ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ ဒီနှစ် ဘောလုံး ရာသီ အဖွင့် ပွဲစဉ် တွေမှာ ခြေစွမ်း ပြဖို့ ရုန်းကန် ခဲ့ရပေမယ့် နောက်ဆုံး ကစား ခဲ့တဲ့ နောဝှစ်ခ်ျ အသင်း နဲ့ ပွဲစဉ် မှာတော့ ခြေစွမ်းပြ သွင်းဂိုး ၂ဂိုး နဲ့ အတူ အဲ့ဒီ ပွဲရဲ့ အကောင်းဆုံး ကစားသမား ဆု ကိုပါ ရရှိခဲ့ပါတယ် ။ ချယ်လ်ဆီး အတွက် ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်တာကြောင့် အေဘရာဟမ် အတွက် အတော်လေး စိတ်အား တက်လာဖို့ ရှိနေပါတယ် ။

ယနေ့ ညမှာလည်း တန်းတက် ရှက်ဖီးလ် ယူနိုက်တက် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ လက်ခံ ကစားရမှာ ဖြစ်လို့ ချယ်လ်ဆီး တို့ မဖြစ်မနေ အနိုင် ၃မှတ် ကို ရှာဖွေပြီး ဒီရာသီ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ရအောင် လုပ်ဆောင်ဖို့ လိုအပ် နေပါတယ် ။ ယခု တပတ် ပွဲစဉ် တွေ ပြီးတာနဲ့ နိုင်ငံ ပွဲစဉ် တွေ ရောက်လာမှာ ဖြစ်လို့ အမှား မပြုလုပ်မိဖို့ ပိုတောင် လိုအပ် လာပြီ ဖြစ်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က တမ်မီ အေဘရာဟမ် ဟာ ငယ်ရွယ် သေးပေမယ့် တစုံတရာ ရင့်ကျက်မှု ကို ပိုင်ဆိုင် နေပြီ ဖြစ်ကြောင်း ၊ ခြေစွမ်း က ဆက်လက် တိုးတက် လာဦးမှာ ဖြစ်သလို ၊ ပြီးခဲ့တဲ့ နောဝှစ်ခ်ျ နဲ့ ပွဲက သွင်းဂိုး ၂ဂိုး ဟာ အေဘရာဟမ် ရဲ့ ဂိုးသွင်း စွမ်းရည် ကို ရပ်တန့် စေမှာ မဟုတ်ဘူး လို့လည်း ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” အေဘရာဟမ် နဲ့ ပတ်သက်ပြီး ကျွန်တော် အတော်လေး အားရ ကျေနပ် မိပါတယ် ။ သူ့ကို တွစ်တာ ကနေ လူမျိုးရေး ခွဲခြားတဲ့ သူတွေ အပေါ် သူ့ရဲ့ တုန့်ပြန်မှု တွေက အတော်လေး အစပ်တည့် ပါတယ် ။ ကျွန်တော် ကသာ ဒီလို လူမျိုးရေး ခွဲခြားမှု တွေကို ဝေဖန်တာပဲ ရှိတာပါ ။ သူကတော့ ဒါတွေကို အရင်ဆုံး ကောင်းကောင်း ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့ပါတယ် ။ ”

” အေဘရာဟမ် ဟာ ရှေ့လျှောက် အဖက်ဖက် က တိုးတက် လာဖို့ ရှိနေတဲ့ လူငယ်လေး တဦးပါ ။ ဒါဟာ လွယ်ကူ လာမှာတော့ မဟုတ်ပေမယ့် သူ အကောင်းဆုံး ရင်ဆိုင် ကျော်ဖြတ် နိုင်မယ် လို့ ယူဆ မိပါတယ် ။ သူဟာ အလုပ် အပေါ် စိတ်ပါဝင်စားမှု နဲ့ ပေးဆပ်မှုတွေ ကို ပိုင်ဆိုင် ထားပါတယ် ။ လူတွေနဲ့ ပြောဆို ဆက်ဆံ ရာမှာလည်း အတော်လေး ပြေပြစ် ပါတယ် ။ အသင်းဖော် တွေကလည်း သူ့ကို အရမ်း ချစ်ကြပါတယ် ။ ”

” လေ့ကျင့်ရေး အစီအစဉ် တွေမှာဆို အမြဲတမ်း ပြုံးနေတတ်ပြီး ကျားကုတ်ကျားခဲ ကြိုးစား တတ်ပါတယ် ။ သူ့ရဲ့ အပြင် လောက က တုန့်ပြန်မှု ၊ ကျွန်တော် သူ့ အပေါ် ထားတဲ့ အမြင် တွေ အရ အခုလို စီနီယာ အသင်း မှာ ပွဲထွက်ခွင့် တနေရာ ကို ယှဉ်ပြိုင် လာနိုင်တာနဲ့ ပတ်သက်ပြီး ကျွန်တော် စောဒက တက်လို့ မရပါဘူး ။ လက်ရှိ အချိန် မှာ အေဘရာဟမ် ရဲ့ စွမ်းဆောင်ရည် အရမ်း ကောင်းနေပါတယ် ။ ”

” ဒါပေမယ့် မေဆင်မောင့် အပါအဝင် လူငယ် ကစားသမား တွေဟာ အဖက်ဖက် တိုးတက် လာဖို့ လိုနေသေးသလို အခုထက် လည်း ပိုကြိုးစား နေရပါမယ် ။ နောက်ပြီး အေဘရာဟမ် အတွက် နောဝှစ်ခ်ျ နဲ့ ပွဲက သွင်းဂိုး ၂ဂိုး ဟာ သူ့ရဲ့ ခြေစွမ်း တိုးတက်မှု ကို ရပ်တန့် စေမှာ မဟုတ်သလို ၊ နောက်ထပ် သွင်းဂိုး တွေလည်း သူ့ဆီက မြင်ရဦးမှာပါ ။ ဒါဟာ မှတ်တမ်းကောင်း တခု ရဲ့ အစ လို့ ကျွန်တော် ထင်ပါတယ် ။ ”

” နောက်ပြီး အေဘရာဟမ် ဟာ စိတ်ဓာတ် ပြင်းထန်ပြီး အောင်မြင်မှု နဲ့ မှတ်တမ်းကောင်း တွေ အတွက် အမြဲ ဆာလောင်နေတဲ့ ကစားသမား တယောက် လို့ ကျွန်တော် ယုံကြည်ပါတယ် ။ သူ့မှာ တိုက်စစ်မှူး တယောက် မှာ ရှိသင့်တဲ့ အရည်အချင်း တွေ ပိုင်ဆိုင် ထားသလို အခုထက် ပိုပြီး ကိုယ့်ကိုယ်ကို တွန်းအား ပေးဖို့ လိုပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ပွဲထွက်ခွင့် အတွက် အသင်းဖော် တွေ အကြား ယှဉ်ပြိုင်မှု တွေ ရှိနေဆဲ ဖြစ်လို့ပါ ။ ”

” ကျွန်တော် ဟာ တပွဲလောက် ထူးထူးခြားခြား ခြေစွမ်း ပြနိုင်တာနဲ့ ပွဲတိုင်းကို လူငယ် ခြေတက် ကစားသမား တွေနဲ့ ချည်းပဲ ကစားစေမှာ မဟုတ်ပါဘူး ။ တမ်မီ အခု အချိန် မှာ ချယ်လ်ဆီး အတွက် ကစားခွင့် ရနေတယ် ဆိုတာ သူဟာ ပွဲထွက်ခွင့် ၊ ပွဲကစားခွင့် တွေနဲ့ ထိုက်တန်လို့ပါ ။ ဒါပေမယ့် ဒီလို ပွဲကစားခွင့် တွေ ထပ်ရဖို့ နောက်ထပ် ပိုကောင်းတဲ့ စွမ်းဆောင်ရည် တွေနဲ့ သက်သေ ပြဖို့ လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR