တစ်ချိန် တုန်းက ပရီးမီးယားလိဂ် ရဲ့ အကျော် အမော် ဒိုင်လူကြီး တစ်ဦး ဖြစ်ခဲ့တဲ့ ဟောင်းဝပ် ၀ဘ် ကတော့ ယခု နှစ် ပရီးမီး ယားလိဂ် မှာ စတင် အသုံးပြု နေတဲ့ ရုပ်သံ အကူ အညီ ( VAR ) စနစ် ဟာ မြန်နှုန်း အရမ်း မြင့်တဲ့ ကစား သမားတွေ ကို လူကျွံ မကျွံ အမိ ဖမ်းတဲ့ အခါ တွေ မှာ နည်းပညာ ရဲ့ အားနည်းချက် ကြောင့် အမှား အယွင်းတွေ ဖြစ်ပေါ် စေနိုင်တယ် လို့ ထောက်ပြ သွားခဲ့ ပါတယ် ။ ဒါပေမယ့် ၀ဘ် က VAR ကို ကြိုဆို ခဲ့ပြီး အတိတ်တုန်းက လို အမှားမျိုး တွေ ထပ်ဖြစ်ဖို့ မလွယ်တော့ဘူးလို့ ဆိုသွား ခဲ့ ပါတယ် ။

VAR စနစ် ဟာ ပြီးခဲ့တဲ့ ရာသီ ကတည်းက အင်္ဂလိပ် ရှုံးထွက် ပွဲစဉ် တွေ မှာ အသုံးပြု နေပြီ ဖြစ်သလို ချန်ပီယံ လိဂ် မှာ လည်း အသုံးပြုခဲ့ ပါတယ် ။ ဒါပေမယ့် အင်္ဂလန် ပရီးမီးယားလိဂ် မှာတော့ ယခု နှစ် မှ စတင် အသုံးပြု ခဲ့တာ ဖြစ်ပြီး ပွဲစဉ် ၃ ပွဲ ပြီးသည် အထိ ဝေဖန်မှု တွေ နဲ့ ရင်ဆိုင် နေရဆဲ ဖြစ်ပါတယ် ။

ဟောင်းဝပ် ၀ဘ် ကတော့ VAR ကင်မရာ တွေ ရဲ့ ဖရိန်သွားနှုန်း ၊ ကင်မရာ နဲ့ အဖြစ်အပျက် တို့ရဲ့ အကွာ အဝေး အပေါ် မူတည်ပြီး မြန်နှုန်း မြင့်တဲ့ ကစား သမားတွေ ရဲ့ လက်မ အနည်းငယ်လောက် လူကျွံမှု တွေ ကို အမိ ဖမ်းရာမှာ ကွဲလွဲမှု ရှိနိုင်တယ် မန်စီးတီး စတား စတာလင် ရဲ့ ဖြစ်ရပ် ကို ဥပမာပေးကာ ပြောဆို သွားခဲ့ ပါတယ် ။

“VAR ဟာ အရမ်းမြန်တဲ့ ကစား သမားတွေ နဲ့ ပတ်သက်ပြီး ပြဿနာ နည်းနည်း ရှိပါတယ် ။ ဘာလို့ လည်း ဆိုတော့ သူတို့ စက် တပ် ထားတဲ့ နေရာ နဲ့ အဖြစ် အပျက် တို့ ရဲ့ ကြားက အကွာ အဝေး မှာ အရမ်း မြန်တဲ့ လှုပ်ရှားမှု တွေ ဟာ အပြောင်း အလဲ ဖြစ်သွား နိုင်လို့ ပါပဲ”

“စတာလင် ရဲ့ ကိစ္စကို ပဲ ပြန်ကြည့် လိုက်ပါ ။ သူ က လက်မ အနည်းငယ် လောက်ပဲ ကျွံ တယ်လို့ VAR မှာ ပြခဲ့ ပါတယ် ။ ဒါပေမယ့် တကယ်တမ်း သူ့ ရဲ့ ပုံရိပ် ကို ဖမ်းလိုက်တဲ့ အချိန် မှာ ရုပ်သံ ကင်မရာ နဲ့ သူ့ရဲ့ အကြား မှာ အကွာ အဝေး တစ်ခု ရှိနေ ပါတယ် ၊ အဲ့ဒိ အကွာ အဝေး နဲ့ ကင်မရာ ဖရိန် ရဲ့ သွားနှုန်း အကြား မှာ ခြားနားမှု ရှိနေတာ ကြောင့် စတာလင် က လူကျွံ သွားခဲ့ ပါတယ်”

“လောလော ဆယ် တော့ ဒီကိစ္စ အတွက် အဖြေ မရှိသေးပါဘူး ။ ပိုကောင်းတဲ့ ရုပ်သံ နည်းပညာ တွေ ကို သုံးနိုင် မယ် ဆိုရင် တော့ ဒါတွေ က အဆင်ပြေ လာမှာပါ ။ ဒါပေမယ့် ဒါက လွဲရင် တော့ ကျန်တဲ့ အပိုင်းတွေ မှာ VAR က အပေါင်း လက္ခဏာ ဆောင် လာခဲ့ ပါပြီ ။ သူ့ ကြောင့် ကစားပွဲ တွေ ဟာ ပိုပြီး မှန်ကန် လာတော့ မှာပါ” လို့ ဟောင်းဝပ်ဝဘ် က ပြောဆို သွားခဲ့ ပါတယ် ။

ဟောင်းဝပ် ၀ဘ် ဟာ ရဲသားဟောင်း တစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲ မှာ ၂၀၀၃ ကနေ ၂၀၁၄ အထိ ဒိုင်လူကြီး အဖြစ် တာဝန်ယူ ဆောင်ရွက် ခဲ့သူ တစ်ဥိး ဖြစ်ပါတယ် ။ ၀ဘ် ဟာ လက်ရှိ မှာတော့ ပရော်ဖက်ရှင်နယ် ဒိုင်လူကြီး များ အဖွဲ့မှာ အကြီးအကဲ တစ်ဦး အနေဖြင့် လုပ်ကိုင် နေပြီး ဒိုင်တွေ ရဲ့ အရည် အသွေးတွေ ပိုမို တိုးတက်လာ အောင် လုပ်ဆောင် နေသူ တစ်ဦး ဖြစ်ပါတယ် ။