Arsenal

အာဆင်နယ် အသင်းရဲ့ ညာနောက်ခံလူဟောင်း တဦးဖြစ်တဲ့ လီဒီဇွန် က တနင်္ဂနွေ နေ့ မှာ ကစားမယ့် မြောက်လန်ဒန် ဒါဘီ ပွဲစဉ် မှာသာ အာဆင်နယ် အသင်း ဘောလုံး ပိုင်ဆိုင်မှု ဆုံး ရှုံးခဲ့ပါက စပါး အသင်းက ဒုက္ခ ပေးသွားမှာ ကို စိုးရိမ် မိတဲ့ အကြောင်း ထုတ်ပြောသွားခဲ့ ပါတယ်။

Lee Dixom

လတ်တလော မှာ အာဆင်နယ် အသင်းက စပါး အသင်းထက် ရမှတ်သာနေသလို အနည်းငယ်အခြေအနေကောင်း
နေပေမယ့် ၊ အခုပွဲစဉ် ဟာ စပါး အသင်းအတွက် ရာသီ အစရလဒ်ဆိုးတွေကို ကန်ထုတ် နိုင်ဖို့ ပြီးပြည့်စုံ တဲ့ ပွဲကောင်း တပွဲ ဖြစ်တယ် လို့ လည်း သူက ယူဆနေတာဖြစ်ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် တွေမှာတော့ ၂သင်းလုံး ရှုံးပွဲတွေ ကြုံတွေ့ထားခဲ့ရတာ ဖြစ်ပြီး အာဆင်နယ် အသင်းက အန်ဖီးလ်မှာ လီဗာပူးကို ဂိုးပြတ်အရေးနိမ့်ခဲ့သလို စပါးတို့ကလည်း အိမ်ကွင်းမှာ နယူးကာဆယ် အသင်းကို မထင်မှတ်ပဲ အရှုံးပေးထားခဲ့ရတာဖြစ်ပါတယ်။

စပါး အသင်းဟာ အဖွင့် ပွဲစဉ်မှာ ဗီလာ အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲမှာ လည်း မန်စီးတီးကို အီတီဟတ်မှာ ၂ဂိုးစီ သရေ ကစားနိုင်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ် အသင်းကတော့ နယူးကာဆယ်၊ ဘန် လေတို့ကို အနိုင်ရရှိခဲ့အပြီး မှ လီဗာပူး အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ စပါး အသင်းကိုလိဂ်ရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့ အားသားချက်ကို အခုပွဲစဉ်အထိယူဆောင်နိုင်ဖို့ ရှိနေပေမယ့် ခါးသီးပြိုင်ဘက်ကို အလွန်အမင်းတိုက်စစ်ဖွင့်ဖို့ ကြိုးစားမှာကို စိုးရိမ်နေမိတယ်လို့ ဒီဇွန်က ဆိုသွားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းချက်အစီအစဉ် မှာ ဒီဇွန်က – ” အာဆင်နယ် အသင်း ဒီပွဲမှာ သုံးယောက်တန်း ခံစစ် ကစားပုံနဲ့ ကစားသွားဖွယ် ရှိနေပါတယ်။စပါး အသင်းက ပုံစံကောင်း မရထားသေးတာကြောင့် လည်း အာဆင်နယ်အသင်းကို အဆင့်ဆင့်ပိတ်ကစားပါလိမ့်မယ်။

အာဆင်နယ်တို့ကတော့ ပြီးတဲ့ ရာသီမှာတွေ့ဆုံခဲ့တဲ့ ပွဲတုန်းကလည်း ကောင်းကောင်းကစားနိုင်ခဲ့တာဖြစ်လို့ အလုံးစုံ တိုက်စစ်ဖွင့်ပြီး ဖိအားပေးဖို့ကြိုးစားပါလိမ့်မယ်။ဒီအတွက်လည်း ကျွန်တော်ကြောက်နေမိတာဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ သူတို့သာ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးသွားခဲ့ရင်ဆိုတဲ့ အတွေးကြောင့်ဖြစ်ပါတယ်။

သူတို့ဟာ ယမန်နှစ်ပွဲတုန်းက ဖိအားပေး ကစားနိုင်ခဲ့ဖူးတဲ့ တွန်းအားက အခုချိန်မှာရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်လည်း အာဆင်နယ် အသင်းနဲ့ ပတ်သက်ပြီး တခါတလေ မှာ ဒီကိစ္စက ကျွန်တော့်ကို စိတ်ပူပန်စေတာဖြစ်ပါတယ်။

Arsenal

စပါး အသင်းဟာ အခုချိန်မှာ အတော်လေးနာကျင်ခံစားနေရတာဖြစ်ပြီး အာဆင်နယ် အသင်းသာဘောလုံး မကိုင်ထားနိုင်ရင်း ကျွန်တော့်အနေနဲ့ ယုံကြည်မှု မရှိပါဘူး။အာဆင်နယ်အသင်းလိုအပ်နေတာကတော့ ဒီအပိုင်းပြန်ပြီး အပြောင်းအလဲပြုလုပ်ဖို့ ဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရာသီသစ် ၃ပွဲအပြီးမှာအာဆင်နယ်အသင်းက ရမှတ် ၆မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး စပါး အသင်းကတော့ ရမှတ် ၄မှတ်နဲ့ အဆင့် ၇ မှာ ရှိနေပါတယ်။

SPORTS MYANMAR