ကြားရက် အတွင်း ကစားခဲ့တဲ့ ကိုပါဒယ်ရေးဆီမီးဖိုင်နယ်ပွဲစဉ်မှာရီးရဲလ်ကို ၃ ဂိုးပြတ် အနိုင်ယူပြီး ဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ အခုလာလီဂါ ပွဲစဉ်မှာလည်း ရာကီတစ်ရဲ့ တလုံးတည်းသော ဂိုးနဲ့ထပ်မံ အနိုင် ရခဲ့ပါတယ်။

ဘာစီလိုနာ အသင်းအတွက်တော့ ဘာနေဗျူး မှာ နှစ်ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပြီး လာလီဂါ ချန်ပီယံဆုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးပြသွားနိုင် ခဲ့ပါတယ်။

မက်ဆီရဲ့ အစောပိုင်း အခွင့်အရေး တကြိမ်ကော်တိုရစ် ကို ကျော်သွား ခဲ့ပေမယ့် ပွဲချိန် ၂၆ မိနစ်မှာ ရာကီတစ်က အနိုင်ဂိုးသွင်းယူ ပေးနိုင်ခဲ့ပါတယ်။ရီးရဲလ်ဘက်က ဗင်နီရှပ်နဲ့မိုဒရစ်တို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် ဘာကာခံစစ်ပိုင်းက တားဆီးသွားခဲ့ လို့နစ်နာခဲ့ရပါတယ်။

ဒီရာသီမှာ ရီးရဲလ် အသင်းကို ဘာကာအသင်းကဟက်ထရစ် အဖြစ် အနိုင်ရခဲ့တဲ့ပွဲစဉ်က ထူးခြားချက် တွေကတော့ – – –

၁။ချန်ပီယံပြေးလမ်းပေါ်ကနေဖယ်ပေးလိုက်ရပြီဖြစ်တဲ့ ရီးရဲလ်

ဒီပွဲမတိုင်မီမှာကတည်းက ချန်ပီယံဆုအတွက် မျှော်လင့်ချက် အတော်လေး နည်းပါးနေခဲ့တဲ့ရီးရဲလ်တို့ဟာ ရှုံးပွဲကြုံတွေ့ခဲ့အပြီးမှာတာ့ လုံးဝနီးပါး သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ဦးဆောင်သူဘာကာ နဲ့ ၁၂အကွာအထိကျရောက်သွားခဲ့ပြီး ၊ လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်မှာ လည်း အေဂျက်နဲ့ ပွဲကျပ်ကစားသွားရမှာ ဖြစ်ပါတယ်။လိုပက်တီဂီ ရဲ့ နေရာမှာ အစားထိုးခန့်အပ်ခံထားခဲ့ရတဲ့ ဆိုလာရီအနေနဲ့ စွမ်းဆောင်ရည်ကောင်းအချို့ပြသထားနိုင်ခဲ့ပေမယ့် အခုပွဲစဉ်မှာထပ်
ပြီး အရေးနိမ့်ခဲ့ပါက ရာထူးကနေ ထုတ်ပယ်ခံရသင့်နေပြီလည်းဖြစ်ပါတယ်။

၂။ဘေးလ်ရဲ့ နောက်ဆုံး အယ်ကလက်စီကိုပွဲ ဖြစ်လာတော့မှာလား

ဒီဝေးလ်သားဟာ ရီးရဲလ် သမိုင်းမှာ ဈေးအကြီး ဆုံး ကစားသမားဖြစ်ပေမယ့် သူရသင့်တဲ့ အရေးတယူခံရမှု မျိုး ဘာနေဗျူး မှာ မရထားသေးဘူး လို့ ယူဆနေပုံပါပဲ။သူဟာဆိုလာရီရဲ့ လက်အောက်မှာ မျက်နှာ သာပေးခံရမှု နည်းပါတဲ့ ကစားသမားတဦးဖြစ်ပြီး ကိုပါဒယ်ရေး ပွဲစဉ် မှာ လူစားဝင်ကစားသမားအဖြစ်သာပါဝင်ခွင့်ရခဲ့ပါတယ်။အခုပွဲစဉ်မှာ ပွဲထွက်ပါဝင်လာခဲ့ရပေမယ့်အခွင့်အရေးတွေကိုဆက်တိုက်ဖြုန်းတီးနေခဲ့လို့ ဗက်ကွက်ဇ်နဲ့လူစားလဲခြင်းခံခဲ့ရပါတယ်။အသင်းအတွက် ဘာမှမလုပ်ပြနိုင်ခဲ့လို့လည်း ပရိသတ်တွေရဲ့ အော်ဟစ် လှောင်ပြောင်သံတွေ ခံခဲ့ရပါတယ်။ ဆိုလာရီသာ ရီးရဲလ်မှာဆက်ရှိနေပါက ဘေးလ်ကို ထိန်းသိမ်းဖို့ထက်
ရောင်းချဖို့ နည်းလမ်းတွေကို ပိုမို ရှာဖွေသွားဖွယ်ရှိနေပါတယ်။

၃။ဗယ်ဗာဒီရဲ့ Game plan အလုပ်ဖြစ်ခဲ့တဲ့ ပွဲ

ကြားရက်အတွင်း ကစားခဲ့တဲ့ ပွဲစဉ်မှာ ရီးရဲလ် အသင်းက ပထမပိုင်း ကို စိုးမိုးနိုင်ခဲ့ပေမယ့် ဘာစီလိုနာက ၃ဂိုးပြတ်ပြန်ပြီးအနိုင်ရခဲ့ပါတယ်။အခုပွဲစဉ်မှာတော့ အာသာကို ပွဲထွက်စာရင်းမှာ ဗယ်ဗာဒီကပြန်လည် ထည့်သွားခဲ့ပြီး တကယလည်း အစွမ်းထက်တဲ့ လက်နက်ပုန်းတခုလို
ဖြစ်သွားခဲ့ပါတယ်။ဒီကွင်းလယ်ကစားသမားရဲ့ ပုံစံကောင်းပြသနိုင်မှုကြောင့် လည်း ရီးရဲလ်အသင်းတိုက်စစ်ပိုမို သက်တောင့်သက်သာကစားသွားနိုင်ခဲ့ပါတယ်။

၎။ဗင်နီရှပ်ကို တားဆီးသွားတဲ့ ဆာဂျီရော်ဘတ်တို

ကြားရက်အတွင်း ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ ဗင်နီရှပ်က ဆီမီဒိုက အိပ်မက်ဆိုးမက်အောင်လုပ်သွားခဲ့ပေမယ့် ဒီပွဲစဉ်မှာ ဗယ်ဗာဒီက ပုံစံသစ်နဲ့ ပွဲထုတ်လာခဲ့ပါတယ်။ဆီမီဒိုကို
ကွင်းလယ်လူအဖြစ်အသုံးပြုသွားခဲ့ ပြီး ခံစစ်ညာအစွန်မှာ ရော်ဘတ်တို
ကို အပြောင်းအလဲလုပ်ကစားသွားစေခဲ့ပါတယ်။ရော်ဘတ်တိုဟာ အခုနေရာမှာ တခါတလေ ရုန်းကန်ခဲ့ ရပေမယ့် ဒီညမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ အကောင်းဆုံးကစားသွားနိုင်ခဲ့ပါတယ်။

၅။အယ်ကလက်စီကို ပွဲတွေရဲ့သမိုင်းမှာ ရီးရဲလ်အသင်းကို ကျော်ဖြတ် နိုင်ခဲ့ပြီဖြစ်တဲ့ ဘာစီလိုနာအသင်း

ဒီနိုင်ပွဲဟာ ရီးရဲလ် အတွက် ၃မှတ် တန်နိုင်ပွဲ တပွဲထက်ပိုခဲ့ပြီး ၈၇နှစ်
ကြာအယ်ကလက်စီကို သမိုင်းမှာ ပထမဆုံးအဖြစ်အသာရသွားပြီလည်းဖြစ်ပါတယ်။၂၄၂ ကြိမ်မြောက်ဘာကာ အသင်းက ၉၆ပွဲမြောက် နိုင်ပွဲရခဲ့တာဖြစ်ပြီး ရီးရဲလ် အသင်း ရဲ့ နိုင်ပွဲ ၉၅ ပွဲကို ကျော်ဖြတ်လိုက်တာလည်းဖြစ်ပါတယ်။မက်ဆီရဲ့ ခေတ်မှာ ဘာကာအသင်းရဲ့ လွှမ်းမိုး မှုကဘအတော်လေး သိသာမှုကြီး မားခဲ့တာဖြစ်ပြီး ဥရောပမှာတော့ ၃ကြိမ်ဆက် ချန်ပီယံဖြစ်ထားတဲ့ ရီူရဲလ် အသင်းရဲ့ လွှမ်းမိုးမှုကိုမေ့ထားလို့မရသေးတာဖြစ်ပါတယ်။