မိုနာကို မှာ ကျင်းပသွားခဲ့တဲ့
ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲနဲ့ ပြီးခဲ့တဲ့ရာသီ အတွင်းUEFA အကောင်းဆုံး ကစားသမား ဆု ချီးမြှင့်ပွဲမှာတော့
ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ဖြစ်တဲ့ ရော်နယ်ဒို နဲ့ မက်ဆီကို ကျော်ပြီး
ဗန်ဒိုက်က ဒီဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့ရာသီ အတွင်း မှာ လီဗာပူး အသင်း နဲ့ အတူ ချန်ပီယံလိဂ် ဆုဖလား ကြီး ကိုင်မြောက်နိုင်ခဲ့သလို UEFA ကနေ ပထမဆုံး ကြီးမှုးကျင်းပခဲ့တဲ့ ဥရောပနိုင်ငံများလိဂ် ပြိုင် ပွဲမှာလည်း ဟော်လန် အသင်းကို ဒုတိယနေရာ ရရှိအောင် စွမ်းဆောင်ထား နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူး အသင်းကို ပရီးမီးယားလိဂ် ခံစစ်အကောင်းဆုံးအသင်းအဖြစ် အသွင်းပြောင်း ပေးထားနိုင်ခဲ့ လို့ PFA တရာသီအတွင်း အကောင်းဆုံး ကစားသမား ဆုကိုထိုက်ထိုက်တန်တန်ရရှိထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လည်း ဆန်ကာတင် စာရင်းမှာ
ရော်နယ်ဒို ၊ မက်ဆီ တို့လို ပရိသတ် အသဲစွဲ ကစားသမား တွေ ပါဝင်နေပေမယ့် ဒီဟော်လန် သားကပဲ ထိုက်တန် တယ်လို့ အများက ကြိုတင် တွက်ဆထားခဲ့တြာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကာလအတွင်းမှာ ဒီဆုကို ရော်နယ်ဒို နဲ့ မက်ဆီ တို့ကပဲ ရရှိထားခဲ့တာ ဖြစ်ပေမယ့် အခုချိန်မှာတော့ ဗန်ဒိုက်က ထပ်မံရပ်တန့် စေခဲ့တာဖြစ်ပြီး ဘလွန်းဒီအောဆုအတွက် လည်း ပိုပြီး ရေပန်းစားသွားခဲ့တာဖြစ်ပါတယ်။

ခံစစ်ကစားသမားတဦးက ဒီဆုကို အခုလို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ယူနိုက်တက် ခံစ်မှူးဟောင်း တဦးဖြစ်တဲ့ ဖာဒီနန်ကတော့ ဗန်ဒိုက်နဲ့ ထိုက်တန်မှုမရှိဘူးလို့ ယူဆနေပုံပါပဲ။ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ကမ္ဘာ့ပေါ်မှာ အကောင်းဆုံးပါရမီရှင်တွေ အဖြစ်ရှိနေသေးတာကြောင့်လည်း အခုလို ယုံကြည်ဖြစ်တယ်လို့ သူကဆိုပါတယ်။


BT Sport နဲ့ အင်တာဗျူး မှာ ဖာဒီနန်က – ” ဒီနေ့ ခေတ် ကမ္ဘာပေါ်မှာ ဗန်ဒိုက် က အကောင်းဆုံး ခံစစ် ကစားသမားတဦး အဖြစ် ရှိနေပြီ ဆိုတာ ကျွန်တော့်ရဲ့ စိတ်ထဲ မှာသံသယ တောင် ရှိမနေပါဘူး။ဒါပေမယ့် တရာသီအတွင်းမှာ ဂိုးပေါင်း ၅၀ ကျော်လောက်သွင်းနိုင်တဲ့ မက်ဆီ လို ကစားသမားမျိုး ရှိနေချိန်၊ ရော်နယ်ဒိုလိုကစားသမားမျိုးက စီးရီးအေ လို ပြိုင်ပွဲသစ် ကိုပြောင်းရွှေ့ခဲ့ပေမယ့် ပြည်တွင်းကောနိုင်ငံတကာအဆင့်မှာ
ပါသက်ရောက်မှုကြီးကြီးမားမားစွမ်းဆောင်ထားနိုင်နေချိန်နေမှာလစ်လျုရှု လို့ မရတာဖြစ်ပါတယ်။

ဒါ့အပြင်ရော်နယ်ဒိုဟာ ဆုဖလား ၃ လုံးလည်း ဆွတ်ခူးနိုင် ခဲ့ပါတယ်။ဒါကြောင့် လည်း သူတို့ ကို ကျော်ပြီး ကြည့်လို့မဖြစ်ပါဘူး။လူတွေကတော့ ‘ ဟာကွာ ဒီ ၂ယောက်ပဲ ဒီဆုကို ရနေတာ ပျင်းစရာတောင်ကောင်းနေပါပြီ ‘ လို့ပြောကြပါလိမ့်မယ်။

ဒါပေမယ့် သူတို့ ၂ဦး စွမ်းဆောင်ပေးထားနိုင် ခဲ့တဲ့ ကိန်းဂဏန်း အချက် အလက်တွေ လွန်ခဲ့တဲ့ ၁၂ နှစ် ၁၃ နှစ် လောက်အထိ ဘယ်သူမှ မမြင်တွေ့ထားခဲ့ဖူးတဲ့ အရာတွေ ဖြစ်ပါတယ်။ကျွန်တော်က ခံစစ်ကစားသမားဖြစ်လို့ ဒီဆုကို ဗန်ဒိုက်ရတာ ဝမ်းသာပါတယ်။

Messi

ဆုရဖို့ ထိုက်လည်း ထိုက်တန်ပါတယ်၊ဒါပေမယ့် ဂိုး ၅၀ လောက်သွင်းနိုင်တဲ့ ကစားသမား မျိုး ရှိနေချိန်မှာတော့ ဒီလို လုပ်လို့ မရနိုင်ပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘောလုံး အားကစားမှာ ခံစစ် ပိုင်းကလည်း အရေးပါတဲ့ အစိတ်အပိုင်း တရပ်အနေနဲ့ ရှိနေပေမယ့် ဘယ်သူကမှ အပတ် စဉ် တိုင်းမှာ ကစားခံစားပုံကို တကူးတက လာရောက် ကြည့်ရှု အားပေး ကြမှာ မဟုတ်ဘူး လို့ ဖာဒီနန်က ဆိုပါတယ်။သူကဆက်လက်ပြီး –

” ကျွန်တော် ဆိုရင် လည်း ခံစစ် ကစားသမား တဦး ကစားတာကို ကိုယ့်ရဲ့ ချွေးနည်းစာ ပိုက်ဆံကို သုံးပြီးလာကြည့်မှာတော့ မဟုတ်ပါဘူး။ကျွန်တော့်ကို ဖျော်ဖြေမှု ပေးဖို့ လိုပါတယ်။

ကျွန်တော်ဟာ ဘောလုံးပွဲတွေသွား ထိုင်ခုံ အကျအနနေရာယူပြီး ‘ အို ဘုရားရေ၊ ကောင်းလိုက်တဲ့ ခြေစွမ်းကွာ၊ ကောင်းလိုက်တဲ့ သွင်းဂိုးပါလားဟ ‘ ဆိုတာ မျိုး တွေ အော်ဟစ်ရေရွတ်ဖို့ လုပ်ချင်တာဖြစ်ပါတယ်။ပွဲတွေ အတွင်း မှာ လုပ်ဆောင်ရ အခက်ခဲ ဆုံးက ဂိုးသွင်း ရတဲ့
အလုပ်ဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။
Pyae Sone