Liverpool

လီဗာပူး နည္းျပ ကေလာ့ပ္ဟာ ဒီပြဲမတိုင္ က ၾကိဳတင္ ေျပာျပထားတဲ့ အတိုင္း သူ႔ရဲ႕ ကစားသမား စာရင္းကို အေျပာင္းအလဲ လံုး၀ လုပ္ျခင္း မရွိပဲ ပြဲထြက္လာခဲ့ပါတယ္။

ေနာက္ဆံုး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ 2 ပြဲ မွာ တစ္သင္းလံုး နားရက္ အျပည့္အ၀ ကိုယ္စီ ရရွိထားသလုိ ၊ လက္ရွိ စာရင္းက ကစားပံု ရစ္သမ္ မိေနဆဲ ျဖစ္တာမို႔ ၊ အေျပာင္းအလဲ လုပ္ျဖစ္မွာ မဟုတ္ေၾကာင္း သတင္းစာ ရွင္းလင္း ပြဲမွာ ကတည္းက ၾကိဳတင္ ေျပာဆုိထားခဲ့တာပါ။

ဒါေၾကာင့္ ပြဲထြက္ ကစားသမားစာရင္းမွာ အာဆင္နယ္ ကို အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္ က အတိုင္း ဆက္လက္ ပြဲထုတ္ခဲ့ျပီး ဘန္ေလကို ရင္ဆိုင္ ကစားခဲ့ပါတယ္။ ထူးျခားတာက ဒီပြဲရဲ႕ နည္းဗ်ဴဟာ ခ်ဥ္းကပ္ပံု ျဖစ္ျပီး ၊ အာဆင္နယ္ နဲ႔ ပြဲစဥ္က အတိုင္း ကစားသမား စာရင္းက တူညီေနသည့္တိုင္ေအာင္ ၊ ကစားပံု / ကစားေပါက္က လံုး၀ ကို ကြဲျပားေနခဲ့ပါတယ္။

အာဆင္နယ္ ပြဲတုန္းက ခံစစ္ပိတ္ထားတဲ့ အမ္မရီ ရဲ႕ ဗ်ဴဟာ ကို ျဖိဳခြင္းဖို႔ အာႏိုး ၊ ေရာ္ဘတ္ဆန္ တို႔ရဲ႕ ျဖတ္တင္ေဘာေတြကို အဓိက အားထားခဲ့သလုိ ၊ ကြင္းလယ္ ေဘာလံုး အသာစီး ရဖို႔ပါ အားထုတ္ခဲ့ေပမယ့္ ဒီပြဲမွာ ထူးထူးျခားျခား ဘန္ေလ ကစားတဲ့ ပံုစံ နဲ႔ ခပ္ဆင္ဆင္ အတုိင္းပဲ တုန္႔ျပန္ ကစားသြားခဲ့ပါတယ္။

ဘန္ေလဟာ အျမင့္ေဘာေတြကို အားျပဳျပီး ၊ လီဗာပူး ကို တိုက္စစ္ဆင္ဖို႔ ၾကိဳးစားခဲ့သလို ၊ လီဗာပူးကလဲ ဗန္ဒိုက္ ၊ မာတစ္ တို႔ရဲ႕ အျမင့္ေဘာ ေပးပို႔မႈေတြကို ပြဲအစပိုင္းကတည္းက အားထားလာခဲ့တာပါ။ တစ္နည္းအားျဖင့္ ဆိုရရင္ ကေလာ့ပ္ဟာ ေရွာင္ဒိုက္ခ်္ရဲ႕ ဗ်ဴဟာ မ်ိဳးနဲ႔ ပဲ သူ႔အသင္းကို ဒုကၡေပးဖို႔ ၾကိဳးစားခဲ့တာ ျဖစ္ပါတယ္။

ဒီလို တုန္႔ျပန္ ကစားျခင္းဟာ ေနာက္တန္းပိတ္ဖို႔ ၾကိဳးစားလာမယ့္ ဘန္ေလ အတြက္ ၊ ခံစစ္ ျပင္ဆင္ဖို႔ အခ်ိန္က နည္းပါးသြားမွာ ျဖစ္ျပီး ၊ မားေနး ၊ ဆာလတ္ ၊ ဖာမင္ႏို တို႔ရဲ႕ တိုးအားေတြ နဲ႔ အတူ အမွားေတြ မ်ားလာႏိုင္တာကို ကေလာ့ပ္က ေကာင္းေကာင္း တြက္ဆထားၾကည့္ခဲ့ပါတယ္။

သူ႔ရဲ႕ တြက္ကိန္းက ေတာ္ေတာ္ေလး တိက်ခဲ့သလုိ ၊ ပြဲအစ 4 မီးနစ္မွာ ကတည္းက ဆာလတ္ရဲ႕ ကန္ခ်က္နဲ႔ အတူ စတင္ ျခိမ္းေျခာက္ ႏိုင္ခဲ့ပါတယ္။ အဲဒီေဘာလံုးဟာ ဂိုးတိုင္ထိျပီး ျပန္ထြက္သြားတာေၾကာင့္ ၊ အဖြင့္ဂိုး ေစာေစာစီးစီး ရဖို႔ လြဲေခ်ာ္ သြားခဲ့ရတာ ျဖစ္ျပီး ၊ ေနာက္ထပ္ မီးနစ္ 20 ၀န္းက်င္မွာလဲ ဟန္ဒါဆင္ ရဲ႕ အကြက္ျမင္ျမင္ နဲ႔ ေပးပို႔လုိက္တဲ့ ေဘာလံုး ကေန ဆာလတ္က ေျပးထြက္သြားရာ ၊ ဂုိးသမားက ထြက္ပုတ္ေပမယ့္ ၊ ဆာလတ္ နဲ႔ ျပန္ထိျပီး ဂိုးတိုင္ေဘးကေန ထြက္သြားျပန္ပါတယ္။

လီဗာပူး အတြက္ အဖြင့္ဂိုး ကိုေတာ့ အာႏိုး နဲ႔ ဟန္ဒါဆင္တို႔ရဲ႕ ေပါင္းစပ္မႈကေန ရယူေပးသြားခဲ့တာ ျဖစ္ပါတယ္။ အာႏိုး ဟာ ေရွ႕ ပြဲ 2 ပြဲ မွာတုန္းက 1 ဂိုး စီ ဖန္တီး ႏိုင္ခဲ့လို႔ ၊ ဒီပြဲမွာေတာ့ ကိုယ္တိုင္ 1 ဂိုး သြင္းယူ လိုက္ျပီလို ထင္မွတ္ေနၾကစဥ္မွာပဲ ၊ ပရီးမီးယားလိဂ္ အဲဒီ ဂိုးကို ၀က္စ္၀ုဒ္ ရဲ႕ Own Goal အျဖစ္သာ သတ္မွတ္ သြားခဲ့တာ ျဖစ္ပါတယ္။

ကေလာ့ပ္ ရဲ႕ အျမင့္ေဘာ ဗ်ဴဟာေၾကာင့္ အမွားမ်ားခဲ့တဲ့ ကစားသမားကေတာ့ ဘန္ေလ အသင္းေခါင္းေဆာင္ ဘန္မီး ျဖစ္ျပီး ၊ မိုဆာလတ္ကို တစ္ခ်ိန္လံုး ထိန္းရင္း ဖိအားေတြ မ်ားေနခဲ့ရပါတယ္။ လီဗာပူး တို႔ ရရွိခဲ့တဲ့ ဒုတိယ ဦးေဆာင္ဂိုးဟာလဲ သူ႔ရဲ႕ လူေပးမွားမႈ ကေန တဆင့္ ၊ ဖာမင္ႏို က ရယူသြားတာ ျဖစ္ကာ ၊ မာေနးကို ခင္းေပးလိုက္စဥ္မွာေတာ့ ဆီနီေဂါ တိုက္စစ္မႈးက အပိုင္ ပိတ္သြင္းကာ ဒုတိယ ဦးေဆာင္ဂိုး ရယူသြားခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပို္င္း ျပန္လည္ စတင္ခ်ိန္မွာေတာ့ ဘန္ေလဟာ တိုက္စစ္ကို အရဲစြန္႔ျပီး ဖြင့္ ကစားလာရျပီ ျဖစ္တာေၾကာင့္ ေနာက္တန္း က ေနရာလြတ္ေတြလဲ မၾကာခဏ ေပၚေပါက္လာခဲ့ပါတယ္။ ထံုးစံအတိုင္း လီဗာပူး ရဲ႕ ကစားပံုကလဲ ဒုတိယ ပိုင္းေရာက္ရင္ ပိုျပီး ေကာင္းလာတာမို႔ ၊ ဒီကေန႔ပြဲမွာလဲ ဘန္ေလရဲ႕ ေနရာလြတ္ေတြ ကေန တဆင့္ တန္ျပန္တိုက္စစ္ဆင္ရင္ ဂိုးသြင္းခြင့္ေတြ အၾကိမ္ၾကိမ္ ရရွိခဲ့ပါတယ္။

မိုဆာလတ္ ဟာ ဂိုးသြင္းဖို႔ ဆႏၵေတြ ျပင္းျပလြန္းေနတာေၾကာင့္ ဖာမင္ႏို ဆီ တစ္ၾကိမ္ ၊ မာေနး ဆီ တစ္ၾကိမ္ ထိုးေပးရမယ့္ ေဘာလံုးေတြကို ပို႔ေပးျခင္း မရွိပဲ ၊ သူကိုယ္တိုင္ ကန္သြင္းသြားခဲ့ပါတယ္။ ဖာမင္ႏို ဟာ တတိယ ေျမာက္ဂိုးကို ဆာလတ္ရဲ႕ အားထုတ္မႈ ကေန သြင္းယူလိုက္ႏိုင္တာေၾကာင့္ ၊ စိတ္ထဲမွာ ဘာမွ ျဖစ္မွာ မဟုတ္ေပမယ့္ ၊ မာေနး ကေတာ့ ဆာလတ္ အေပၚ နည္းနည္းေလး စိတ္ကြက္သြားပံု ရခဲ့ပါတယ္။

3 ဂိုးေျမွာက္ ဦးေဆာင္ေနခ်ိန္မွာေတာ့ ကေလာ့ပ္ဟာ ပြဲထြက္ ကစားခြင့္ အရမ္းလိုခ်င္ေနတဲ့ ရွာကြီရီ ကို လူစားလဲရင္း ၀င္ကစားခြင့္ ေပးခဲ့သလုိ ၊ ခ်ိန္ဘာလိန္ နဲ႔ အိုရီဂီ တို႔ကိုလဲ အခြင့္အေရး ေပးသြားခဲ့ပါတယ္။

ပြဲအျပီးမွာေတာ့ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိိဂ္ 100% ႏိုင္ပြဲဆက္ ရလာဒ္နဲ႔ အတူ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဦးေဆာင္သြားခဲ့ပါတယ္။

ကေလာ့ပ္ဟာလဲ ကလပ္ အသင္းသမိုင္းေၾကာင္း တစ္ေလွ်ာက္ ပထမဆံုး အၾကိမ္ ပရီးမီးယားလိဂ္ ႏိုင္ပြဲဆက္ 13 ပြဲ ကို ရယူေပးႏိုင္တဲ့ နည္းျပ တစ္ဦး အျဖစ္ မွတ္တမ္း၀င္ သြားခဲ့တဲ့ အျပင္ ၊ သူ႔ တပည့္ ဖာမင္ႏိုဟာ ပရီးမီးယားလိဂ္မွာ ပထမဆံုး သြင္းဂိုး 50 ျပည့္ေျမာက္တဲ့ ဘရာဇီး ေဘာလံုးသမား ျဖစ္လာခဲ့ပါတယ္။

Firmino

အန္ဒရီယန္ ကေတာ့ လီဗာပူး ဂိုးသမား ဘ၀မွာ ပထမဆံုး Clean Sheet ကို ရယူသြားခဲ့ျပီ ျဖစ္သလို ၊ ဒီပြဲမွာ ဗန္ဒိုက္ရဲ႕ အျမင့္ေဘာ ရွင္းထုတ္မႈေတြကလဲ ဥေရာပ အေကာင္းဆံုး ေဘာလံုး သမား ဆိုတဲ့ ဂုဏ္ပုဒ္ကို ထင္ဟန္သြားခဲ့ပါတယ္။

အခုဆိုရင္ လီဗာပူးဟာ ပရီးမီးယားလိဂ္မွာ ရႈံးပြဲလံုး၀ မရွိတာ 21 ပြဲ ဆက္ ရွိလာခဲ့ျပီ ျဖစ္ျပီး ၊ 17 ပြဲ အႏိုင္ရရွိကာ ၊ 4 ပြဲ သေရ ရလာဒ္ ထြက္ေပၚထားတာ ျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

ဘန်လေ 0-3 လီဗာပူး ပွဲအပြီး သုံးသပ်ချက် (Review)
**********************************************

လီဗာပူး နည်းပြ ကလော့ပ်ဟာ ဒီပွဲမတိုင် က ကြိုတင် ပြောပြထားတဲ့ အတိုင်း သူ့ရဲ့ ကစားသမား စာရင်းကို အပြောင်းအလဲ လုံးဝ လုပ်ခြင်း မရှိပဲ ပွဲထွက်လာခဲ့ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် 2 ပွဲ မှာ တစ်သင်းလုံး နားရက် အပြည့်အဝ ကိုယ်စီ ရရှိထားသလို ၊ လက်ရှိ စာရင်းက ကစားပုံ ရစ်သမ် မိနေဆဲ ဖြစ်တာမို့ ၊ အပြောင်းအလဲ လုပ်ဖြစ်မှာ မဟုတ်ကြောင်း သတင်းစာ ရှင်းလင်း ပွဲမှာ ကတည်းက ကြိုတင် ပြောဆိုထားခဲ့တာပါ။

ဒါကြောင့် ပွဲထွက် ကစားသမားစာရင်းမှာ အာဆင်နယ် ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် က အတိုင်း ဆက်လက် ပွဲထုတ်ခဲ့ပြီး ဘန်လေကို ရင်ဆိုင် ကစားခဲ့ပါတယ်။ ထူးခြားတာက ဒီပွဲရဲ့ နည်းဗျူဟာ ချဉ်းကပ်ပုံ ဖြစ်ပြီး ၊ အာဆင်နယ် နဲ့ ပွဲစဉ်က အတိုင်း ကစားသမား စာရင်းက တူညီနေသည့်တိုင်အောင် ၊ ကစားပုံ / ကစားပေါက်က လုံးဝ ကို ကွဲပြားနေခဲ့ပါတယ်။

အာဆင်နယ် ပွဲတုန်းက ခံစစ်ပိတ်ထားတဲ့ အမ်မရီ ရဲ့ ဗျူဟာ ကို ဖြိုခွင်းဖို့ အာနိုး ၊ ရော်ဘတ်ဆန် တို့ရဲ့ ဖြတ်တင်ဘောတွေကို အဓိက အားထားခဲ့သလို ၊ ကွင်းလယ် ဘောလုံး အသာစီး ရဖို့ပါ အားထုတ်ခဲ့ပေမယ့် ဒီပွဲမှာ ထူးထူးခြားခြား ဘန်လေ ကစားတဲ့ ပုံစံ နဲ့ ခပ်ဆင်ဆင် အတိုင်းပဲ တုန့်ပြန် ကစားသွားခဲ့ပါတယ်။

ဘန်လေဟာ အမြင့်ဘောတွေကို အားပြုပြီး ၊ လီဗာပူး ကို တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့သလို ၊ လီဗာပူးကလဲ ဗန်ဒိုက် ၊ မာတစ် တို့ရဲ့ အမြင့်ဘော ပေးပို့မှုတွေကို ပွဲအစပိုင်းကတည်းက အားထားလာခဲ့တာပါ။ တစ်နည်းအားဖြင့် ဆိုရရင် ကလော့ပ်ဟာ ရှောင်ဒိုက်ချ်ရဲ့ ဗျူဟာ မျိုးနဲ့ ပဲ သူ့အသင်းကို ဒုက္ခပေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒီလို တုန့်ပြန် ကစားခြင်းဟာ နောက်တန်းပိတ်ဖို့ ကြိုးစားလာမယ့် ဘန်လေ အတွက် ၊ ခံစစ် ပြင်ဆင်ဖို့ အချိန်က နည်းပါးသွားမှာ ဖြစ်ပြီး ၊ မားနေး ၊ ဆာလတ် ၊ ဖာမင်နို တို့ရဲ့ တိုးအားတွေ နဲ့ အတူ အမှားတွေ များလာနိုင်တာကို ကလော့ပ်က ကောင်းကောင်း တွက်ဆထားကြည့်ခဲ့ပါတယ်။

သူ့ရဲ့ တွက်ကိန်းက တော်တော်လေး တိကျခဲ့သလို ၊ ပွဲအစ 4 မီးနစ်မှာ ကတည်းက ဆာလတ်ရဲ့ ကန်ချက်နဲ့ အတူ စတင် ခြိမ်းခြောက် နိုင်ခဲ့ပါတယ်။ အဲဒီဘောလုံးဟာ ဂိုးတိုင်ထိပြီး ပြန်ထွက်သွားတာကြောင့် ၊ အဖွင့်ဂိုး စောစောစီးစီး ရဖို့ လွဲချော် သွားခဲ့ရတာ ဖြစ်ပြီး ၊ နောက်ထပ် မီးနစ် 20 ၀န်းကျင်မှာလဲ ဟန်ဒါဆင် ရဲ့ အကွက်မြင်မြင် နဲ့ ပေးပို့လိုက်တဲ့ ဘောလုံး ကနေ ဆာလတ်က ပြေးထွက်သွားရာ ၊ ဂိုးသမားက ထွက်ပုတ်ပေမယ့် ၊ ဆာလတ် နဲ့ ပြန်ထိပြီး ဂိုးတိုင်ဘေးကနေ ထွက်သွားပြန်ပါတယ်။

လီဗာပူး အတွက် အဖွင့်ဂိုး ကိုတော့ အာနိုး နဲ့ ဟန်ဒါဆင်တို့ရဲ့ ပေါင်းစပ်မှုကနေ ရယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ အာနိုး ဟာ ရှေ့ ပွဲ 2 ပွဲ မှာတုန်းက 1 ဂိုး စီ ဖန်တီး နိုင်ခဲ့လို့ ၊ ဒီပွဲမှာတော့ ကိုယ်တိုင် 1 ဂိုး သွင်းယူ လိုက်ပြီလို ထင်မှတ်နေကြစဉ်မှာပဲ ၊ ပရီးမီးယားလိဂ် အဲဒီ ဂိုးကို ၀က်စ်ဝုဒ် ရဲ့ Own Goal အဖြစ်သာ သတ်မှတ် သွားခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ် ရဲ့ အမြင့်ဘော ဗျူဟာကြောင့် အမှားများခဲ့တဲ့ ကစားသမားကတော့ ဘန်လေ အသင်းခေါင်းဆောင် ဘန်မီး ဖြစ်ပြီး ၊ မိုဆာလတ်ကို တစ်ချိန်လုံး ထိန်းရင်း ဖိအားတွေ များနေခဲ့ရပါတယ်။ လီဗာပူး တို့ ရရှိခဲ့တဲ့ ဒုတိယ ဦးဆောင်ဂိုးဟာလဲ သူ့ရဲ့ လူပေးမှားမှု ကနေ တဆင့် ၊ ဖာမင်နို က ရယူသွားတာ ဖြစ်ကာ ၊ မာနေးကို ခင်းပေးလိုက်စဉ်မှာတော့ ဆီနီဂေါ တိုက်စစ်မှုးက အပိုင် ပိတ်သွင်းကာ ဒုတိယ ဦးဆောင်ဂိုး ရယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပို်င်း ပြန်လည် စတင်ချိန်မှာတော့ ဘန်လေဟာ တိုက်စစ်ကို အရဲစွန့်ပြီး ဖွင့် ကစားလာရပြီ ဖြစ်တာကြောင့် နောက်တန်း က နေရာလွတ်တွေလဲ မကြာခဏ ပေါ်ပေါက်လာခဲ့ပါတယ်။ ထုံးစံအတိုင်း လီဗာပူး ရဲ့ ကစားပုံကလဲ ဒုတိယ ပိုင်းရောက်ရင် ပိုပြီး ကောင်းလာတာမို့ ၊ ဒီကနေ့ပွဲမှာလဲ ဘန်လေရဲ့ နေရာလွတ်တွေ ကနေ တဆင့် တန်ပြန်တိုက်စစ်ဆင်ရင် ဂိုးသွင်းခွင့်တွေ အကြိမ်ကြိမ် ရရှိခဲ့ပါတယ်။

မိုဆာလတ် ဟာ ဂိုးသွင်းဖို့ ဆန္ဒတွေ ပြင်းပြလွန်းနေတာကြောင့် ဖာမင်နို ဆီ တစ်ကြိမ် ၊ မာနေး ဆီ တစ်ကြိမ် ထိုးပေးရမယ့် ဘောလုံးတွေကို ပို့ပေးခြင်း မရှိပဲ ၊ သူကိုယ်တိုင် ကန်သွင်းသွားခဲ့ပါတယ်။ ဖာမင်နို ဟာ တတိယ မြောက်ဂိုးကို ဆာလတ်ရဲ့ အားထုတ်မှု ကနေ သွင်းယူလိုက်နိုင်တာကြောင့် ၊ စိတ်ထဲမှာ ဘာမှ ဖြစ်မှာ မဟုတ်ပေမယ့် ၊ မာနေး ကတော့ ဆာလတ် အပေါ် နည်းနည်းလေး စိတ်ကွက်သွားပုံ ရခဲ့ပါတယ်။

3 ဂိုးမြှောက် ဦးဆောင်နေချိန်မှာတော့ ကလော့ပ်ဟာ ပွဲထွက် ကစားခွင့် အရမ်းလိုချင်နေတဲ့ ရှာကွီရီ ကို လူစားလဲရင်း ၀င်ကစားခွင့် ပေးခဲ့သလို ၊ ချိန်ဘာလိန် နဲ့ အိုရီဂီ တို့ကိုလဲ အခွင့်အရေး ပေးသွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိိဂ် 100% နိုင်ပွဲဆက် ရလာဒ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်သွားခဲ့ပါတယ်။

ကလော့ပ်ဟာလဲ ကလပ် အသင်းသမိုင်းကြောင်း တစ်လျှောက် ပထမဆုံး အကြိမ် ပရီးမီးယားလိဂ် နိုင်ပွဲဆက် 13 ပွဲ ကို ရယူပေးနိုင်တဲ့ နည်းပြ တစ်ဦး အဖြစ် မှတ်တမ်းဝင် သွားခဲ့တဲ့ အပြင် ၊ သူ့ တပည့် ဖာမင်နိုဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး သွင်းဂိုး 50 ပြည့်မြောက်တဲ့ ဘရာဇီး ဘောလုံးသမား ဖြစ်လာခဲ့ပါတယ်။

အန်ဒရီယန် ကတော့ လီဗာပူး ဂိုးသမား ဘဝမှာ ပထမဆုံး Clean Sheet ကို ရယူသွားခဲ့ပြီ ဖြစ်သလို ၊ ဒီပွဲမှာ ဗန်ဒိုက်ရဲ့ အမြင့်ဘော ရှင်းထုတ်မှုတွေကလဲ ဥရောပ အကောင်းဆုံး ဘောလုံး သမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ထင်ဟန်သွားခဲ့ပါတယ်။

အခုဆိုရင် လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲလုံးဝ မရှိတာ 21 ပွဲ ဆက် ရှိလာခဲ့ပြီ ဖြစ်ပြီး ၊ 17 ပွဲ အနိုင်ရရှိကာ ၊ 4 ပွဲ သရေ ရလာဒ် ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။

SPORTS MYANMAR