ယူနိုက်တက် ဟာ ဒီနေ့ ပွဲမှာတော့ ဒန်နီရယ် ဂျိမ်းစ် ကို ဘယ်တောင်ပံ မှာ ထားခဲ့ပြီး ရက်ဖိုဒ့်ကို အထောင်ထား ကာ မာတာ ၊ ပါရဲရား တို့ကို ကွင်းလယ် တိုက်စစ်မှာ ပံ့ပိုးစေခဲ့ ပါတယ် ။ လုခ်ရှော ရဲ့ နေရာကို အက်ရှ်လေယန်း ၀င် ကစားခဲ့ပြီး အသင်း ခေါင်းဆောင် လက်ပတ် ကိုလည်း ၀တ်ဆင် ခဲ့ ပါတယ် ။ ကျန်တဲ့ ကစား သမားတွေ ကတော့ ယခင် ပွဲတွေ က နဲ့ အပြောင်းအလဲ မရှိခဲ့ ပါဘူး ။

အိမ်ရှင် ဆောက်သမ်တန် က တောက်လျောက် ဖိထား ခဲ့ ပေမယ့် ပွဲချန် ၁၀ မိနစ် မှာတော့ ယူနိုက်တက် က အဖွင့်ဂိုး ရခဲ့ ပါတယ် ။ ဒီဂိုး ကိုတော့ တော်မီနေး ရဲ့ ပေးပို့မှု ကတဆင့် ဒန်နီရယ် ဂျိမ်း က ကန်သွင်းခဲ့ တာ ဖြစ်ပါတယ် ။ ဂျိမ်း ဟာ ပဲလေ့စ် နဲ့ ပွဲမှာလည်း ဒီလိုပုံစံမျိုး နဲ့ ကန်သွင်းပြီး ဂိုး ရခဲ့ ပါသေးတယ် ။

ဂိုးရ အပြီးမှာတော့ ယူနိုက်တက် တို့ ကစားပုံ တိုးတက် လာခဲ့ပြီး ဆောက်သမ်တန် ဘက်ကို ခြိမ်းခြောက် လာနိုင် ခဲ့ ပါတယ် ။ ယူနိုက်တက် ရဲ့ တန်ပြန် တိုက်စစ်တွေ ဟာ ပုံစံ မကျဖြစ်နေတဲ့ ဆောက်သမ်တန် နောက်တန်း ကို အလုပ်များ စေခဲ့ ပါတယ် ။

ယူနိုက်တက် နောက်တန်း ဟာ Passing ကစားပုံ နဲ့ အဆင်မပြေ သေးတာကို တွေ့လိုက်ရ ပါတယ် ။ အထူး သဖြင့် ၀မ် ဘစ်ဆာကာ ဟာ ဘောလုံး ကို လက်ခံ ယူအပြီး မှာ ပုံသေ နည်းလမ်း အုတိင်းပဲ ဘောလုံး ပေး နေခဲ့ တာ ကြောင့် စိန့် ကစား သမားတွေ ပိတ်ဆို့ မှန်းဆ နိုင်စေခဲ့ ပါတယ် ။

ပေါ့ဘာ ရဲ့ ဒီနေ့ ပွဲ ကစားပုံ ကတော့ သိပ်ပြီး အားရ စရာ မရှိခဲ့ ပါဘူး ။ တာဝန် ကျေရုံသာ ကစား သွားခဲ့ပြီး တန်ပြန် တိုက်စစ် ပြန်စနိုင် လောက်တဲ့ အနေအထား တွေ ကိုလည်း ပြင်းပြင်း ထန်ထန် အားမထုတ် ခဲ့တာ ကိုတွေ့ ခဲ့ရ ပါတယ် ။

မားကပ် ရက်ဖိုဒ့် ကတော့ အထောင် တိုက်စစ်မှုး တစ်ယောက် ဖြစ်ဖို့ ဆိုရင် ဒီထက် ပိုပြီး အဆုံးသတ် နိုင်ဖို့ လိုအပ် ပါလိမ့်မယ် ။ ဒီနေ့ ပွဲမှာ သူ အသုံးမချနိုင် ခဲ့တဲ့ အခွင့် အရေးတွေ မနည်းခဲ့ ပါဘူး ။ ယူနိုက်တက် ရဲ့ ဒုတိယ ပိုင်း ကစားပုံ ဟာ အချိတ် အဆက် လွဲချော်မှုတွေ များခဲ့ပြီး ဆောက်သမ်တန် အတွက် တန်ပြန် တိုက်စစ်ပေါင်းများစွာ ကို ဖြစ်စေခဲ့ ပါတယ် ။ ဒါပေမယ့် အိမ်ရှင် စိန့် တို့ ဟာ အခွင့် အရေးတွေ ကို ကောင်းကောင်း အသုံးမချ နိုင်ခဲ့ ပါဘူး ။

ဒုတိယပိုင်း ၅၈ မိနစ် မှာတော့ မန်ချက်စတာ ယူနိုက်တက် တို့ ဂိုးပြန် ပေးခဲ့ရ ပါတယ် ။ ဒါဟာ ယူနိုက်တက် ရဲ့ ပေါ့လျေှာု့ တွေ ကြောင့် ရခဲ့တာ ဖြစ်ပြီး အမြင့်ဘော ၂ ကြိမ်စလုံး မှာ ဆောက်သမ်တန် ကစား သမားတွေ က ချည်း အသာရခဲ့ ပါတယ် ။ ဒီ တစ်ကြိမ် မှာလည်း လင်ဒီလော့ဖ် ကို ကျော်ကာ ခေါင်းတိုက် သွားခဲ့တာ ဖြစ်ပြီး ဆွီဒင် ခံစစ်မှုး ရဲ့ အမြင့်ဘော ရှင်းထုတ်မှု အရည် အသွေးကို မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့ ပါတယ် ။

မိနစ် ၆၀ မှာတော့ ဆောက်သမ်တန် ဘက်က လူစားလဲခဲ့ ပါတယ် ။ ခြေစွမ်းမပြနိုင်တဲ့ အဒမ် ကို ထုတ်ပြိး အမြင့်ဘော အားကောင်းတဲ့ ရှိန်လောင်း ကို ထည့် ကစားခဲ့ ပါတယ် ။ ရှိန်လောင်း ဟာ အမြင့်ဘော အားနည်း ပြီး ယုံကြည်မှု လျော့ နေတဲ့ လင်ဒီလော့ဖ် နားကနေ ဂိုးသွင်းနိုင်မယ့် အခွင့် အရေးတွေ ကို ရှာဖွေခဲ့ ပါတယ် ။

၇၂ မိနစ် မှာတော့ တော်မီနေး ကို တားဆီးရင် ဆောက်သမ်တန် နောက်ခံလူ ဒန်ဇို ဒုတိယ အ၀ါထိပြီး အနီကဒ် နဲ့ ထုတ်ပယ် ခံခဲ့ရ ပါတယ် ။ ယူနိုက်တက် ဟာ မာတစ် ၊ လင်ဂတ် တို့ကို ထည့်သွင်း ပေမယ့် အခြေအနေ မထူးတာ ကြောင့် တော်မီနေး ကို ထုတ်ပြီး ဂရင်းဝုဒ် ကို ထည့်ခဲ့ ပါတယ် ။ ယူနိုက်တက်ဟာ မိနစ် ၂၀ လောက် တစ်ယောက် အသာ နဲ့ ကစားခဲ့ ရပေမယ့် ဖိထားနိုင်တာ ကလွဲရင် အနိုင် ရစေမယ့် သွင်းဂိုး ကို မရှာဖွေနိုင်ခဲ့ ပါဘူး ။

ပွဲအပြီးမှာတော့ ယူနိုက်တက် တို့ နောက်ထပ် နိုင်ပွဲ ပျောက်ခဲ့ရ ပါတယ် ။ ယူနိုက်တက် တို့ ပွဲအစ မှာ ရခဲ့တဲ့ ဦးဆောင်ဂိုး ကို မထိန်းထားနိုင် ခဲ့သလို လိုအပ်ချက် တွေ လည်း များစွာ ရှိခဲ့ ပါတယ် ။ သေချာတာ ကတော့ ယူနိုက်တက် ဟာ အနိုင် ရလဒ် နဲ့ မထိုက်တန် ခဲ့ဘူးဆိုတာ ပါပဲ ။