မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ ခံစစ်မှုး ဟောင်း ရီယို ဖာဒီနန် ဟာ ယမန်နေ့ ညက ဆောက်သမ် တန် အသင်း နဲ့ ၁ ဂိုးစီ သရေ ကျ ခဲ့တဲ့ ပွဲ မှာ ယူနိုက်တက် ခံစစ်မှုး ဗစ်တာ လင်ဒီလော့ဖ် ကို အဓိက ဝေဖန် အပြစ် တင် သွားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ယခုပွဲ အပါ အ၀င် ပရီးမီးယားလိဂ် မှာ ၃ ပွဲ ဆက် နိုင်ပွဲ ပျောက် ခဲ့တာ ဖြစ်ပြီး အသင်းရဲ့ အဖွင့် မှတ်တမ်း အရ သမိုင်း တစ်လျောက် အဆိုးရွားဆုံး ဖြစ်ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ စိန့် မေရီ ကွင်း မှာ ဒန်နီရယ် ဂျိမ်းစ် ရဲ့ ဂိုး နဲ့ ပွဲအစ ၁၀ မိနစ် ကတည်းက ဦးဆောင် နိုင်ခဲ့ ပေမယ့် ဒုတိယ ပိုင်းမှာ တော့ ချေပဂိုး ပြန်ပေး ခဲ့ရ ပါတယ် ။ ဒီချေပဂိုး မှာ လင်ဒီလော့ဖ် ရဲ့ အမြင့်ဘော အားနည်းမှု ဟာ ပေါ်လွင် ခဲ့ပြီး ပဲလေ့စ် နဲ့ ပွဲ တုန်းကလည်း ဒီလို အားနည်းမှု ကြောင့် အဖွင့်ဂိုး ကို ပေးခဲ့ရ တာ ဖြစ်ပါတယ် ။

အိမ်ရှင် ဆောက်သမ်တန် ဟာ ဒုတိယ ပိုင်း ၇၂ မိနစ် မှာ တစ်ယောက် ထုတ်ပယ် ခံ ခဲ့ရ ပေမယ့် ယူနိုက်တက် ကတော့ တစ်ဦး အသာ ရရှိ မှု ကို ကောင်းစွာ အသုံးမချ နိုင်ခဲ့ ပါဘူး ။ ဒါကြောင့် ပွဲ အပြီး မှာတော့ ယူနိုက်တက် ဟာ ၄ ပွဲ ကစား ရာကနေ ၅ မှတ်သာ ရရှိ ထားခဲ့ပြီး ထိပ်ဆုံး က အသင်းတွေ နဲ့ ပိုမို ဝေးကွာ သွားခဲ့ ရပြီ ဖြစ် ပါတယ် ။

ပွဲအပြီး မှာတော့ BT Sport ရဲ့ အစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင် နေတဲ့ ရီယို ဖာဒီနန် ဟာ ယူနိုက်တက် ခံစစ် သမားတွေ အနက် လင်ဒီလော့ဖ် တစ်ဦးကို ရွေးချယ် ဝေဖန်သွား ခဲ့ပြီး သရေ ပွဲ အတွက် အပြစ်တင်ရမယ့် ကစားး သမား ဖြစ်တယ် လို့ ဆိုသွားခဲ့ ပါတယ် ။

“ချေပဂိုး အကြောင်း ပြေကြရ အောင် ။ ခံစစ်မှုး ၂ ဦး စလုံး ဟာ အန္တရာယ် ကို ရိပ်စား မိကြပါတယ် ။ ဘောလုံး က ဘယ်ကို လာမယ် ဆိုတာ ၂ ယောက်လုံး သိကြပြီး ညွှန်ပြ မှုတွေ တောင် လုပ် ခဲ့ကြတာ ပါ ။ ဒါပေမယ့် တကယ်တမ်း ဘောလုံး ရောက်လာ တဲ့ အချိန် မှာတော့ လင်ဒီလော့ဖ် ဘာမှ မတတ်နိုင် ခဲ့ ပါဘူး”

“အမှန် ဆိုရင် ဘောလုံး မလာခင် မှာ သူတို့ ၂ ယောက် နေရာ လဲ ဖို့ အချိန် ရခဲ့ ပါတယ် ။ မက်ဂွဲယား ဆိုရင် ဒီ ဘောလုံး ကို ခေါင်းဦး အောင် တိုက်နိုင် မှာပါ ။ လင်ဒီလော့ က ၂ ပွဲ ရှိနေ ပါပြီ ။ လာမယ့် ပွဲတွေ မှာ သူ့ ကို ဦးတည် ပစ်မှတ် ထားလာ နိုင် ပါတယ် ။ သူ ဟာ ပျော့ကွက် တစ်ခုလို ဖြစ်လာ မှာ ကို စိတ်ပူမိ ပါတယ်”

“လင်ဒီလော့ဖ် ဟာ သူ့ရဲ့ အားနည်းချက် ကို ပါးပါး နပ်နပ် နဲ့ မကွာကွယ် နိုင် ခဲ့ ပါဘူး ။ တကယ်လို့ သူ သာ စောပြီး ခုန်ထား ခဲ့ မယ် ဆိုရင် ဗက်စတာဂတ် ဟာ နေရာယူဖို့ အချိန် ကောင်းကောင်း ရနိုင် မှာ မဟုတ်ပါဘူး ။ ဂယ်ရီ နဗီးလ် ဟာ အရပ် မမြင့် ပါဘူး ၊ ၆ ပေ ၂ လက်မ လောက်ရှိတဲ့ သူတွေ နဲ့ ခေါင်းယှဉ် မတိုက် နိုင် ပါဘူး ။ ဒါပေမယ့် သူက နေရာယူ တတ်သလို ပြိုင်ဘက် တွေ မခုန်နိုင် အောင် လည်း ကောင်းကောင်း ပိတ်ဆို့ တတ် ပါတယ် ။ လင်ဒီလော့ဖ် အနေနဲ့ ဒါတွေကို သင်ယူရဦးမှာပါ” လို့ ဖာဒီနန် က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ပွဲစဉ် ( ၅ ) မှာတော့ လက်စတာ စီးတီး နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး လာမယ့် အပတ် မှာတော့ နိုင်ငံ ပွဲစဉ်တွေ ကစား ကြမှာ ဖြစ်တာ ကြောင့် အသင်းသား အချို့ ကို နိုင်ငံ အသင်းတွေ အတွက် စေလွှတ် ရမှာ ပဲ ဖြစ် ပါတယ် ။