Pep

မန်​ချက်​စတာစီးတီး နည်းပြ ပက်​ဂွာဒီယိုလာက မန်​ချက်​စတာယူနိုက်​တက်​ အသင်းမှာ ​အောင်​မြင်​မှု မရခဲ့တဲ့ အလက်​ဆစ်​ဆန်းချက်​ဟာ အင်​တာမီလန်​ ကို အငှါး ထွက်​ကစားတဲ့ အချိန်​မှာ​တော့ ၎င်းရဲ့ ကစားသမားဘဝ ပြန်​လည်​ ရှင်​သန်​ လဲလိမ့်​မယ်​လို့ ယုံကြည်​ ​နေပါတယ်​။ လွန်​ခဲ့တဲ့ ၂၀၁၈ ခုနှစ်​ ဇန်​န၀ါရီက အာဆင်​နယ်​ အသင်းမှ ​ပြောင်းလာခဲ့တဲ့ ဆန်းချက်​ဟာ အိုးထရပ်​ဖို့ဒ်​ မှာ စိတ်​ပျက်​စရာ အ​ခြေအ​နေ​တွေ ကြုံ​တွေ့ ခဲ့ရပြီး ပြီးခဲ့တဲ့ ရက်​ပိုင်းက​တော့ အင်​တာမီလန်​ ကို အငှါး​ပြောင်း​ရွေ့ သွားကာ အသင်း​ဖော်​​ဟောင်း လူကာကူ နဲ့ ပူး​ပေါင်း ခဲ့ပါတယ်​။

ချီလီတိုက်​စစ်​မှုး က​တော့ ယူနိုက်​တက်​မှာ ကြုံ​တွေ့ ခဲ့ရတဲ့ စိတ်​ပျက်​စရာ အ​ခြေအ​နေ​တွေကို အတိတ်​မှာ ချန်​ထားဖို့ အတွက်​ ရည်​ရွယ်​ ​နေပါတယ်​။ အသက်​ ၃၀ အရွယ်​ ကစားသမားကို အီတီဟတ်​ထံ ​ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ ပက်​ဂွာဒီယိုလာက ဒီအ​ပြောင်းအ​ရွေ့ဟာ ဆန်းချက်​ကို အရင်​က အ​ခြေအ​နေ ပြန်​လည်​ ​ရောက်​ရှိ​စေနိုင်​မယ်​လို့ ယုံကြည်​ ​နေပါတယ်​။

ပက်​ဂွာဒီယိုလာက “ကျွန်​​တော်​ သူ့အ​ကြောင်း သိပါတယ်​။ သူနဲ့ကျွန်​​တော်​ ဘာစီလိုနာ အသင်းမှာ အလုပ်​အ​တူ တွဲလုပ်​ ခဲ့ဖူးပါတယ်​။ ကျွန်​​တော်​ သူ့ကို ကစားသမား တစ်​ဦး အ​နေနဲ့ အထူး ချစ်​ခင်​မှု ရှိသလို လူသားတစ်​ဦး အ​နေနဲ့လည်း ဒီအတိုင်း ပါပဲ။ သူဟာ မယုံကြည်​နိုင်​စရာ အရည်​အ​သွေး နဲ့ ​နိုင်​ပွဲဆာ​လောင်​စိတ်​ ပြင်းထန်​သူ ဖြစ်​ပြီး ဖိုက်​တာ တစ်​ဦးပါ။ အခုဆိုရင်​ သူဟာ ဥ​ရောပရဲ့ အကြီးကြယ်​ဆုံး ကလပ်​​တွေ ထဲက တစ်​ခု ဖြစ်​တဲ့ အင်​တာမီလန်​ အသင်း ကို ​ပြောင်း​ရွေ့ဖို့ ဆုံးဖြတ်​ချက်​ ချခဲ့ပါတယ်​။ အဲဒီမှာ အန်​တိုနီယိုကွန်​တီ လို အရမ်း ​ကောင်းတဲ့ မန်​​နေဂျာလည်း ရှိ​နေပါတယ်​ ။ သူတို့ အ​ကောင်းဆုံး လုပ်​နိုင်​ လိမ့်​မယ်​ဆိုတာ ​သေချာပါတယ်​။

အင်​တာရဲ့ ကစားပုံဟာ ဆန်းချက်​နဲ့ အံဝင်​ခွင်​ကျ ဖြစ်​လိမ့်​မယ်​လို့ ကျွန်​​တော်​ ထင်​ပါတယ်​။ သူဟာ အဲဒီမှာ လူကာကူ နဲ့လည်း နီးနီးကပ်​ကပ်​ တွဲဖက်​ ကစား ရမှာ ဖြစ်​ပါတယ်​။ ဒီလို အ​နေအထား အရ သူ မီလန်​မှာ ​ကောင်းမွန်​တဲ့ ကာလကို ပိုင်​ဆိုင်​ နိုင်​မယ်​လို့ ကျွန်​​တော်​ ထင်​ပါတယ်​။” လို့ ဆိုလိုက်​ပါတယ်​ ။

ဆန်းချက်​ဟာ ယူနိုက်​တက်​မှာ ၄၅ပွဲကစား ၊ ၅ ဂိုးသာ သွင်းယူ နိုင်​ခဲ့ပြီး ဒဏ်​ရာ ပြသနာ​တွေ ၊ ​ခြေစွမ်းမပြ နိုင်​မှု​တွေ​ကြောင့်​ အရန်​ကစားသမား အဖြစ်​ကို ​ရောက်​ရှိခဲ့ပြီး ချီလီလက်​​ရွေးစင်​ အသင်းမှာ ဆက်​ရှိ​နေမယ်​ ဆိုရင်​လည်း အရန်​ခုံမှာ ကာလအများစုကို ထိုင်​ရဖို့ ​သေချာ​နေ ပါတယ်​။ ပက်​ဂွာဒီယိုလာက​တော့ အပြစ်​​တွေကို ဆန်းချက်​ တစ်​ဦးတည်း အ​ပေါ် ပုံချလို့ မရဘူးလို့ ယုံကြည်​ ထားပါတယ်​။

 

ပက်​က “​ဘောလုံးဆိုတာ ကစားသမား​ တစ်​ဦးတည်း အ​ပေါ် မူတည်​ မ​နေပါဘူး ။ ခင်​​ဗျားတို့ က​တော့ ဆန်းချက်​ ကျရှုံး ခဲ့တယ်​လို့ ဆုံးဖြတ်​ကြမှာပါ။ ဒါ​ပေမယ့်​ အ​ကြောင်းရင်း​တွေ အများကြီး ရှိပါတယ်​။ တစ်​ဦးတည်း ကစားရတာ မဟုတ်​ပါဘူး။ တင်းနစ်​ရိုက်​တာ မဟုတ်​ပါဘူး။ ​ဂေါ့ဖ်​ရိုက်​တာလည်း မဟုတ်​ပါဘူး။ ကစားသမား ၁၀ ဦးဟာ နည်းစနစ်​ တစ်​ခု ၊ ပြိုင်​ဘက်​​တွေ နဲ့ အခြား အရာ​တွေ အများကြီး အများကြီးနဲ့ ရင်​ဆိုင်​ရတာ ဖြစ်​ပြီး ဒီအထဲမှာမှ အသင်းမှာ ကစားသမား တစ်​ဦးရဲ့ ​ကောင်းမွန်​တဲ့ ကစားပုံ ပါဝင်​တာပါ။

ဘာ​တွေ ဖြစ်​ခဲ့သလဲ ဆိုတာ ကျွန်​​တော်​ မသိပါဘူး။ ကျွန်​​တော်​ အဲဒီမှာ ရှိ​နေတာမှ မဟုတ်​တာ။ ဒါ့​ကြောင့်​ ကျွန်​​တော့်​ရဲ့ ထင်​မြင်​ချက်​ ကို မ​ပေး နိုင်​ပါဘူး။ ဒါ​ပေမယ့်​ ဒါဟာ အ​ကြောင်းရင်း တစ်​ခုတည်း​ကြောင့်​ လို့​တော့ ကျွန်​​တော်​ မထင်​ပါဘူး။” လို့ ဆိုသွားပါတယ်​။

ဆန်းချက်​ဟာ ဒီရာသီ အင်​တာမီလန်​ နဲ့ အငှါးစာချုပ်​ ပြီးဆုံးပြီး​နောက်​ အိုးထရပ်​ဖို့ဒ်​ကို ပြန်​လာမှာ ဖြစ်​ပြီး နည်းပြ အိုလီဂန်​နာဆိုရှား က​တော့ ချီလီလက်​​ရွေးစင်​ဟာ အသင်းနဲ့ အနာဂတ်​ ရှိ​နေတယ်​လို့ ဆိုခဲ့ပါတယ်​။

ဆိုးရှားက “အလက်​ဆစ်​ ပြန်​လာမှာကို ကျွန်​​တော်​တို့ မြင်​​တွေ့ ရမှာ ​သေချာပါတယ်​။ သူတစ်​နှစ်​​လောက်​ ပုံမှန်​ ကစားခွင့်​ ရ​နေဖို့ပဲ ကျွန်​​တော်​တို့ ​မျှော်​လင့်​ ထားပါ​တယ်​။ အဲဒါဆိုရင်​ သူ့ရဲ့ အ​ကောင်းဆုံး ပုံစံကို ပြန်​လည်​ ရှာ​တွေ့ နိုင်​မှာပါ။” လို့ ဆိုလိုက်​ပါတယ်​။