လက်ရှိ ဖီအိုရင်တီးနား အသင်း ကို ပြောင်းရွှေ့ ဖို့ သတင်းကြီး နေတဲ့ အသင်း ရဲ့ ကွင်းလယ်လူ ဖရက်ဒ် ဟာ ပွဲတွေ များစွာ ကစားဖို့ အတွက် အိုးလ် ထရပ်ဖို့ဒ် မှာပဲ ဆက်လက် ရှိ နေမှာ ဖြစ်ကြောင်း ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ကို ပေါင် 52 သန်း နဲ့ ရောက်ရှိ တာ တစ်နှစ် သာ ရှိနေ သေးတဲ့ ဖရက်ဒ် ဟာ လက်ရှိ အချိန် အသင်း ပြောင်းဖို့ အတွက် သတင်း ထွက် နေပြီး စီးရီအေ ကလပ် ဖီအိုရင်တီးနား အသင်း က သူ့ကို ခေါ်ယူ လိုနေ ခဲ့ ပါတယ် ။ ဖရက်ဒ် ဟာ အိုးလ် ထရပ်ဖို့ဒ် ကို ရောက်ရှိ ကတည်းက အသင်း အတွက် ဂိုး သွင်းယူ ၊ ဖန်တီး နိုင်ဖို့ ရုန်းကန် နေခဲ့ ရ ပါတယ် ။

အထူးသဖြင့် ဖရက်ဒ် ဟာ ဒီ ရာသီ အတွင်း မှာ အသင်း အတွက် ပွဲထွက် ကစား ခွင့် လုံးဝ မရရှိ သေး ပါဘူး ။ ဒါပေမယ့် ဆိုးလ်ရှား ကတော့ ဖရက်ဒ် ဟာ အသင်း ရဲ့ အဓိက အစိတ် အပိုင်း အဖြစ် ပါဝင် ကစား ခွင့် ရရှိ မှာ ဖြစ်သလို သူရဲ့ အနာဂတ် စီမံကိန်း မှာ ပါဝင် တဲ့ ကစားသမား ဖြစ်ကြောင်း ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

” သူ ( ဖရက်ဒ် ) ဟာ လက်ရှိ အချိန် မှာ အလုပ် တွေ ကြိုးစား လုပ်ဆောင် နေ ပါတယ် ။ သူဟာ ပေါ့ဂ်ဘာ နဲ့ တော်မီနေး နောက်မှာ ရှိနေ ပေမယ့် အလုပ် တွေ အရမ်း ကြိုးစား နေခဲ့ ပါတယ် ။ ဒီ ရာသီ မှာ မာတစ် လည်း ပွဲ ကစား ခွင့်တွေ မရရှိ သေး ပါဘူး ”

” သြဂုတ် လ ဆိုတာ အသင်း ကို စီမံ ခန့်ခွဲ ဖို့ ခက်ခဲ လွန်းတဲ့ လ တစ်ခု ပါပဲ ။ ဘာဖြစ် လို့လဲ ဆိုတော့ ကျွန်တော် တို့ တစ်ပါတ် မှာ တစ်ပွဲ ပဲ ကစား ရတယ် လေ ။ ဒီလို အချိန် မှာ အသင်း သား တိုင်းက ကြံ့ခိုင် နေပြီး ပွဲတွေ ကစား ဖို့ အဆင်သင့် ဖြစ်နေ တက်ကြ တယ်လေ ”

” စက်တင်ဘာ ၊ အောက်တိုဘာ နဲ့ နိုဝင်ဘာ လတွေ မှာတော့ ကျွန်တော် တို့ ဒဏ်ရာ ပြသနာ တွေ စတင် ကြုံတွေ့ ရတက် ပါတယ် ။ အဲ့ဒီ အချိန် တွေမှာ ပွဲတွေ အများကြီး ကစား နေရ ပြီလေ ။ အဲ့ဒီလို အချိန် တွေမှာ ဖရက်ဒ် ဟာ ပွဲတွေ အများကြီး ကစား ခွင့် ရရှိ သွားမှာ ပါ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

ဖရက်ဒ် ဟာ ယူနိုက်တက် မှာပဲ ဆက်ရှိ နေဖို့ အလားအလာ များပြား နေ ပေမယ့် ယူနိုက်တက် အသင်း မှာတော့ အပြောင်း အလဲ တွေ များစွာ ရှိနေ ပါတယ် ။ ယူနိုက်တက် အသင်း မှ တိုက်စစ်မှူး လူကာကူ ထွက်ခွာ သွားခဲ့ သလို တောင်ပံ တိုက်စစ် ကစားသမား ဖြစ်တဲ့ အလက်ဆစ် ဆန်းချက် ဟာလည်း အငှား ထွက်ခွာ သွားခဲ့ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် ရဲ့ တိုက်စစ် ပိုင်းမှာ ကစားသမား အင်အား နည်းပါး နေခဲ့ ပါတယ် ။ ဒါ့အပြင် မနေ့ ညက ဗဟို နောက်ခံလူ ခရစ် စမောလင်း ဟာလည်း ရိုးမား အသင်း ဆီ အငှား ထွက်ခွာ သွားခဲ့ ပါ သေးတယ် ။ ဒါပေမယ့် ယူနိုက်တက် ခံစစ် မှာ ကစားသမား လုံလောက်စွာ ရှိနေ တဲ့ အတွက် အဆင် ပြေ ပါတယ် ။

လက်ရှိ အချိန် ယူနိုက်တက် တိုက်စစ် အတွက် ဆိုးလ်ရှား က ရပ်ရှ်ဖို့ ၊ မာရှယ် နဲ့ ဂရင်းဝုဒ် တို့ကို အသုံးပြု သွားဖို့ ရှိနေ ပြီး တောင်ပံ တိုက်စစ် နေရာ တွေ အတွက် တော့ ဒန်နီယယ် ဂျိမ်းစ် ၊ မာတာ နဲ့ ပါရဲရား တို့ကို အဓိက ထား အသုံးပြု သွားဖို့ ရှိနေ ပါတယ် ။

နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ် 2 ပွဲမှာ ရမှတ် 5 မှတ် အထိ ဆုံးရှုံး ထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ ည မှာတော့ ဆောက်သမ်တန် အသင်း နဲ့ ပရီးမီးယား လိဂ် ပွဲစဉ် 4 ကို ကစား ရဖို့ ရှိနေ ပါတယ် ။

#Sports_Myanmar