လီဗာပူး
အက်ဒရီယန် – ၇
အလက်ဇန်းဒါးအာနိုး – ၇
မာတစ် -၇
ဗန်ဒိုက် – ၈
ရောဘတ်ဆန် – ၆
လုပ်အားနှုန်း အထူး ကောင်းမွန် ခဲ့ပေမယ့်လည်း ၎င်းရဲ့ ဖြတ်တင်ဘောတွေဟာ ခါတိုင်းလိုတော့ သိပ်မကောင်းခဲ့ပါဘူး။
ဖာဘင်ညို – ၇
ဝိုင်နယ်ဒန် – ၇
ဟန်ဒါဆန် – ၇
Henderson
မာနေး – ၈
ဆာလား – ၇
ဖာမီနို – ၈ (MOTM)
ဘန်လေ
ပုတ် – ၆ ၊ လိုတန် – ၆ ၊ တာကောစကီး – ၆ ၊ ဘန်မီး – ၅ ၊ ပီတာ့စ် – ၅ ၊ လန်နွန် – ၇ ၊ ကော့ – ၆ ၊ ၀က်စ်ဝုဒ် – ၆၊ မက်နေး – ၇ ၊ ခရစ်ဝုဒ် – ၆ ၊ အက်ရှ်လေဘန်း – ၆
SM
Unicode
ရော်ဘတ်တိုဖာမီနို အထူးခြေစွမ်းပြ ကစားသွားခဲ့တဲ့… ဘန်လေ ၀ – ၃ လီဗာပူး ပွဲစဉ် မှ နှစ်ဘက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်များ (Player ratings)
လီဗာပူးဟာ ဘန်လေကို တပ်မိုးမှာ အကောင်းဆုံး ဖြတ်ကျော်ပြီး ဒီရာသီ ရဲ့ ပြီးပြည့်စုံတဲ့ နိုင်ပွဲမှတ်တမ်းကို ဆက်ထိန်း ထားနိုင်ခဲ့ ပါတယ်။ နှစ်သင်းစလုံးဟာ ပွဲကို အကောင်းဆုံး စတင် နို်င်ခဲ့ကြ ပေမယ့်လည်း ဗွေဆော်ဦး ဂိုး ရသွားခဲ့တာ ကတော့ လီဗာပူးပဲ ဖြစ်ပါတယ်။ ၃၂ မိနစ်မှာ အလက်ဇန်းဒါးအာနိုး ရဲ့ ဖြတ်တင်ဘော ၀ုဒ်နဲ့ ထိကာ ဂိုးထဲ တန်းဝင် သွားခဲ့ပြီး လီဗာပူးတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။
နောက်ထပ် ၄ မိနစ် အကြာမှာ ကလော့ ရဲ့ အသင်းပဲ နောက်ထပ် ဦးဆောင်ဂိုး ရခဲ့ပြီး ဘန်မီးရဲ့ အမှားကနေ ဖာမီနို ဘောလုံး ရသွားခဲ့ပြီး ၎င်းရဲ့ ဖန်တီးပေးမှုကို မာနေး က အဆုံးသတ် ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး အခွင့်အရေး သိပ်မရ ခဲ့ဘဲ ပွဲချိန် ရ၉ မိနစ် မှာတော့ ဖာမီနိုဟာ ပရီးမီးယားလိဂ် မှာ သွင်းဂိုး ၅၀ ပြည့်တဲ့ ဘရာဇီးသား ဖြစ်လာမယ့် ဂိုးကို သွင်းယူ ခဲ့ပါတယ်။
ယခု ပွဲစဉ်မှ နှစ်ဘက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို ယခုလိုပဲ အကဲဖြတ် ပေးလိုက်ပါတယ်။
လီဗာပူး
အက်ဒရီယန် – ရ
၀ုဒ်ရဲ့ အစောပိုင်း ကန်ချက်ကို ကောင်းစွာ တားဆီး နိုင်ခဲ့တဲ့ အပြင် ပွဲပြီးခါနီးမှာ ရိုဒရီဂွက်ဇ် ရဲ့ အားထုတ်မှုကိုလည်း လက်စွမ်းပြခဲ့ကာ ပထမဦးဆုံး clean sheet ရယူ ခဲ့ပါတယ်။
အလက်ဇန်းဒါးအာနိုး – ရ
ဘန်းရဲ့ အားထုတ်မှုကို ဂိုးစည်းပေါ်က ရှင်းထုတ် ပေးခဲ့တဲ့ အပြင် ၎င်းရဲ့ ဖြတ်တင်ဘောကလည်းအသင်း အတွက် ဦးဆောင်ဂိုး ဖြစ်စေ ခဲ့ပါတယ်။
မာတစ် -၇
ပုံစံကောင်း ပြနေတဲ့ ဘန်းနဲ့ အပြိုင်ကြဲ ခဲ့ရပြီး ၎င်းရဲ့ တည်ငြိမ် ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ အတူ ဒီလို ကြံ့ခိုင်မှုပိုင်းမှာ အသားစီး ရခဲ့ပါတယ်။
ဗန်ဒိုက် – ၈
UEFA တစ်နှစ်တာ အကောင်းဆုံးဆုရှင်ဟာ ဒီဆုနဲ့ထိုက်တန်တဲ့ အရည်အသွေးကို ပွဲချိန် တစ်လျှောက်လုံး ပြသ နိုင်ခဲ့ပြီး ဘန်လေ တိုက်စစ်ကို ကျော်ဖြတ် မရအောင် တားဆီးကာ clean sheet ရအောင် ဦးဆောင် ပေးခဲ့ ပါတယ်။
ရောဘတ်ဆန် – ၆
လုပ်အားနှုန်း အထူး ကောင်းမွန် ခဲ့ပေမယ့်လည်း ၎င်းရဲ့ ဖြတ်တင်ဘောတွေဟာ ခါတို်င်းလိုတော့ သိပ်မကောင်းခဲ့ပါဘူး။
ဖာဘင်ညို – ရ
လီဗာပူး ရဲ့ back four ရှေ့မှာ ကျောက်ဆောင် သဖွယ် အရာရာကို ကာကွယ် တားဆီး ပေးခဲ့တဲ့ အပြင် ဘရာဇီးသား ရဲ့ ဘောလုံး ဖြန့်ဝေပုံတွေ ကလည်း ထိရောက် ခဲ့ပါတယ်။
၀ုိင်နယ်ဒန် – ရ
ဘောလုံး ပေးပို့မှုတွေ တိကျ ကောင်းမွန် ခဲ့ပြီး လီဗာပူး ရဲ့ ကွင်းလယ် ဘယ်ခြမ်း ကနေ တိုက်စစ် ခံစစ် အကောင်းဆုံး လိုက်ပါ ပံ့ပိုး သွားပါတယ်။
ဟန်ဒါဆန် – ရ
ညာတောင်ပံမှာ ဆာလား ကို ကောင်းစွာ ကူညီ ပေးခဲ့တဲ့ အပြင် ကောင်းမွန်တဲ့ ဖြတ်တင်ဘောတွေ ၊ ကောင်းမွန်တဲ့ လုပ်အားတွေနဲ့ အတူ ကျားကုတ်ကျားခဲ ကစား သွားပါတယ်။
မာနေး – ၈
ဆာလား သာ တစ်ကိုယ်ကောင်း ဆန်ဆန် မကစားဘူး ဆိုရင် မာနေး အနေနဲ့ အနည်းဆုံး နောက်ထပ် တစ်ဂိုး ထပ်ရဖို့ ရှိနေပြီး ဆီနီဂေါ စတားဟာ ပြည့်ဝတဲ့ အရည်အသွေးနဲ့ အတူ လီဗာပူး ရဲ့ တိုက်စစ်လမ်းကြောင်း တွေကို ပွင့်စေခဲ့ကာ တည်ငြိမ်တဲ့ အဆုံးသတ်နဲ့ အတူ သွင်းဂိုးလည်း ရယူ နိုင်ခဲ့ပါတယ်။
ဆာလား – ရ
တိုင်ထိ ထွက်ခဲ့သလို ၎င်းရဲ့ အတိုးအလှုပ်တွေနဲ့ ဘန်လေ ခံစစ်ကို ယိမ်းယိုင်မှုတွေ ရှိစေ ခဲ့ပေမယ့် ဂိုးရလိုစိတ် များနေတဲ့ ၎င်းရဲ့ ဆုံးဖြတ်ချက် အလွဲတွေကြောင့် လီဗာပူး တို့ ပွဲကို စောစောစီးစီး အဆုံးသတ် နိုင်မယ့် အခွင့်အရေး လွဲခဲ့ပါတယ်။
ဖာမီနို – ၈ (MOTM)
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားပါပဲ။ မာနေးရဲ့ သွင်းဂိုး အတွက် အကောင်းဆုံး ဖန်တီးမှု လုပ်ပေး ခဲ့သလို တိကျတဲ့ အဆုံးသတ် ကန်ချက်နဲ့ အတူ ကိုယ်တိုင်လည်း ဂိုးသွင်း နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် မှာ ဂိုး ၅၀ ပြည့်တဲ့ ပထမဦးဆုံး ဘရာဇီးသား ဆိုတဲ့ မှတ်တမ်းလည်း ရခဲ့ပါတယ်။
လူစားဝင် – အောက်စလိတ် ချိန်ဘာလိန် ၆ ၊ အိုရီဂီ ၊ ရှကီရီ (ပွဲချိန် မလုံလောက်)
ဘန်လေ
ပုတ် – ၆ ၊ လိုတန် – ၆ ၊ တာကောစကီး – ၆ ၊ ဘန်မီး – ၅ ၊ ပီတာ့စ် – ၅ ၊ လန်နွန် – ရ ၊ ကော့ – ၆ ၊ ၀က်စ်ဝုဒ် – ၆၊ မက်နေး – ရ ၊ ခရစ်ဝုဒ် – ၆ ၊ အက်ရှ်လေဘန်း – ၆
လူစားဝင် – ရိုဒရီဂွက်ဇ် – ၅
SM