Kante

* ယနေ့ည ၈နာရီခွဲ အချိန် ၊ ချယ်လ်ဆီး အသင်း ရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ ထိပ်တိုက် ရင်ဆိုင် ကစားမယ့် ချယ်လ်ဆီး – ရှက်ဖီးလ် ယူနိုက်တက် ပွဲစဉ် ဟာ ပရီးမီးယားလိဂ် သမိုင်း တလျှောက် ၄ကြိမ်မြောက် ဖြစ်ပါတယ် ။ ရှက်ဖီးလ် တို့ စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ ချယ်လ်ဆီး အသင်း ကို အနိုင် ရခဲ့တာ ၁၉၉၂ ၊ အောက်တိုဘာ က ဖြစ်ပြီး ၁ – ၂ ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရခဲ့ပါတယ် ။

* နောက်ဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် မှာ ထိပ်တိုက် တွေ့ဆုံ ထားရာမှာတော့ ချယ်လ်ဆီး အသင်း ဟာ ရှက်ဖီးလ် ယူနိုက်တက် ကို ၃ဂိုးပြတ် နဲ့ အနိုင် ရခဲ့ပါတယ် ။ ဒါဟာ ဟိုဆေး မော်ရင်ဟို ကိုင်တွယ် ခဲ့တဲ့ ၂၀၀၆ – ၂၀၀၇ ဘောလုံး ရာသီ က ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် မှာ တန်းတက် လာတဲ့ အသင်း တွေနဲ့ စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ နောက်ဆုံး ထိပ်တိုက် တွေ့ဆုံမှု ၅၄ ကြိမ်အတွင်း ၄၄ ပွဲ အထိ အနိုင် ရခဲ့ပြီး တပွဲသာ ရှုံးနိမ့် ခဲ့ပါတယ် ။ ယနေ့ည မှာ စတမ်းဖို့ဒ် ဘရစ်ခ်ျ ကို လာရောက် ကစားမယ့် ရှက်ဖီးလ် ကတော့ နောက်ဆုံး ပရီးမီးယားလိဂ် အဝေးကွင်း ၁၁ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား ဝီလီယံ ဟာ ပြီးခဲ့တဲ့ နောဝှစ်ခ်ျ နဲ့ ပွဲမှာ လူစားဝင် ကစားခွင့် ရခဲ့လို့ ပရီးမီးယားလိဂ် ပွဲ ၂၀၀ ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါတယ် ။ ထို့အပြင် ခံစစ်မှူး ဇူးမား ဟာလည်း နောဝှစ်ခ်ျ နဲ့ ပွဲမှာ ပွဲထွက် ပါဝင်ခဲ့လို့ ပရီးမီးယားလိဂ် ပွဲ ၅၀ ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က ၄င်းတို့ရဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ယနေ့ည ပွဲစဉ် ကို လွဲချော်မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့သလို ၊ ကန်တေ ဟာ ပြီးခဲ့တဲ့ လီဗာပူး နဲ့ ဥရောပ စူပါဖလား ပွဲစဉ် မှာကတည်းက ဒဏ်ရာ ရနေရဲ့သားနဲ့ ပွဲကို ဆက်ဆော့ နေခဲ့တာ ဖြစ်ကြောင်း ၊ ပြီးခဲ့တဲ့ ရာသီ က ယူရိုပါလိဂ် ဖိုင်နယ် မှာလည်း ကန်တေ ဟာ ဒဏ်ရာ ရှိနေရဲ့သား တပွဲလုံး အပြည့် ကစားပေး ခဲ့ကြောင်း ၊ ကန်တေ ရဲ့ စိတ်ဓာတ် ခိုင်မာမှု မျိုးကို သူ တခါမှ မတွေ့ဖူးကြောင်း နဲ့ လက်ရှိ မှာတော့ ကန်တေ ဟာ အနားယူဖို့ လိုနေပြီ လို့ ဖြေကြား ခဲ့ပါတယ် ။

* အေဂျက်ဇ် အသင်း ရဲ့ အမှုဆောင်ချုပ် ဗန်ဒါဆား က ချယ်လ်ဆီး အသင်း နဲ့ ဗလင်စီယာ အသင်း ဟာ ၄င်းတို့နဲ့ ခြေစွမ်း အဆင့်အတန်း တူညီ တဲ့ အသင်း တွေ ဖြစ်ကြောင်း ၊ လိုင်လီ အသင်း ကတော့ ၄င်းတို့ အသင်း အပါအဝင် လက်ကျန် ၃သင်း ကို ယှဉ်နိုင်မှာ မဟုတ်ကြောင်း သုံးသပ် ပြောဆို ခဲ့ပါတယ် ။

* မနေ့က Daily Mail ရဲ့ ဖော်ပြချက် တခု အရ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တောင်ပံ ကစားသမား ကနေဒီ ဟာ စီးရီးအေ ကလပ် ဆက်ဆူအိုလို အသင်း သို့ တရာသီ အငှား နဲ့ ထွက်ခွာဖို့ နီးစပ် နေပြီ ဖြစ်ကြောင်း သိရပါတယ် ။ ကနေဒီ ဟာ မနေ့က လေ့ကျင့်ရေး အစီအစဉ် မှာ မပါဝင် ခဲ့ဘူးလို့လည်း နည်းပြ ဖြစ်သူ လမ်းပတ် က အတည်ပြု ပြောဆို ခဲ့ပါတယ် ။

* မနေ့ကပဲ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တောင်ပံ ကစားသမား ဟွမ် ကတ်စတီလို ဟာ ချန်ပီယံလိဂ် အုပ်စုတွင်း ပြိုင်ဖက် အေဂျက်ဇ် အသင်း သို့ တရာသီ အငှား နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။

* ရှက်ဖီးလ် ယူနိုက်တက် အသင်း နည်းပြ ခရစ် ဝိုင်လ်ဒါ က ၄င်းတို့ဟာ ယနေ့ည မှာ ကစားရ အရမ်း ခက်ခဲတဲ့ ချယ်လ်ဆီး အသင်း ကို သူတို့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ ရင်ဆိုင် ရမှာ ဖြစ်ပေမယ့် အနိုင် ၃မှတ် ကို ရှာဖွေ သွားမယ် ဆိုရင်တောင် အံ့အား သင့်စရာ မရှိဘူး လို့ မနေ့ က သတင်းစာ ရှင်းလင်းပွဲ မှာ ဆိုခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က ယနေ့ည ပွဲစဉ် အတွက် ပြီးခဲ့တဲ့ နောဝှစ်ခ်ျ နဲ့ ပွဲမှာ ဒူးဒဏ်ရာ အသေးစား ရရှိခဲ့တဲ့ ပတ်ဒရို ကို အနားပေး သွားမှာ ဖြစ်တယ် လို့ ထပ်မံ အတည်ပြု ပြောဆို လိုက်သလို ၊ နောဝှစ်ခ်ျ နဲ့ ပွဲပြီးခါနီး မှာ နောဝှစ်ခ်ျ ခံစစ်မှူး ဂေါ့ဖရီ နဲ့ အနည်းငယ် ခိုက်မိ ခဲ့တဲ့ မေဆင်မောင့် ရဲ့ ဒဏ်ရာ ဟာလည်း စိုးရိမ်စရာ မရှိလို့ ယနေ့ည ပွဲစဉ် ကို ပါဝင် ကစားပေးနိုင်မယ် လို့ ဆိုခဲ့ပါတယ် ။

* မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် – ၂ ပွဲစဉ် တပွဲ ဖြစ်တဲ့ ချယ်လ်ဆီး ယူ ၂၃ အသင်း နဲ့ တော့တင်ဟမ် ယူ ၂၃ အသင်း တို့ရဲ့ ပွဲစဉ် ဟာ တဖက် ၂ဂိုးစီ သရေ ရလဒ် နဲ့ ပြီးဆုံး ခဲ့ပါတယ် ။ ထို ပွဲစဉ် မှာ ဒူးဒဏ်ရာ က ပြန်သက်သာ လာတဲ့ ချယ်လ်ဆီး စီနီယာ အသင်း ခံစစ်မှူး ရူဒီဂါ ပွဲထွက် ပါဝင် ကစား ပေးခဲ့ပါတယ် ။ ချယ်လ်ဆီး ယူ ၂၃ အသင်း အတွက် သွင်းဂိုး တွေကို ကလင်တန် မိုလာ ( ၇၁ ‘ ) နဲ့ တာရက်ခ် လမ်ပ်တီ ( ၉၀ ‘ ) တို့က သွင်းယူ ပေးခဲ့ကြပါတယ် ။

SPORTS MYANMAR