ဒီနေ့ ည ဆောက်သမ်တန် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ ယူနိုက်တက် တို့ ကစားသမား သစ် ဒန်နီယယ် ဂျိမ်းစ် ရဲ့ အဖွင့် ဂိုးနဲ့ ပွဲစဉ် ကို ဦးဆောင် နိုင်ခဲ့ ပေမယ့် ကစားသမား 10 ယောက်သာ ကျန်ရှိ တော့တဲ့ ပြိုင်ဖက် အသင်း ကို အနိုင် မကစား နိုင်ခဲ့ ပါဘူး ။ အခုတော့ ယူနိုက်တက် တို့ သုံးပွဲ ဆက် နိုင်ပွဲ ပျောက်ဆုံး ခဲ့ရ ပါပြီ ။

ပွဲချိန် 58 မိနစ် မှာ ခေါင်းတိုက် သွင်းယူ ခဲ့တဲ့ ဗတ်စတာဂတ် ရဲ့ ခြေပ ဂိုးက ယူနိုက်တက် တို့ကို ရမှတ် နှစ်မှတ် ဆုံးရှုံး သွားစေခဲ့ ပါတယ် ။ ဒီနေ့ ပွဲစဉ်မှာ ယူနိုက်တက် တို့ အခွင့် အရေး များစွာ ရရှိ ခဲ့ ပေမယ့် အဆုံးသတ် ပိုင်းမှာ ဆက်လက် အားနည်း နေခဲ့ တာကို မြင်တွေ့ ခဲ့ရ ပါတယ် ။

ဒီ ပွဲစဉ် ဟာ ကစားသမား သစ် ဒန်နီယယ် ဂျိမ်းစ် အတွက် တော့ ယုံကြည် မှုတွေ အားကောင်း စေတဲ့ ပွဲစဉ် ဖြစ်ခဲ့ သလို ပွဲထွက် ကစား ခွင့် တစ် နေရာ အပိုင် ရစေ တော့မယ့် ပွဲစဉ် လည်း ဖြစ်ခဲ့ ရ ပါတယ် ။ သူဟာ အသင်း အတွက် ကစား ပေးခဲ့တဲ့ ပွဲစဉ် လေးပွဲ မှာ 3 ဂိုး အထိ သွင်းယူ ပေးနိုင် ခဲ့ ပါပြီ ။

ဒီနေ့ ပွဲစဉ် မှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် 5 ချက်ကို ဖော်ပြ ပေးလိုက် ပါတယ် ။

(1) ကစားသမား ဘဝ နောက် တစ်ဆင့် ကို တက်လှမ်း နိုင်ပြီ ဖြစ်တဲ့ ဒန်နီယယ် ဂျိမ်းစ်

လွန်ခဲ့တဲ့ 12 ကျော် အချိန် ကာလ တစ်ခု ကို ပြန်ကြည့် လိုက်မယ် ဆိုရင် ဒန်နီယယ် ဂျိမ်းစ် ဆိုတဲ့ နာမည် ကို သိခဲ့ သူတောင် ရှားပါး ခဲ့ ပါတယ် ။ သူဟာ 2017 တုန်းက ရှရူစ်ဘူရီ တောင်း အသင်း မှာ အငှား သွားရောက် ကစား ခဲ့ရာ ပွဲထွက် ကစား ခွင့်တွေ လုံးဝ မရရှိ ခဲ့ ပါဘူး ။

ဒါ့အပြင် တစ် ရာသီ အငှား ကလည်း နှစ်လ နဲ့သာ ပျက်ပြယ် သွားခဲ့ ရ ပါတယ် ။ အခုတော့ သူဟာ နွေမှာ ယူနိုက်တက် ဆီ ပြောင်းရွှေ့ ခဲ့တဲ့ နောက် တောက်ပ တဲ့ ကစားသမား ဘဝ တစ်ခု ဖြစ်လာ ဖို့ အစပြု နေ ပါပြီ ။ ဒီနေ့ ဆောက်သမ်တန် နဲ့ ပွဲစဉ် မှာတော့ သူဟာ အသင်း အတွက် ကောင်းမွန် တဲ့ သွင်းဂိုး တစ်ဂိုး သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။

အခုတော့ သူဟာ ယူနိုက်တက် အတွက် ကစား ပေး ခဲ့တဲ့ ပွဲစဉ် 4 ပွဲမှာ 3 ဂိုး အထိ သွင်းယူ ပေးနိုင် ခဲ့တဲ့ မှတ်တမ်း ကောင်း တစ်ရပ် ပိုင်ဆိုင် ခဲ့ ပါပြီ ။ အခုလို သွင်းဂိုး တွေ သွင်းယူ နိုင်ခြင်း နဲ့ အတူ သူဟာ ယူနိုက်တက် ရဲ့ ပွဲထွက် ကစားသမား စာရင်း ထဲ ပါဝင် နိုင်တဲ့ ကစားသမား ဖြစ်ကြောင်း သက်သေ ပြနေ ခဲ့ ပါပြီ ။

(2) အသုံးဝင် ခဲ့တဲ့ ရက်လ်ဖ် ရဲ့ pressing ကစားကွက်

ရက်လ်ဖ် ဟတ်ဆန်ဟက်တဲလ် ရဲ့ Pressing ကစား ဟန် က လီဗာပူး နည်းပြ ယာဂင် ကလော့ပ် ရဲ့ ကစား ဟန်နဲ့ အတော်လေး ဆင်တူ တယ်လို့ ဆိုရ ပါ့မယ် ။ သူ့ရဲ့ ကစား ကွက်က ပြိုင်ဖက် အသင်း ရဲ့ ခံစစ် ကစား ပုံမှာ အမှား တွေကို ဖြစ်ပေါ် စေ ပါတယ် ။

အကယ်လို့ သူ့ရဲ့ pressing ကစားဟန် ဟာ အလုပ်ဖြစ် ခဲ့မယ် ဆိုရင် သူ့ရဲ့ အသင်း ဟာ အခွင့် အရေး ကောင်း အချို့ ကို ရရှိ သွားမှာ ဖြစ်ပြီး အဆုံးသတ် ကောင်းမွန် တဲ့ ကစားသမား ရှိ ပါက ပြိုင်ဖက် ရဲ အမှား က တစ်ဆင့် သွင်းဂိုး တွေကို ရရှိ စေမှာ ပဲ ဖြစ် ပါတယ် ။

ဒီနေ့ ပွဲစဉ် မှာတော့ ပွဲချိန် စတင် ကတည်းက ဆောက်သမ်တန် အသင်း ဟာ ယူနိုက်တက် ဖက်ကို ဖိ ကစား ဖို့ ရည်ရွယ် ခဲ့ပြီး အခွင့် အရေး တွေ ပေါ်ပေါက် လာ စေဖို့ လုပ်ဆောင် ခဲ့ ပါတယ် ။ အထူးသဖြင့် သူတို့ အသင်း ဖက်မှ ဘောလုံး ပိုင်ဆိုင် တဲ့ အခါ တိုင်း တိုက်စစ် ပိုင်းကို ကစားသမား 6 – 7 ယောက်လောက် တက် ကစား ခဲ့ ကြပြီး ယူနိုက်တက် ကို ဖိအား ပေး ကစား ခဲ့ကြ ပါတယ် ။

(3) ယူနိုက်တက် အတွက် တောက်ပမြဲ တောက်ပဆဲ ဘစ်ဆာကာ

ဒီနွေ အတွင်း ယူနိုက်တက် ရဲ့ အထိုက်တန် ဆုံး ကစားသမား ခေါ်ယူ မှုဟာ ဘစ်ဆာကာ ပါလို့ ပြောရင် ပရိသတ် တိုင်းလိုလို လက်ခံ ကြမှာ အသေအချာ ပါပဲ ။ သူဟာ ဒီနေ့ ပွဲစဉ် မှာလည်း ယူနိုက်တက် အတွက် အထူး ခြေစွမ်း ကောင်း ပြသရင်း ကစား နိုင်ခဲ့ ပါတယ် ။

ဒီနေ့ ပွဲစဉ် မှာတော့ သူဟာ ရက်မွန်း ဒဏ်ရာ ရရှိ ခဲ့တာ ကြောင့် ပွဲထွက် ကစား ခွင့် ရရှိ ခဲ့တဲ့ ပြိုင်ဖက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဆိုဖီယန်နီ ဘူဖယ် ကို ဘစ်ဆာကာ မှ အကောင်းဆုံး ဟန့်တား ကစား သွား နိုင်ခဲ့ ပါတယ် ။

ဒီနေ့ ပွဲစဉ် မှ ဘစ်ဆာကာ ရဲ့ လုပ်အား ၊ ကစား ပုံနဲ့ မြန်ဆန် မှု တွေက အင်္ဂလန် လက်ရွေးစင် အသင်း မှာ ပါဝင် နိုင်ဖို့ ထိုက်တန် ကြောင်း ပြသ နိုင်ခဲ့ ခြင်း ဖြစ်ခဲ့ ရ ပါတယ် ။ ဒါပေမယ့် ဘစ်ဆာကာ အနေ နဲ့ ဘောလုံး ကိုင် ကစား တဲ့ အပိုင်း နဲ့ ဘောလုံး ပေးပို့ မှု ကောင်မွန် ရေး တို့မှာ ဆက်လက် တိုးတက် ဖို့တော့ လိုအပ် ပါ သေးတယ် ။

(4) ယူနိုက်တက် တို့ ပြင်ဆင် စရာတွေ ရှိနေ သေးတယ် ဆိုတာ ဗတ်စတာဂတ် ရဲ့ သွင်းဂိုး က ထောက်ပြ ခဲ့

ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ယူနိုက်တက် ဟာ အလွတ် တည်ကန် ဘောမှ တစ်ဆင့် ဂိုးတွေ များစွာ ပေးခဲ့ရ သလို အမြင့်ဘော တွေကို လည်း ကောင်းမွန်စွာ မဟန့်တား နိုင်ခဲ့ ပါဘူး ။ ဒါ့ကြောင့် လည်း သူတို့ က မက်ဂွားယား ကို ဈေးကြီး ပေးပြီး ဝယ်ခဲ့ ကြတာ ပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် အဲ့ဒီ ပြသနာ တွေက အခု ထက်ထိ ရှိနေ သေးတယ် ဆိုတာ ကို ဗတ်စတာဂတ် ရဲ့ ခေါင်းတိုက် ဂိုးက သက်သေ ပြ သွားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ အစပိုင်း တုန်းက ထောင့်ကန် ဘောတွေ ကို အကောင်းဆုံး ဟန့်တား နိုင်ခဲ့ ပေမယ့် နောက်ပိုင်း မှာတော့ အားနည်း သွားခဲ့ ပါတယ် ။

ဒန်ဆို မှ ဗတ်စတာဂတ် ဆီ ဘောလုံး ပေးပို့ တဲ့ အချိန် မှာ ယူနိုက်တက် ဖက်မှ ကစားသမား 8 ဦးလောက် အထိ ဂိုး ဧရိယာ မှာ ရှိခဲ့ ကြ ပေမယ့် အမြင့်ဘော ကို ဟန့်တား ပိတ်ဆို့ ကစား နိုင်ခြင်း မရှိ ခဲ့ကြ ပါဘူး ။ ဒီ အတွက် ဆိုးလ်ရှား အနေ နဲ့ အမြင့်ဘော တွေကို ဘယ်လို ကာကွယ် ရမလဲ ဆိုတာ စဉ်းစား ဖို့ လိုအပ် နေ ပါပြီ ။

(5) ယူနိုက်တက် တို့ ဘယ်အချိန် မှာ ကစားပုံ ပိုကောင်းသွားခဲ့ သလဲ ?

ပြိုင်ဖက် အသင်း မှ ဒန်ဆို အနီကဒ် နဲ့ ထုတ်ပယ် ခံ ရတဲ့ အချိန် မှာတော့ ယူနိုက်တက် အသင်း ရဲ့ ကစား ပုံဟာ ပိုပြီး တိုးတက် ကောင်းမွန် သွားခဲ့ ပြီး တိုက်စစ် ကစားသမား တွေ ဝင်ရောက် လာမှု နဲ့ အတူ ပြိုင်ဖက် ကွင်း တစ်ခြမ်း ဖက်ကို အထူး ဖိအားပေး ကစား နိုင်ခဲ့ ကြ ပါတယ် ။

ဒါ့အပြင် လူစားဝင် ကစားပေး ခဲ့တဲ့ မာဆွန်ဂရင်းဝုဒ် ဟာလည်း အသင်း ရဲ့ တိုက်စစ် ကို ပိုမို အားကောင်း စေခဲ့ သလို အသင်းဖော် တော်မီနေး အတွက် လည်း ဖန်တီး မှု တစ်ကြိမ် လုပ်ပေး နိုင်ခဲ့ ပါ သေးတယ် ။

ယူနိုက်တက် တိုက်စစ် ပိုင်း ကစား ပုံဟာ အဲ့ဒီ အချိန် အတွင်း အတော်လေး ကောင်းမွန် လာခဲ့ ပေမယ့် အဆုံးသတ် ပိုင်းတွေ ကတော့ ပြောစရာ ဖြစ်ခဲ့ ရ ပါတယ် ။ ဒါ့အပြင် ပြိုင်ဖက် အသင်း ခံစစ် ပိတ်ဆို့ ကာကွယ် နေတဲ့ အချိန် ယူနိုက်တက် ဖက်မှ အဝေး ကန်ချက် တိကျ တဲ့ ကစားသမား မရှိခဲ့ ရခြင်း က သရဲနီ တို့ကို နစ်နာ သွားစေ ခဲ့ ပါတယ် ။