မန္ခ်က္စတာ စီးတီး ကြင္းလယ္လူ ကီဗင္ ဒီဘရုိင္း ဟာ ယမန္ေန႔ ညက ကစားခဲ့ တဲ့ ဘုန္း ေမာက္ အသင္း နဲ႔ ပြဲ မွာ ဒဏ္ရာ ထပ္မံ ရရွိ ၿပီး လူစားလဲ ထြက္ခြာ ခဲ့ ရ ပါတယ္ ။ ဒါဟာ ဘယ္လ္ဂ်ီယံ ကြင္းလယ္ လူ အတြက္ ဒီရာသီ မွာ တတိယ အႀကိမ္ ေျမာက္ ဒဏ္ရာ ရရွိ ခဲ့တာ ျဖစ္ၿပီး ကာလ အတန္ၾကာ ထပ္မံ ဆံုးရွဳံး ရဖို႔ ရွိေန ပါတယ္ ။ ဒါ့အျပင္ ခံစစ္မႈး ဂြ်န္စတုန္း ဟာလည္း ဒဏ္ရာ ရခဲ့ၿပီး ေဆးအဖြဲ႕ ရဲ႕ ကုသ မႈ ကို ခံယူခဲ့ရ ပါတယ္ ။

လက္ရွိ စီးတီး ကြင္းလယ္ မွာ ဒီဘရုိင္း အျပင္ အားထား ရတဲ့ ဖာနန္ဒင္ဟို လည္း ဒဏ္ရာ ရရွိလုိ႔ ေနခဲ့ ပါတယ္ ။ စီးတီး နည္းျပ ပက္ ဂြာဒီယိုလာ က ေတာ့ ပြဲစဥ္ ေရးဆြဲ မႈ ေတြ ဟာ သူ႔ရဲ႕ ကစား သမား ေတြ အခုလို ဒဏ္ရာ ရရွိ ခဲ့ တဲ့ အေၾကာင္း အရင္း ေတြ ျဖစ္တယ္ လို႔ ေျပာဆို ေ၀ဖန္ သြားခဲ့ ပါတယ္ ။

ဂြာဒီယိုလာ က ျပည္တြင္း ပြဲစဥ္ေတြ ရဲ႕ အနား မေပး မႈ ေၾကာင့္ ရာသီ ၾကာျမင့္ လာတာ နဲ႔ အမွ် ၿပဳိင္ပြဲ စံု ကို ၀င္ေရာက္ ယွဥ္ၿပဳိင္ ေနတဲ့ အသင္း ေတြ မွာ ဒဏ္ရာ ေတြ ပုိမို မ်ားျပား လာခဲ့တယ္ လို႔ ဆုိသြားခဲ့ ပါတယ္ ။

“ဂြ်န္ ( စတုန္း ) ရဲ႕ အေျခ အေန ကို ကြ်န္ေတာ္တို႔ ေသခ်ာ စစ္ေဆး သြားမွာပါ ။ မနက္ျဖန္ ေလာက္ ဆုိ ရင္ သူ႔ရဲ႕ ႀကံ႕ခုိင္ မႈ ကို သိရ ေလာက္ ပါပီ ။ ဘာမွ ျပင္းျပင္း ထန္ထန္ မျဖစ္ ဖုိ႔ ကြ်န္ေတာ္တို႔ ေမွ်ာ္ လင့္ ထား ပါတယ္”

“ကီဗင္ ကလည္း တံေကာက္ေၾကာ ဒဏ္ရာ ရသြား ပါတယ္ ။ ဘယ္ေလာက္ ထိ ၾကာျပန္ ဦးမလဲ ဆုိတာ ကြ်န္ေတာ္ မသိ ပါဘူး ။ စစ္ေဆး မႈ ေတြ ျပဳလုပ္ၿပီး ရင္ေတာ့ တိတိ က်က် သိရ မွာပါ ။ ဒါေပမယ့္ အဓိက က ရက္ေပါင္း ၉၃ ရက္ အတြင္း ကြ်န္ေတာ္တုိ႔ ၂၅ ပြဲ ကစားခဲ့ ရတာ ပါပဲ”

“ဆုိလုိ တာက ၃ ရက္ ကို တစ္ပြဲႏႈန္း ေလာက္ ျဖစ္ေန ပါတယ္ ။ ဒါေၾကာင့္ ပြဲဆက္ ေတြ မ်ားလာတဲ့ အခါ မွာ ကာယပုိင္း အားနည္း မႈ ေတြ ျဖစ္လာ ခဲံ ပါတယ္ ။ ပြဲတိုင္း ကလည္း အႏုိင္ ရဖို႔ လုိအပ္ တဲ့ ပြဲေတြ ပါ ။ ဒါေၾကာင့္ ေတာင္းဆို မႈေတြ ျမင့္မား တဲ့ အတုိင္း အားထုတ္ မႈ ေတြ ကလည္း အျပင္းထန္ဆံုး ျဖစ္ခဲ့တာ ေၾကာင့္ အခုလုိ ပင္ပန္း ႏြမ္းႏြယ္ မႈ ေတြ ရွိ လာၿပီး ဒဏ္ရာေတြ ရေတာ့ တာပါပဲ” လု႔ိ ဂြာဒီယိုလာ က ေျပာဆို သြားခဲ့ ပါတယ္ ။

မန္စီးတီး ဟာ ယမန္ေန႔ ညက ႏုိင္ပြဲ ေၾကာင့္ ယေန႔ ည မွာ ယွဥ္ၿပဳိင္ ကစားမယ့္ လီဗာပူး နဲ႔ ပြဲ မတုိင္ခင္ အမွတ္ေပး ဇယား ရဲ႕ အဆင့္ ၁ ေနရာကို သိမ္းပိုက္ ထားႏုိင္ ခဲ့ ပါတယ္ ။

SPORTS MYANMAR

Unicode

ကစားသမားတွေ ဒဏ်ရာရမှုအတွက် ပွဲစဉ်ရေးဆွဲမှုကို ဂွာဒီယိုလာ ဝေဖန်ပြောဆို

==============================================

မန်ချက်စတာ စီးတီး ကွင်းလယ်လူ ကီဗင် ဒီဘရိုင်း ဟာ ယမန်နေ့ ညက ကစားခဲ့ တဲ့ ဘုန်း မောက် အသင်း နဲ့ ပွဲ မှာ ဒဏ်ရာ ထပ်မံ ရရှိ ပြီး လူစားလဲ ထွက်ခွာ ခဲ့ ရ ပါတယ် ။ ဒါဟာ ဘယ်လ်ဂျီယံ ကွင်းလယ် လူ အတွက် ဒီရာသီ မှာ တတိယ အကြိမ် မြောက် ဒဏ်ရာ ရရှိ ခဲ့တာ ဖြစ်ပြီး ကာလ အတန်ကြာ ထပ်မံ ဆုံးရှုံး ရဖို့ ရှိနေ ပါတယ် ။ ဒါ့အပြင် ခံစစ်မှုး ဂျွန်စတုန်း ဟာလည်း ဒဏ်ရာ ရခဲ့ပြီး ဆေးအဖွဲ့ ရဲ့ ကုသ မှု ကို ခံယူခဲ့ရ ပါတယ် ။

လက်ရှိ စီးတီး ကွင်းလယ် မှာ ဒီဘရိုင်း အပြင် အားထား ရတဲ့ ဖာနန်ဒင်ဟို လည်း ဒဏ်ရာ ရရှိလို့ နေခဲ့ ပါတယ် ။ စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က တော့ ပွဲစဉ် ရေးဆွဲ မှု တွေ ဟာ သူ့ရဲ့ ကစား သမား တွေ အခုလို ဒဏ်ရာ ရရှိ ခဲ့ တဲ့ အကြောင်း အရင်း တွေ ဖြစ်တယ် လို့ ပြောဆို ဝေဖန် သွားခဲ့ ပါတယ် ။

ဂွာဒီယိုလာ က ပြည်တွင်း ပွဲစဉ်တွေ ရဲ့ အနား မပေး မှု ကြောင့် ရာသီ ကြာမြင့် လာတာ နဲ့ အမျှ ပြိုင်ပွဲ စုံ ကို ၀င်ရောက် ယှဉ်ပြိုင် နေတဲ့ အသင်း တွေ မှာ ဒဏ်ရာ တွေ ပိုမို များပြား လာခဲ့တယ် လို့ ဆိုသွားခဲ့ ပါတယ် ။

“ဂျွန် ( စတုန်း ) ရဲ့ အခြေ အနေ ကို ကျွန်တော်တို့ သေချာ စစ်ဆေး သွားမှာပါ ။ မနက်ဖြန် လောက် ဆို ရင် သူ့ရဲ့ ကြံ့ခိုင် မှု ကို သိရ လောက် ပါပီ ။ ဘာမှ ပြင်းပြင်း ထန်ထန် မဖြစ် ဖို့ ကျွန်တော်တို့ မျှော် လင့် ထား ပါတယ်”

“ကီဗင် ကလည်း တံကောက်ကြော ဒဏ်ရာ ရသွား ပါတယ် ။ ဘယ်လောက် ထိ ကြာပြန် ဦးမလဲ ဆိုတာ ကျွန်တော် မသိ ပါဘူး ။ စစ်ဆေး မှု တွေ ပြုလုပ်ပြီး ရင်တော့ တိတိ ကျကျ သိရ မှာပါ ။ ဒါပေမယ့် အဓိက က ရက်ပေါင်း ၉၃ ရက် အတွင်း ကျွန်တော်တို့ ၂၅ ပွဲ ကစားခဲ့ ရတာ ပါပဲ”

“ဆိုလို တာက ၃ ရက် ကို တစ်ပွဲနှုန်း လောက် ဖြစ်နေ ပါတယ် ။ ဒါကြောင့် ပွဲဆက် တွေ များလာတဲ့ အခါ မှာ ကာယပိုင်း အားနည်း မှု တွေ ဖြစ်လာ ခဲံ ပါတယ် ။ ပွဲတိုင်း ကလည်း အနိုင် ရဖို့ လိုအပ် တဲ့ ပွဲတွေ ပါ ။ ဒါကြောင့် တောင်းဆို မှုတွေ မြင့်မား တဲ့ အတိုင်း အားထုတ် မှု တွေ ကလည်း အပြင်းထန်ဆုံး ဖြစ်ခဲ့တာ ကြောင့် အခုလို ပင်ပန်း နွမ်းနွယ် မှု တွေ ရှိ လာပြီး ဒဏ်ရာတွေ ရတော့ တာပါပဲ” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

မန်စီးတီး ဟာ ယမန်နေ့ ညက နိုင်ပွဲ ကြောင့် ယနေ့ ည မှာ ယှဉ်ပြိုင် ကစားမယ့် လီဗာပူး နဲ့ ပွဲ မတိုင်ခင် အမှတ်ပေး ဇယား ရဲ့ အဆင့် ၁ နေရာကို သိမ်းပိုက် ထားနိုင် ခဲ့ ပါတယ် ။

SPORTS MYANMAR