့ရဲ့ ကစားပုံ တွေက စနစ်ရုံတင် မဟုတ်ပါဘူး ။ သူတို့ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ် နဲ့ တွန်းတွန်းတိုက်တိုက် ကစားပုံ တွေက အတော်လေး ကောင်းပါတယ် ။ ဒါဟာ ကစားသမား တွေရဲ့ ယုံကြည်မှု တွေနဲ့ ပေါင်းစပ်ပြီး ဖြစ်လာတာလို့ ကျွန်တော် ထင်ပါတယ် ။ လက်ရှိ ရှက်ဖီးလ် အသင်း အသုံးပြု နေတဲ့ ကစားပုံ စတိုင်လ် ကို ကျွန်တော် သဘောကျ နှစ်သက် မိပါတယ် ။ ”

” သူတို့ဟာ ပရီးမီးယားလိဂ် မှာ ဒီလို ခံစစ် အသားပေး ကစားပုံ နဲ့ အံဝင်အောင် ကစားပြ နိုင်မလား ဆိုတာ သက်သေ ပြနေပါတယ် ။ သူတို့ဟာ ကြည့်ရှုတဲ့ ပွဲကြည့် ပရိသတ် တွေကို စိတ်ပျက်စေတာမျိုး မရှိနေပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR