မန်စီးတီးဟာ ဒီပွဲမှာတော့ ဂိုးသမား အီဒါဆင် ၊ နောက်တန်း မှာ ဝေါ်ကာ ၊ လာပေါ်တေး ၊ အော်တာမန်ဒီ ၊ ဇင်ချန်ကို တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကွင်းလယ် ကစားသမား တွေ အဖြစ် ရိုဒရီ ၊ ဒီဘရိုင်း ၊ ဒေးဗစ် ဆေးဗား တို့ကို အသုံးပြုခဲ့ပြီး ၊ မာရက် ၊ အဂွေးရိုး နဲ့ စတာလင် တို့က တိုက်စစ်ကို တာဝန်ယူ ခဲ့ကြပါတယ်။

မန်စီးတီး ကစားသမားတွေဟာ ကွင်းအတွင်း ၀င်ရောက်လာချိန်မှာတော့ လက်ပတ် အနက်တွေကို ၀တ်ဆင်ခဲ့ကြပြီး ၊ လူးဝစ် အင်းနရစ် ရဲ့ သမီးငယ်လေး အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ကို ပြသသွားခဲ့ကြပါတယ်။

Goal!!!
ပွဲစလို့ 1 မီးနစ် သာသာမှာပဲ အိမ်ရှင် မန်စီးတီး တို့ အဖွင့်ဂိုး စတင် ရရှိခဲ့ပါတယ်။ ဒေးဗစ် ဆေးဗား က ခင်းပေးလိုက်တဲ့ ဘောလုံးကို ဒီဘရိုင်းက ၀င်ပိတ်ပြီး သွင်းယူ သွားခဲ့တာ ဖြစ်ပြီး ၊ မှတ်တမ်းတွေ အရ 68 စက္ကန့်သာ ကြာမြင့်တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ လက်ရှိ ချန်ပီယံ မန်စီးတီးကပဲ ဘောလုံးပိုင်ဆိုင်မှု အသာ ၊ ကစားကွက် အသာနဲ့ စိတ်ကြိုက် ခြယ်လှယ် ကစားခဲ့သလို ၊ ဂိုးသွင်းခွင့်တွေလဲ အကြိမ်ကြိမ် ဖန်တီးတီးလာခဲ့ပါတယ်။ စတာလင် ဖန်တီးပေးလိုက်တဲ့ ဘောလုံးဆိုရင် ၊ ဒေးဗစ် ဆေးဗား ဟာ အနီးကပ် ပိတ်သွင်းခွင့် ရရှိခဲ့သည့်တိုင်အောင် ၊ ထိချက်က မမှန်ပဲ လွဲချော် သွားခဲ့ရပါတယ်။

မန်စီးတီး ပရိသတ်တွေ အတွက် သတင်းဆိုး တစ်ခုဟာ မီးနစ် 30 အကျော်မှာ ပေါ်လာခဲ့ ပါတယ်။ အားထားရတဲ့ နောက်တန်း ကစားသမား လာပေါ်တေး ဟာ ပြိုင်ဘက် ကစားသမား နဲ့ ဘောလုံး ယှဉ်လုရင်း ဒဏ်ရာ ပြသနာ ရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ အတွက် ကွင်းထဲကနေ ထွက်ခွာသွားခဲ့ရပြီး ၊ သူ့ရဲ့ နေရာကို ဖာနန်ဒင်ဟို က ၀င်ရောက် ကစားပေးလာခဲ့ပါတယ်။ အဆိုပါ ဒဏ်ရာကြောင့် လာပေါ်တေး ဟာ ပြင်သစ် လက်ရွေးစင် ကစားသမား စာရင်းကနေ သေချာပေါက် နှုတ်ထွက် ရဖွယ် ရှိနေပါတယ်။

သို့သော် စီးတီး ရဲ့ ကစားပုံဟာ လုံးဝ ကျဆင်းသွားခြင်း မရှိသလို ၊ တောင်ပံ နှစ်ဖက်ကနေ ဆက်လက် ဖိအားပေးရင်း ၊ ပထမပိုင်း ပြီးခါနီးမှာ ဒုတိယ ဦးဆောင်ဂိုး ထပ်မံ ရရှိခဲ့ပြန်ပါတယ်။ ဒီဂိုး ကိုတော့ ပထမဂိုး သွင်းယူ ပေးထားတဲ့ ဒီဘရိုင်းက ခင်းပေးလိုက်တဲ့ ဘောလုံးကို အဂွေးရိုးက သပ်သပ်ရပ်ရပ် နဲ့ အဆုံးသတ် ပြသွားခဲ့တာ ဖြစ်ပါတယ်။

Second Half

ဒုတိယ ပိုင်း ပြန်လည် ကစားချိန်မှာတော့ မန်စီးတီး ရဲ့ ကစားပုံဟာ အနည်းငယ် လျှော့ရဲလာပြီး ၊ သာမန် ဘောလုံး ပေးပို့မှုတွေမှာတောင် အမှားအယွင်းတွေ ဖြစ်လာခဲ့ပါတယ်။ ဘရိုတ်တန်ဟာ အဲဒီ အခွင့်အရေးကို ယူပြီး ၊ ချေပဂိုး ရယူဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းတော့ မရှိပါဘူး။

55 မီးနစ် အရောက်မှာတော့ တိုက်စစ်မှုးကြီး အဂွေးရိုးက အသင်းအတွက် တတိယ မြှောက် ဦးဆောင်ဂိုးကို ထပ်မံ သွင်ယူပေးလိုက် ပြန်ပါတယ်။ ဒီဂိုးဟာ ဧရိယာ စပ်နားကနေ ကန်သွင်းလိုက်တာ ဖြစ်ပြီး ၊ ဂိုးသမား ရဲ့ အပေါ်ထောင့်ကို တည့်တည့်မတ်မတ် တန်းဝင်သွားခဲ့တဲ့ အဆင့်မြင့် ဂိုး တစ်ဂိုးလဲ ဖြစ်ပါတယ်။

တတိယ ဂိုး ရရှိသွားချိန်မှာတော့ ပွဲအနေအထားက တစ်ဖက်သတ်ကို ဆန်လွန်းသွားခဲ့ပါပြီ။ ဘရိုတ်တန်ဟာ မန်စီးတီး နဲ့ တွေ့တိုင်း ဂိုးပြတ်ရှုံးရမယ့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့ သေချာနေခဲ့သလို ၊ ကစားကွက်ပိုင်း အရရော ၊ အသင်းလိုက် စွမ်းဆောင်မှုပိုင်းမှာပါ လုံးဝ တုန့်ပြန် နိုင်ခြင်း မရှိပဲ ဖြစ်နေခဲ့တာပါ။

မန်စီးတီး ကတော့ ဂိုးသွင်းဖို့ သွေးပူ လေ့ကျင့်ခန်း ဆင်းနေတာလား လို့တောင် ထင်မှတ် ရလောက်ပြီး ၊ နောက်ထပ် သွင်းဂိုး တစ်ဂိုးလဲ ဘာနာဒို ဆေးဗား က ထပ်မံ သွင်းယူပေးသွားခဲ့ပြန်ပါတယ်။

အဲဒီနောက်မှာတော့ ပက်ဟာ အဂွေးရိုး ကို နောက်ပြန်ထားကာ ၊ စတာလင် ကို တိုက်စစ်ကို ဦးဆောင်စေတဲ့ ပုံစံသစ် နဲ့ ကစားခဲ့ပြီး ၊ တန်ပြန် တိုက်စစ်တွေကို အခွင့်အရေး ယူဖို့ ပြင်ဆင်လာခဲ့ဟန် တူပါတယ်။ ဒီပွဲမှာ စတာလင်ဟာ အရင်ပွဲတွေကလောက် ခြေစွမ်းပြနိုင်ခြင်း မရှိသလို ၊ ဖန်းတီးနိုင်မှုကလဲ အားနည်းနေခဲ့တာပါ။

သို့သော် မန်စီးတီးဟာ အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ရလာဒ် နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်သွားခဲ့ပါတယ်။ ပွဲစဉ် 4 ပွဲ ကစားအပြီးမှာပဲ မန်စီးတီး ရဲ့ သွင်းဂိုးက 14 ဂိုး အထိရှိနေခဲ့ပြီ ဖြစ်ပါတယ်။