Pep

မနေ့ညက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့ မန်စီးတီး ရဲ့ လေ့ကျင့်ရေးကွင်းမှာ သတင်းထောက်တွေ အများကြီး ရောက်ရှိလျှက် ရှိနေခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မန်စီးတီး ဟာ ဘရိုတ်တန် အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပြီး ၊ အဲဒီ ပွဲအတွက် ကြိုတင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေချိန် ဖြစ်ပါတယ်။

Pep

မကြာခင်မှာတော့ ပက်ဂွာဒီယိုလာ ဟာ သတင်းစာ ရှင်းလင်းပွဲကို ရောက်ရှိ လာခဲ့ပြီး ၊ သတင်းထောက်တွေ တစ်ဦးတစ်ယောက်မျှ မေးခွန်း မမေးခင်မှာပဲ ၊ သူ့ဘက်ကနေ စတင် ပြောဆိုစရာ အကြောင်းအရာ တစ်ခုရှိနေတယ်လို့ အစချီကာ ၊ 9 နှစ် အရွယ် သမီးငယ်လေးကို ဆုံးရှုံးလိုက်ရတဲ့ လူးဝစ် အင်းနရစ် အတွက် ကိုယ်ချင်းစာ ၀မ်းနည်းမိကြောင်းကို မန်စီးတီး ဘောလုံး လုပ်ငန်းစု ရဲ့ ကိုယ်စား ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

“ မန်စီးတီး မိသားစု တစ်ခုလုံး ရဲ့ ကိုယ်စား ကျနော် ကပဲ လူးဝစ်အင်းနရစ် နဲ့ ဇနီး အလာနာ တို့ရဲ့ ဆုံးရှုံးလိုက်ရတဲ့ သမီးငယ်လေး အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောချင်ပါတယ်။

သမီးလေး အတွက် ပြောစရာ စကားလုံးတောင် ရှာမတွေ့မိပါဘူး။

လူးဝစ်တို့ မိသားစု ကလဲ ကျနော်တို့ မန်ချက်စတာ က ဘောလုံး အသိုင်းအ၀ိုင်းရဲ့ ၀မ်းနည်းနေမှု အပေါ် ခံစားနားလည်ပေးနိုင်လိမ့်မယ် ထင်ပါတယ်။ မကြာခင်မှာလဲ လူးဝစ်တစ်ယောက် ဘောလုံး လောကဆီ အကောင်းဆုံး ပုံစံတွေနဲ့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်’ လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

လူးဝစ် အင်းနရစ် ဟာ သမီးငယ် အရိုးကင်ဆာ ဝေဒနာ ခံစားနေရတာကြောင့် စပိန် လက်ရွေးစင် အသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပြီး ၊ ကင်ဆာရောဂါ လို့ သိရှိခဲ့ပြီးနောက် 5 လ အကြာမှာ အသက်ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။

during the UEFA Champions League Final between Juventus and FC Barcelona at Olympiastadion on June 6, 2015 in Berlin, Germany.

အဲဒီ အတွက် ပက်ဂွာဒီယိုလာ ရဲ့ လုပ်ရပ်ဟာ တကယ်ကို မိတ်ဆွေကောင်း ပီသလွန်းခဲ့ သလို ၊ သူနဲ့ အင်းနရစ်တို့ အကြားက ဆက်ဆံရေးကောင်းတွေကိုလဲ လှစ်ပြသွားခဲ့တာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ဟာ ကစားသမားဘ၀ က ဘာစီလိုနာ မှာ 5 နှစ် အကြာ လက်တွဲ ကစားခဲ့သူ ဖြစ်ပြီး ၊ နည်းပြဘ၀ စတင် ၀င်ရောက်ချိန်မှာလဲ ဘာစီလိုနာ လူငယ် အသင်းမှာ အတူတူ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဘရိုတ်တန် နဲ့ ကစားမယ့် ပွဲမှာတော့ အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေ ဖြစ်တဲ့ ဂျွန်စတုန်း နဲပ ဂျေဇု တို့ဟာ ပြန်ကစားပေးဖို့ ဖြစ်နိုင်သေးဘူးလို့ ပြောဆိုသွားခဲ့ပြီး ၊ စက်တင်ဘာလ 14 ရက်နေ့မှာ ကစားမယ့် နော့ဝှစ်ခ်ျ အသင်းနဲ့ ပွဲစဉ်မှာသာ ပြန်လည် ကစားပေးနိုင်လိမ့်မယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

မန်စီးတီး ဟာ ချန်ပီယံလိဂ် အုပ်စုပွဲ ခွဲအပြီးမှာ ယူကရိန်း ကလပ် ရှက်တာဒိုးနက် ၊ ဒိုင်နမို ဇာဂရက် ၊ အတ္တလန္တာ အသင်းတို့ နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ် ။ ထုံးစံအတိုင်း ဒီရာသီမှာလဲ မန်စီးတီး ဟာ ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ ရေပန်းစားဆုံး အသင်းတွေထဲက တစ်သင်း အဖြစ် ပါဝင်လျှက် ရှိတဲ့အပေါ် ပက်က အခုလို ပြောဆိုသွားခဲ့ ပြန်ပါတယ်။

“ အဲဒီ မေးခွန်းမျိုးတွေ ကျနော့်ဆီ လာတော့မယ့် ဆိုတာ ကြိုပြီး ခန့်မှန်းထားပြီးသားပါ။

အခုပြည်တွင်း အောင်မြင်မှုတွေ ရယူထားတယ် ဆိုပေမယ့် ၊ ဒီဖလားတွေဟာ မန်စီနီ ၊ ပယ်လီဂရီနီ တို့တောင် ရယူပေးထားပြီးသားမို့ ၊ ကျနော့် အနေနဲ့ ချန်ပီယံလိဂ် ဖလားကို မဖြစ်မနေ ရအောင် ယူပြသင့်တယ် ဆိုတဲ့ ပြောဆိုမှုတွေလဲ ကြားပါတယ်။

ထားပါတော့…….ကျနော်တို့က နှစ်တိုင်း နှစ်တိုင်း ဆုဖလားတွေ ရဖို့အတွက် မှန်းပြီ ပြင်ဆင်နေတာပါ။ ဒါကြောင့် ဒီရာသီမှာလဲ ချန်ပီယံလိဂ် ဖလားရဖို့ ၊ ပရီးမီးယားလိဂ် ဖလား ကာကွယ်နိုင်ဖို့တွေ ထပ်ပြီး ကြိုးစားဦးမှာပါပဲ။

ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ အတွက်က ဥရောပ မှာလဲ မန်စီးတီး လို အသင်းကောင်းတွေ အများကြီး ရှိပါတယ်။ ပြီးတော့ အဲဒီ ပွဲစဉ်တွေက အမှားလေး တစ်ခုကနေ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားနိုင်သလို ၊ နောက်တန်း က လုပ်မိတဲ့ အမှားကြောင့်လဲ ပြိုင်ပွဲကနေ ထွက်လိုက်ရနိုင်ပါတယ်။

ပြောနိုင်တာ တစ်ခုက ဒီဖလားရဖို့ ကျနော် ကြိုးစားမှာပါ ၊ တစ်ချိန်တည်းမှာပဲ အင်္ဂလန် ဖလားတွေ အားလုံးကိုလဲ မေ့ပစ်ထားမှာ မဟုတ်ပါဘူး။ တစ်ရာသီလုံး အတွက် ပြင်ဆင်ထားမှုတွေက ချန်ပီယံလိဂ် ဖလား တစ်ခုတည်းကို အာရုံစိုက်စရာ အကြောင်း မရှိဘူးလေ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR