မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ရိုမီလူ လူကာကူ ဟာ အသင်း မှာ ပွဲထွက် ကစား ခွင့် ရရှိ ဖို့ အာမ ခံချက် မရှိ တော့တဲ့ အတွက် ဒီနွေ မှာ အီတလီ ထိပ်သီး အင်တာ မီလန် အသင်း ဆီ မြင့်မား တဲ့ ပြောင်းရွှေ့ ကြေးနဲ့ ထွက်ခွာ သွားခဲ့ သူပဲ ဖြစ် ပါတယ် ။

အခုတော့ လူကာကူ က သူဟာ ယူနိုက်တက် မှာ ဘာ့ကြောင့် အလုပ် မဖြစ်ခဲ့ သလဲ ဆိုတာ သူလည်း မသိရှိ ကြောင်း ၊ စိတ်ပျက်ဖွယ် အခိုက်အတန့် တွေကို ပိုင်ဆိုင် ခဲ့ရ ပေမယ့် အိုးလ် ထရပ်ဖို့ဒ် မှာ ကစား ခွင့် ရရှိ ခဲ့ခြင်း က တစ်ကယ်ပဲ ခမ်းနား လှတဲ့ အရာ တစ်ခု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

” ဘာကြောင့် အလုပ် မဖြစ်ခဲ့ သလဲ ဆိုတာ ကျွန်တော် မသိ ပါဘူး ။ ကျွန်တော် အဲ့တာ ကို နောက်ပြန် လှည့်ကြည့် ဖို့လည်း ကြိုးစား မှာ မဟုတ် ပါဘူး ။ ကျွန်တော် ဟာ ကံ ကြမ္မာ ကို အနိုင်ယူ နိုင်ခဲ့ တယ် ဆိုတဲ့ အကြည့် နဲ့ပဲ နောက်ပြန် လှည့်ကြည့် သွားမှာ ပါ ”

” ကျွန်တော် ရှိနေ ခဲ့တဲ့ နေရာ တစ်ခု ကနေ ဒီ အထိ တက်လှမ်း နိုင်ခဲ့ ပါတယ် ။ ကျွန်တော် လျှောက်တဲ့ လမ်းကြောင်း တစ်လျောက် ပိုမို တိုးတက် အောင် လုပ်ဆောင် နိုင် ခဲ့တယ် ။ ကျွန်တော် ကံ ကြမ္မာ ကို အနိုင်ယူ ကျော်ဖြတ် ခဲ့ ရတယ် ။ ကျွန်တော် နဲ့ ကျွန်တော့် မိသားစု က လွဲရင် ဘယ်သူ ကမှ ကျွန်တော် ဒီလောက် အထိ ခြေလှမ်းတွေ လှမ်းနိုင် လိမ့်မယ် လို့ မတွေး ခဲ့ကြ ပါဘူး ”

” ကျွန်တော့် အတွက် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း မှ အတွေ့ အကြုံ တွေက တစ်ကယ့် ကို ခမ်းနား တဲ့ အရာ တစ်ခု ပါပဲ ။ ကျွန်တော် နိုင်ပွဲ တွေ ၊ အောင်မြင် မှုတွေ ရချင် ခဲ့တယ် ။ ဒါပေမယ့် မရ ခဲ့ဘူး ၊ ဒါ့ကြောင့် ဒါဟာ ကောင်းမွန် တဲ့ အခိုက်အတန့် တွေ မဖြစ် ခဲ့ရ ပါဘူး ။ ဒါပေမယ့် သူတို့ တွေက ကျွန်တော့် ကို အခွင့်အရေး တစ်ခု တော့ ပေးခဲ့ ကြ ပါတယ် ”

” ကျွန်တော် ဟာ ကမ္ဘာ့ အကြီးမား ဆုံး ကလပ် အသင်း တစ်ခု မှာ ကစား ခွင့် ရရှိ ခဲ့ ပါတယ် ။ ဒါ့ကြောင့် ကျွန်တော် ဟာ သူတို့ အပေါ် မှာ လေးစား သမှု အမြဲတမ်း ရှိနေ မှာပါ ။ အဆုံးသတ် မှာတော့ ကျွန်တော် ဟာ အသင်း ပြောင်းရွှေ့ပြီး ခြားနား တဲ့ အရာ တွေ ကြိုးစား လုပ်ဆောင် သင့်တယ် လို့ တွေးတော ခဲ့ရ ပါတယ် ”

” သူတို့ တွေ အနာဂတ် မှာ အရာရာ ကောင်းမွန် ပါစေ လို့ ကျွန်တော် ဆုတောင်း ပေးလိုက် ပါတယ် ။ အခုတော့ ကျွန်တော် ဟာ ကိုယ်ပိုင် လမ်းကြောင်း တစ်ခု အပေါ် မှာ ရှိနေ ပါပြီ ။ ကျွန်တော် အခု စီးရီးအေ မှာ အရမ်း ပဲ ပျော်ရွှင် နေရ ပါတယ် ” လို့ လူကာကူ က အသင်း ဟောင်း အပေါ် ကောင်းမွန် တဲ့ မှတ်ချက် တွေ ပေးသွား ခဲ့လိုက် ပါတယ် ။

လူကာကူ ဟာ အင်တာ မီလန် အသင်း ဆီ ပြောင်းရွှေ့ သွားတဲ့ နောက် ကစား ပေး ခဲ့တဲ့ ရာသီ ကြို ပွဲစဉ် နှစ်ပွဲ မှာ ဂိုးတွေ သွင်းယူ ပေးနိုင် ခဲ့ သလို ရာသီ သစ် အဖွင့် ပွဲ မှာလည်း တစ်ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

#Sports_Myanmar