Lukaku

ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမား ဟောင်းတဦးဖြစ်တဲ့ ဂယ်ရီနဗီးလ် က လူကာကူဟာ အဝလွန်နေပြီး ပရောဖက်ရှင်နယ် မပီသတဲ့ ကစားသမားတဦးဖြစ်တယ်လို အခုလအစောပိုင်းအတွင်း တွစ်တာကနေ ဝေဖန်ပြောဆိုထားခဲ့ဖူးတာဖြစ်ပါတယ်။အင်တာမီလန် အသင်းကို ပေါင်၇၄ သန်းနဲ့ဒီဘယ်ဂျီယံသားပြောင်းရွှေ့ပြီး မကြာခင်မှာပဲ နဗီးလ်က အခုလို ဝေဖန်ထားခဲ့တာဖြစ်ပါတယ်။

လူကာကူဟာ ၂၀၁၇ ခုနှစ်မှာ အဲဗာတန် အသင်းကနေ ယူနိုက်တက် အသင်းကို ရောက်လာခဲ့တာ ဖြစ်ပြီး စုစုပေါင်း လိဂ်ပွဲ ၆၆ ပွဲကစားပေးခဲ့အပြီးမှာ ၂၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။သူဟာယမန်နှစ်ရာသီမှာ တည်ငြိမ်တဲ့ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တာကြောင့် လည်း နည်းပြ ဆိုးလ်ရှားရဲ့ မျက်နှာသာပေးခံရမှု နည်းပါးနေခဲ့တာ ဖြစ်ပါတယ်။

အခုချိန် မှာတော့အင်တာအသင်းနဲ့ အတူ စီးရီးအေ ပြိုင်ပွဲကို ဆင်နွှဲသွားတော့ မှာ ဖြစ်ပြီး လက်ချီ နဲ့ ကစားခဲ့တဲ့ ပွဲဦးထွက်ပွဲစဉ်မှာပဲ ဂိုးသွင်းယူပေးနိုင်ခဲ့ လို့ အဖွင့်လှထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့် လည်း ဂယ်ရီနဗီးလ်အနေနဲ့ သူ့ရဲပရော်ဖက်ရှင်နယ်ဆန်မှု အပေါ်မေးခွန်း မထုတ်ဖို့ လူကာကူ တုန့်ပြန်သွားခဲ့တာဖြစ်ပါတယ်။

BBC နဲ့ အင်တာဗျူး မှာ လူကာကူက –
” ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် ပီသ မှု အပေါ် မေးခွန်းတော့ လာမထုတ်ပါနဲ့။ကျွန်တော်ဟာ ဘောလုံး ပွဲတွေကစားဖို့ အသက် ရှင်နေတာဖြစ်ပါတယ်။ကျွန်တော်ဟာ အမြဲတမ်းအိမ်မှာရှိနေတတ်ပြီး အရာရာတိုးတက်နေဖို့ ကြိုးစားတတ်ပါတယ်။

သူ ( နဗီးလ် ) အနေနဲ့ ကျွန်တော်ရဲ့ ကြံ့ခိုင်မှု နဲ့ပတ်သက်ပြီးပြောနိုင်ပါတယ်။ဒါပေမယ့် ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ ပတ်သက်ပြီးဘယ်တော့ မှ မပြောသင့်ပါဘူး။ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုက လုံလောက်မှု မရှိဘူးဘာညာ မပြောသင့်ပါဘူး။

Lukaku

ကျွန်တော့် ကြုံထားခဲ့ဖူးတဲ့ နည်းပြတိုင်းကလည်း ကျွန်တော်ပြောတဲ့ အရာကို ပဲ ပြောလေ့ရှိပါတယ်။လေ့ကျင့်ရေးကွင်း
မှာ ကျွန်တော်ရှိနေတုန်း ဆိုးလ်ရှားက ဘာပြောခဲ့ပါသလဲ။သူက ဘာတွေများပြောခဲ့လို့လဲဗျာ။ ဒါကြောင့် လည်း အမြဲတမ်းအကောင်းဆုံးတွေပဲဖြစ်ဖို့ ကြိုးစားပြီး တိုးတက်အောင် လုပ်နေတာဖြစ်ပါတယ်။

မော်ရင်ဟိုနဲ့ မာတီနက်ဇ် တို့ကလည်းအတူတူပဲ ဖြစ်ပါတယ်။အခုကွန်တီလည်း သူတို့လိုပဲ ကျွန်တော့်ကိုချီးကျူးသွားတော့ မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရာသီကတော့တကယ် ဆိုးရွားခဲ့ပြီး ဘောလုံးမှာ ဒါမျိုးဖြစ်တတ်ပါတယ်။ရှေ့ဆက် နေဖို့ပဲ လိုတာဖြစ်ပါတယ်။

ကျွန်တော့် အနေနဲ့ ကတော့ ဒီနေရာမှာပဲ ထိုင်ပြီးနေ မှာမဟုတ်သလို မကောင်းတဲ့ ပုံစံနဲ့ လည်း တုန့်ပြန်သွားမှာမဟုတ်ပါဘူး။ကျွန်တော်တို့ဟာ ကလေးတွေ မဟုတ်ကြတော့ပါဘူး။အရွယ်ရောက်နေပါပြီ။

သူကတော့ ဘောလုံး ဝေဖန်သုံးသပ်သူဖြစ်ပါတယ်။သူတပါးကို ဒီလို ပြောဆို တာတွေ အတွက် လည်းသူက ပိုက်ဆံရပါတယ်။ကျွန်တော်ကတော့ ဘောလုံးကစားခြင်းကနေ ပိုက်ဆံရတာဖြစ်ပါတယ်။ကျွန်တော်ဟာ အင်တာမီလန် အသင်းမှာ အကောင်းဆုံးတွေပဲ လုပ်ဆောင်သွားချင်ပါတယ်၊ ဒီလောက်ပါပဲ ” လို့ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းမှာ ရှိနေစဉ် အဝလွန် နေတယ်လို့ အများရဲ့ ဝေဖန်မှု ခံခဲ့ရတဲ့ လူကာကူဟာ နည်းပြသစ် ကွန်တီရဲ့ လေ့ကျင့်ပေးမှုအောက်မှာတော့ ခန္ဓာကိုယ်ကျစ်လစ်လာနေပြီဖြစ်ပါတယ်။သူဟာ အင်တာအသင်းကိုပြောင်းရွှေ့စမှာ ၁၀၄ ကီလို ဂရမ်အထိ အလေးချိန် ရှိခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။

” Bresaola diet ” လို့ အမည်ရတဲ့ ဓာတ်စာ စနစ်နဲ့ အတူ လူကာကူ ရဲ့ အစားအစာတွေအတွင်းမှာဆီကြော် မုန့်၊ အီတလီချိစ် နဲ့ အယ်ကိုဟောတို့ကို ကန့်သတ်ထားပြီး ဟင်းသီးဟင်းရွက်တွေနဲ့ ပရိုတင်းကြွယ်ဝတဲ့ အဖြူရောင်အသားတွေကို အစားထိုးကျွေးမွေးနေခဲ့တာလည်းဖြစ်ပါတယ်။

အင်တာအသင်းဟာ ရာသီသစ် အဖွင့်ပွဲမှာ လက်ချီ အသင်းကို၎-၀ ဂိုးနဲ့ အနိုင်ရခဲ့ လို့ စီးရီးအေ အမှတ်ပေးဇယားကိုယာယီ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ထိုပွဲမှာ သွင်းဂိုးရရှိခဲ့တဲ့ လူကာကူဟာတနင်္ဂနွေနေ့ မှာ ကစားမယ့် ကာဂလီယာရီနဲ့ ပွဲမှာ လည်း ပါဝင်လာဖွယ်ရှိနေပါတယ်။

SPORTS MYANMAR