မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲစဉ် 4ရဲ့ အစောဆုံး ပွဲ အဖြစ် ဆောက်သမ်တန် ကွင်းမှာ သွားရောက် ကစားခဲ့ ရပြီး တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။ အဆိုပါ ရလဒ်နဲ့ အတူ ယူနိုက်တက် တို့ ရာသီ သစ်မှာ သုံးပွဲဆက် နိုင်ပွဲ ပျောက်ဆုံး ခဲ့ရ ပါပြီ ။

ဒီနေ့ ပွဲစဉ် ရဲ့ ပွဲချိန် 10 မိနစ် မှာပဲ ယူနိုက်တက် တို့ဟာ ဒန်နီယယ် ဂျိမ်းစ် ရဲ့ ကောင်းမွန် တဲ့ ကန်ချက် နဲ့ အတူ အဖွင့် ဂိုး ရရှိ ခဲ့ပြီး ပထမပိုင်း ကို ဦးဆောင် နိုင်ခဲ့ ကြ ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်း ပွဲချိန် 58 မိနစ် မှာ ဗတ်စတာဂတ် ရဲ့ ခေါင်းတိုက်ချက် က အိမ်ရှင် အသင်း ကို သရေ တစ်မှတ် ရရှိ သွား စေခဲ့ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 73 မိနစ် မှာ ဆောက်သမ်တန် ရဲ့ ခြေပဂိုး ကို ဖန်တီးပေး ခဲ့တဲ့ ဒန်ဆို ဟာ နှစ်ဝါ တစ်နီ ထိခဲ့ တာကြောင့် ပွဲစဉ် မှ ထွက်ခွာ ခဲ့ရ ပါတယ် ။ ဒါပေမယ့် ကစားသမား တစ်ယောက် လျော့နေ ခဲ့တဲ့ ဆောက်သမ်တန် ဟာ ယူနိုက်တက် ကို ပွဲချိန် ပြီးဆုံးတဲ့ အထိ အကောင်းဆုံး ခုခံ ကစား သွားနိုင် ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှ ကစားသမား တွေရဲ့ စွမ်းဆောင်ရည် ကို ဖော်ပြ ပေးလိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်
——————————–

ဒီဂီယာ ( 6 )

ပွဲစဉ် အတွင်း ကောင်းမွန် တဲ့ ဂိုးပေါက် ကာကွယ် မှု အချို့ ပြုလုပ် နိုင်ခဲ့ ပေမယ့် ပြိုင်ဖက် ရဲ့ ခေါင်းတိုက်ချက် ကို ဟန့်တား နိုင်ခွင့် မရှိခဲ့ ပါဘူး ။

ဝမ် ဘစ်ဆာကာ ( 8 ) MOTM

ပွဲစဉ် တိုင်း အကောင်းဆုံး ခြေစွမ်း ပြသရင်း ဆောက်ဂိတ် ရဲ့ လက်ရွေးစင် အသင်း မှ ခေါ်ယူ မှုနဲ့ ထိုက်တန် ကြောင်း ပြသ သွားခဲ့ ပါတယ် ။

လင်ဒီလော့ဖ် ( 6 )

ပွဲစဉ် တစ်လျောက် ကောင်းမွန်ခဲ့ ပေမယ့် ပြိုင်ဖက် အသင်း ရဲ့ ခြေပ ဂိုးကို ပိတ်ဆို့ ဟန့်တား နိုင်ခြင်း မရှိခဲ့ ပါဘူး ။

မက်ဂွားယား ( 7 )

ခံစစ် ပိုင်း ကစား ပုံ ဆက်လက် ကောင်းမွန် ခဲ့ပြီး လိုအပ် တဲ့ အချိန် တွေမှာ တိုက်စစ် ပိုင်းကို ပါ အထောက်အကူ ပေးနိုင် ခဲ့ ပါတယ် ။

အက်ရှ်လေ ယန်း ( 6 )

လုခ်ရှော ရဲ့ နေရာ မှာ ပါဝင် ခွင့် ရရှိ ခဲ့တဲ့ ယန်းဟာ ခြေစွမ်း ကောင်း ပြသ နိုင်ခဲ့ ပေမယ့် တိုက်စစ် ကို အကျိုး မပြု နိုင်ခဲ့ ပါဘူး ။

တော်မီနေး ( 6 )

အဖွင့် ဂိုးကို ကောင်းမွန်စွာ ဖန်တီး ပေးနိုင် ခဲ့ပြီး ဘူဖယ် ရဲ့ ကန်ချက် ကိုလည်း ရဲဝံ့စွာ ပိတ်ဆို့ ကာကွယ် နိုင်ခဲ့ ပါတယ် ။

ပေါ့ဂ်ဘာ ( 4 )

ပွဲစဉ် တစ်လျောက် ခြေ မပေါ်ခဲ့ သလို ပထမပိုင်း အတွင်း ဘောလုံး 3 ကြိမ် အထိ ပျက်ခဲ့ ပါတယ် ။ ပရိသတ် မျှော်လင့် နေတဲ့ ခြေစွမ်းမျိုး ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။

ပါရဲရား ( 5 )

ပွဲစဉ် အတွင်း ထူးခြား ကောင်းမွန် တဲ့ ကစား ပုံ မပြသ နိုင်ခဲ့ ပါဘူး ။ လူစား လဲခံ ခဲ့ရ ပါတယ် ။

ဟွမ် မာတာ ( 5 )

အဖွင့် ဂိုး ရရှိ ရေး အတွက် ဂျိမ်းစ် နဲ့ ကောင်းမွန်စွာ လူထပ် ကစား နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပွဲစဉ် တစ်လျောက် အလန်းစား ဘောလုံး ပေးပို့ မှုတွေ မလုပ် နိုင်ခဲ့ ပါဘူး ။ လူစား လဲခံ ခဲ့ရ ပါတယ် ။

ဒန်နီယယ် ဂျိမ်းစ် ( 7 )

အသင်း ရဲ့ တစ်လုံး တည်းသော သွင်းဂိုး ကို သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် အခွင့် အရေး ကောင်းတွေ နောက်ထပ် ရရှိ ခဲ့ ပေမယ့် အဆုံးသတ် မကောင်းမွန် ခဲ့ရ ပါဘူး ။

ရပ်ရှ်ဖို့ ( 4 )

အန်သိုနီ မာရှယ် မရှိတဲ့ အချိန် တိုက်စစ် ကစား ခဲ့ရ ပေမယ့် ထူးခြား တဲ့ ခြေစွမ်း မပြနိုင်ခဲ့ ပဲ ရုန်းကန် ခဲ့ရ ပါတယ် ။

လူစားဝင် ကစားသမား များ …

မာတစ် ( 6 )
လင်ဂတ် ( 6 )
ဂရင်းဝုဒ် ( ပွဲ ကစား ချိန် မလုံလောက်ခဲ့ )

ဆောက်သမ်တန်
———————

အန်းဂတ်စ် ဂန်း ( 7 )
စီဒရစ် ( 5 )
ဗတ်စတာဂတ် ( 7 )
ဂျန် ဘန်နာရက် ( 6 )
ကယ်ဗင် ဒန်ဆို ( 4 )
ဟော့ဂ်ျဗဂျက် ( 6 )
အော်ရီယို ရိုမီယူ ( 7 )
ဂျိမ်းစ် ဝက်ပရောက် ( 5 )
ဆိုဖီယန်နီ ဘူဖယ် ( 5 )
ချီ အဒမ် ( 5 )
ဒန်နီ အင့်ဂ် ( 6 )

လူစားဝင် ကစားသမား များ …

ရှိန်းလောင်း ( 6 )
အမ်းစထရောင်း ( 6 )
ယိုရှီဒါ ( 6 )