မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဂျက်စီ လင်ဂတ် ဟာ ဝုလ်ဗ် နဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် နဲ့ ခရစ္စတယ် ပဲလေ့စ် အသင်း ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် တွေမှာ ခြေစွမ်း ကောင်းတွေ မပြသ နိုင်ခဲ့တဲ့ အတွက် ဝေဖန်မှု တွေအောက် ကျရောက် နေခဲ့ သူပဲ ဖြစ်ပါတယ် ။

သူဟာ ဒီ ရာသီ အတွင်း အသင်း အတွက် ဂိုးတွေ လည်း မသွင်းယူ ပေးနိုင် ခဲ့ သလို ဖန်တီးမှု တွေလည်း မပြုလုပ် နိုင်ခဲ့တဲ့ အတွက် ယူနိုက်တက် ပရိသတ် တွေနဲ့ သတင်း သုံးသပ် သူ အများစု က သူ့ကို ပွဲထွက် ကစားသမား အဖြစ် မှ ချန်လှပ် လိုက်ဖို့ အထိ တောင် ဆိုးလ်ရှား ကို တိုက်တွန်း ခဲ့ကြ ပါ သေးတယ် ။

ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ပွဲစဉ် အတွင်း လင်ဂတ် ဟာ ဂိုးပေါက် အရှေ့ မှာ အရမ်း ကောင်းလွန်း တဲ့ ကစားသမား မျိုး မဟုတ် ကြောင်း ၊ ပွဲစဉ် အတွင်း သူ့ရဲ့ ပါဝင် ပတ်သက်မှု တွေက အထူး အံ့ချီးဖွယ် ကောင်းမွန် လှကြောင်း ကစားသမား ဖက်မှ ကာကွယ် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” ဂျက်စီ ဟာ ဂိုးပေါက် အရှေ့ မှာ အရမ်း ကောင်းမွန် လွန်းတဲ့ ကစားသမား တစ်ယောက် တော့ မဟုတ် ပါဘူး ။ သူ့ရဲ့ ကစား သမား ဘဝ တစ်လျောက် ကို ကြည့်ရှု လိုက်မယ် ဆိုရင် သူဟာ အခြား ကဏ္ဍ တွေမှာ ပဲ အထူး ပါဝင် ပတ်သက် ခဲ့တာ ကို မြင်တွေ့ ရပါ လိမ့်မယ် ”

” သူ့ရဲ့ လုပ်ဆောင်ချက် တွေက ကျွန်တော့် အတွက် အံ့ချီးဖွယ် ပါပဲ ။ အသင်း နဲ့ ပထမဆုံး ပြုလုပ် ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ် မှာပဲ သူဟာ ဒီမှာ ရှေ့ဆက် ရှိနေ လိုကြောင်း ပြသ ခဲ့ ပါတယ် ။ လေ့ကျင့်ရေး ကွင်းနဲ့ ပွဲစဉ် တွေ မှာလည်း သူဟာ အသင်း မှာ ဆက်ရှိ နိုင်ဖို့ အကောင်းဆုံး ကြိုးစား ခဲ့ ပါတယ် ”

” တစ်ခါတလေ ကျတော့ ခင်ဗျား တို့ သူ့ကို ဂိုးပေါက် အရှေ့ ဂိုးသွင်း ပိုပြီး သေချာ စေချင် ကြပါတယ် ။ ဒါပေမယ့် သူက အခြား ကဏ္ဍ တွေမှာ ပိုပြီး ကောင်းမွန် တဲ့ ကစားသမား တစ်ဦး ပါ ”

” အေစီ မီလန် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ ကျွန်တော် သူ့ကို ချန်ထား ခဲ့ ပါတယ် ။ သူ ပြန်လာ တဲ့ အခါ ဂိုးတွေ သွင်းယူ နိုင် ခဲ့တယ် ။ ဒါ့အပြင် ဒီမှာ ဘလက်ဘန်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာလည်း သူ 2 ဂိုး သွင်းယူ ပေးနိုင် ခဲ့ပါ သေးတယ် ” လို့ ဆိုးလ်ရှား က ကွင်းလယ်လူ အကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် သူ့ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဟာ ဝေဖန် မှု တွေကို ကိုင်တွယ် ဖြေရှင်း နိုင်တဲ့ သူ ဖြစ်ကြောင်း ၊ သူ ကိုယ်တိုင် ကစားသမား ကို ယုံကြည် သလို အင်္ဂလန် နည်းပြ ကလည်း ကစားသမား ကို လက်ရွေးစင် အသင်းထဲ ရွေးချယ် ပြီး ယုံကြည် မှု ရှိတယ် ဆိုတာ ပြသ ခဲ့ကြောင်း ဆက်လက် ပြောကြား သွားခဲ့ ပါတယ် ။

” သူဟာ ဝေဖန်မှု ဒဏ်တွေ ကို ခံနိုင်သူ တစ်ဦး ပါ ။ ဂျက်စီ က ဝေဖန် ခံရ တဲ့ အခါ တွေမှာ အသာအယာ လှည့်ထွက် သွားတက် ပါတယ် ။ သူဆီ မှာ အကောင်းဆုံး ပြန်လာ နိုင်မယ့် ပင်ကို ဗီဇ ရှိနေ ပါတယ် ။ ကျွန်တော် သူ့ ဆီက ဘယ်လို မှ ခြားနား တဲ့ အရာ တွေကို မမျှော်လင့် ပါဘူး ”

” ကျွန်တော် သူ့ကို ရွေးချယ် ပါတယ် ၊ ဂါးရတ် ( ဆောက်ဂိတ် ) ကလည်း သူ့ကို ရွေးချယ် သွားခဲ့ ပါတယ် ။ ဂါးရတ် က သူဟာ ကစားသမား ကောင်း ဖြစ်တယ် ဆိုတာ သိတယ် လေ ။ ကျွန်တော် တို့ ဂျက်စီ ကို တန်ဖိုး ထားကြ ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar