ဒီ တစ်ပါတ် ကစားကြမယ့် ပွဲစဉ် များ …

အိုဆာဆူနာ Vs ဘာစီလိုနာ ( ဒီည 9:30 )
အေတီကို Vs အီဘာ ( မနက်ဖြန်ည 11:30 )
ဗီလာရီးယဲ Vs ရီးယဲ မက်ဒရစ် ( 2 ရက်နေ့ နံနက် 1:30 )

ဘာစီလိုနာ နဲ့ ရီးယဲ မက်ဒရစ် တို့မှ ဒီနေ့ မခေါ်ယူ ဖြစ်ရင် တော့တင်ဟမ် ကွင်းလယ် ဖန်တီရှင်း အဲရစ်ဆင် ဟာ ဒီ ရာသီ လန်ဒန် မြေမှာ ပဲ ဆက်ရှိ နေလိမ့်မယ် လို့ သိရှိ ရ ပါတယ် ။

ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား တွေ ဖြစ်ကြ တဲ့ မက်ဆီ ၊ ဆွာရက် နဲ့ ဒမ်ဘီလီ တို့ဟာ ဒီ တစ်ပါတ် ပွဲစဉ် မှာလည်း ပါဝင် နိုင်မှာ မဟုတ်ဘူး လို့ သိရ ပါတယ် ။ ဒါ့ကြောင့် ဒီ တစ်ပါတ် မှာ ဂရစ်ဇ်မန်း ၊ ရာဖင်ဟာ နဲ့ ကားလပ်စ် ပီးရက်ဇ် တို့ရဲ့ တိုက်စစ် ကို ထပ်မံ မြင်တွေ့ ရဖို့ ရှိနေ ပါတယ် ။

ဘာစီလိုနာ မှ ထွက်ခွာ ဖို့ သတင်းကြီး နေတဲ့ ကွင်းလယ်လူ ရာကီတစ် ဟာ ကစား ခဲ့တဲ့ ငါးနှစ်တာ ကာလ အတွင်း အသင်း အတွက် 34 ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ကာ 37 ကြိမ် အထိ ဂိုး ဖန်တီး ပေးထား နိုင်ခဲ့တဲ့ မှတ်တမ်း ကောင်း တစ်ရပ် ပိုင်ဆိုင် ထားခဲ့ ပါတယ် ။

ဘာကာ အသင်း ဖက်မှ နည်းပြ ဗယ်လ်ဗာဒီ နဲ့ အသင်း ခေါင်းဆောင် သုံးဦး ဖြစ်တဲ့ မက်ဆီ ၊ ဘက်စ်ကွက် ၊ ပီကေး တို့ကို နေမာ ဟာ နူးကမ့် ဆီ ပြန်လာ နိုင်တော့မှာ မဟုတ်တဲ့ အကြောင်း ပြောကြား ခဲ့တယ် လို့ Mundo သတင်းစာ မှ ဖော်ပြ သွားခဲ့ ပါတယ် ။

PSG အသင်းရဲ့ အားကစား ဒါရိုက်တာ ကတော့ ဘာစီလိုနာ အသင်း ဖက်မှ နေမာ အတွက် တရားဝင် ကမ်းလှမ်း ခဲ့ ပေမယ့် အပြောင်းအရွှေ့ အတွက် ဘယ်လို သဘော တူညီမှု မှ မရရှိ သေးဘူး လို့ အတည်ပြု သွားခဲ့ ပါတယ် ။

PSG အသင်း နည်းပြ သောမက်စ် တူချယ် ကတော့ ဒမ်ဘီလီ ကို ပဲရစ် မြေဆီ လာရောက် ကစားဖို့ စည်းရုံး နေခဲ့တယ်လို့ သိရှိ ရပါတယ် ။ ဒါ့အပြင် ရာကီတစ် အတွက် လည်း PSG ဟာ တစ်ကယ့် ကို ကောင်းမွန် တဲ့ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ် ခဲ့ပါ သေးတယ် ။

ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး ဆွာရက်ဇ် ကတော့ နေမာ ဟာ လက်ရှိ အချိန်မှာ ခက်ခဲတဲ့ အခိုက်အတန့် တွေကို ပိုင်ဆိုင် နေ လိမ့်မယ် လို့ သုံးသပ် သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ ကစားသမား သစ် ဂျူနီယာ ဖီရ်ပို က ဘယ်ဖက် ခြေထောက် မှာ ဒဏ်ရာ ပြသနာ ကြုံတွေ့ နေရတယ် လို့ သိရှိရ ပါတယ် ။

ကစားသမား ဘဝ ရဲ့ အကောင်းဆုံး အခိုက်အတန့် က ဘာစီလိုနာ အတွက် ပထမဆုံး ပွဲထွက် ကစား ပေးတဲ့ အချိန် ဖြစ်ကြောင်း ဂန္ဓဝင် အင်နီယေစတာ က ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ အသက် 19 နှစ် အရွယ် ခံစစ် ကစား သမား ဖြစ်သူ ဟွမ် မီရန်ဒါ ဟာ ရှော်လ်ကေး အသင်း ဆီ ပြောင်းရွှေ့ သွားခဲ့ ပါပြီ ။

U 17 ကမ္ဘာ့ ဖလား ပြိုင်ပွဲ မတိုင်မီ စပိန် အသင်း ဟာ ဘာစီလိုနာ အသင်းရဲ့ လူငယ်လေး အန်းဆု ဖာတီ ကို ရွေးချယ် သွားဖို့ လုပ်ဆောင် နေတယ် လို့ သိရှိ ရ ပါတယ် ။

PSG ဥက္ကဌ ကတော့ နေမာ ကို ဂျူဗင်တပ် အသင်း ဆီ ရောင်းချ နိုင်ဖွယ် ရှိကြောင်း ဘာကာ ကို သတိပေး ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။

ချဲလ်ဆီး နဲ့ အတူ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ယူရို ပါလိဂ် ဖလား ရယူ နိုင် ခဲ့တဲ့ ရီးယဲ မက်ဒရစ် ကစားသမား သစ် အီဒင် ဟာဇက် ကတော့ ယူရို ပါလိဂ် ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ရရှိ သွားခဲ့ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ရဲ့ ဂိုးသမား ဖြစ်သူ ကေလာ နာဗတ်စ် ကတော့ PSG အသင်း ဆီ ပြောင်းရွှေ့ ဖို့ သတင်းကြီး နေပါတယ် ။ PSG အသင်း ရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒို က ကေလာ နာဗတ်စ် နဲ့ အရီယိုလာ တို့ကို ကစားသမား အလဲအထပ် ပြုလုပ် ဖို့ ရီးယဲ နဲ့ ဆွေးနွေး နေကြောင်း အတည်ပြု သွားခဲ့ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ကတော့ အပြောင်း အရွှေ့ မပိတ်သိမ်းမီ ယူရို 155 သန်း ဝန်းကျင် သုံးနိုင် သေးတယ် လို့ သိရှိ ရ ပါတယ် ။ လက်ရှိ အချိန် မှာတော့ ရီးယဲ ဟာ နေမာ နဲ့ ပေါ့ဂ်ဘာ တို့မှ တစ်ဦး ကို ခေါ်ယူ ဖို့ ချိန်ရွယ် နေဆဲ ပါပဲ ။

ထို့အတူ ယူနိုက်တက် ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်တဲ့ စပို့တင်း လစ္စဘွန်း အသင်း ရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကို ခေါ်ယူ ဖို့ ရီးယဲ တို့ စိတ်ဝင်စား နေတယ် လို့ သိရှိ ရ ပါတယ် ။

ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း ဟာ နိုင်ငံတကာ ပွဲစဉ် ကစား ဖို့ အတွက် ဒဏ်ရာ ရရှိ နေတဲ့ ဟာဇက် ကို ရွေးချယ် ခဲ့ ပေမယ့် စွန့်စားမှု လုပ်သွား ဖို့ မရှိကြောင်း နည်းပြ မာတီနက်ဇ် က ပြောကြား သွားခဲ့ ပါတယ် ။

ဗီလာ ရီးယဲ နဲ့ ကစား ရမယ့် ပွဲစဉ် မတိုင်မီ ဟာဇက် ဟာ အသင်း နဲ့ ပူးပေါင်း ပြီး လေ့ကျင့်ရေး ပြုလုပ် နိုင် ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။

ပြီးခဲ့တဲ့ တစ်ပါတ်က ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့တဲ့ အေတီကို ကစားသမား သစ် ဂျွာအို ဖဲလစ် ဟာ အီဘာ နဲ့ ကစား ရမယ့် ပွဲစဉ် မတိုင်မီ အသင်း နဲ့ ပူးပေါင်း လေ့ကျင့် ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။

ထွက်ပေါ် လာတဲ့ သတင်း အရ မိုရာတာ ဟာ ဒူး ဒဏ်ရာ ရရှိ နေတဲ့ အတွက် အီဘာ နဲ့ ပွဲစဉ် မှာ သောမက်စ် လီမာ ပါဝင် ခွင့် ရရှိ လိမ့်မယ် လို့ သိရှိ ရ ပါတယ် ။

အေတီကို ကတော့ ကော်ရီယာ ကို အေစီ မီလန် ဆီ ရောင်းချ ပြီး ရိုဒရီဂို ကို ခေါ်ယူ ဖို့ လုပ်ဆောင် နေတယ် လို့ သိရှိ ရ ပါတယ် ။

ဒါ့အပြင် အင်တာ မီလန် မှာ အနာဂတ် မသေချာ တော့တဲ့ တိုက်စစ်မှူး အီကာဒီ ဟာ အေတီကို ဆီ ပြောင်းရွှေ့ ကစား လိုနေ တယ်လို့ သတင်း ထွက်ပေါ် လာ ပါတယ် ။