David James
(6) နှစ်ပါတ် အနားရခြင်း
#Sports_Myanmar
Unicode
ဆောက်သမ်တန် နဲ့ ပွဲစဉ် အပြီး ဆိုးလ်ရှားရဲ့ တုန့်ပြန် ဖြေကြားချက်များ
=================
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက ကစား ခဲ့တဲ့ ဆောက်သမ်တန် အသင်း နဲ့ အဝေးကွင်း ပွဲစဉ် မှာ 1 – 1 ဆိုတဲ့ သရေ ရလဒ်သာ ထွက်ပေါ် ခဲ့ပြီး ပရီးမီးယား လိဂ် ရာသီ သစ်မှာ 3 ပွဲဆက် ရလဒ် ဆိုးရွား သွားခဲ့ ရ ပါတယ် ။
အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အတွက် အဖွင့် ဂိုးကို တိုက်စစ် ကစားသမား သစ် ဒန်နီယယ် ဂျိမ်းစ် က သွင်ယူး ပေးခဲ့ပြီး ပထမပိုင်း ကို ဦးဆောင် နိုင်ခဲ့ ပေမယ့် ဒုတိယပိုင်း မှာ ဗတ်စတာဂတ် က ခြေပဂိုး ပြန်လည် သွင်းယူ ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ ရမှတ် တစ်မှတ် နဲ့သာ ကျေနပ် ခဲ့ရ ပါတယ် ။
အဆိုပါ ပွဲစဉ် အပြီး ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ရဲ့ ပွဲ အပြီး အင်တာဗျူး အကြောင်း ဖော်ပြ ပေးလိုက် ပါတယ် ။
(1) ဂျိမ်းစ် ရဲ့ သွင်းဂိုး
” ကျွန်တော် တို့ သူ့ရဲ့ အရည်အသွေး အကြောင်း ကောင်းစွာ သိရှိ ထားကြ ပါတယ် ။ သူဟာ ဘယ် တောင်ပံ ဖက် ကစား တဲ့ အခါ မှာ တိုက်စစ် ကို ပိုပြီး အကျိုးပြု တက်သူ ပါ ။ ဒီနေ့ ဂိုး ကတော့ ကောင်းမွန် လွန်းလှ ပါတယ် ။ သူဟာ တိုက်စစ် ပိုင်းမှာ ပြေးလွှား ကစား ရင်းနဲ့ သူ့ အနား မှာ ရှိ နေတဲ့ သူတွေ အတွက် နေရာ လွတ်တွေ ဖန်တီး ပေးနိုင် ခဲ့တယ် ။ ကျွန်တော် သူ့ အတွက် တစ်ကယ် ပဲ ပျော်ရွှင် မိ ပါတယ် ။ သူဟာ ကွင်းထဲ ရောက်ရှိ လာပြီး အသင်း အတွက် အကျိုးပြု နိုင်ခဲ့ တယ်လေ ။ သူဟာ သူ့ရဲ့ အောင်မြင် မှု တွေနဲ့ ထိုက်တန် လှ ပါတယ် ”
” သုံးပွဲ ပွဲထွက် ကစား ၊ တစ်ပွဲ လူစားဝင် ကစား ပြီး အသင်း အတွက် သုံးဂိုး သွင်းယူ ပေးနိုင် ခြင်းက ကစားသမား သစ်လေး တစ်ယောက် အတွက် မဆိုးလှ ပါဘူး ။ သူဟာ ဆက်လက် တိုးတက် ဦးမှာ ဖြစ်သလို ကျွန်တော် တို့ အသင်း ကလည်း ဆက်လက် တိုးတက် လာဦး မှာပါ ။ အသင်း က ပိုကောင်း လာပါပြီ ။ ကျွန်တော် တို့ တွေဟာ အခွင့် အရေး အနည်းငယ် ပဲ ပေးခဲ့ ရ ပါတယ် ။ ကျွန်တော် တို့ အခွင့်အရေး တွေ ပေးရတဲ့ အခါ မှာ ဂိုးတွေ မပေး ရအောင် လုပ်ဆောင် ဖို့ လိုအပ် နေ ပါတယ် ”
(2) ပွဲစဉ် ကို အဆုံးသတ်ပစ် နိုင်ခြင်း မရှိမှု
” ကျွန်တော် တို့ဟာ 1 – 0 ကတည်းက ပွဲကို သေအောင် လုပ်ပစ် နိုင်ခဲ့ သင့် ပါတယ် ။ ကျွန်တော် တို့ တွေဟာ ပွဲကို ကောင်းမွန်စွာ စတင် နိုင်ခဲ့ ကြပြီး ဂျိမ်းစ် ၊ မာတာ တို့ရဲ့ လှုပ်ရှား မှု ကနေ နေရာ လွတ် ဖန်တီး ၊ အခွင့် အရေး တွေကို ရရှိ စေနိုင် ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ဟာ ပွဲစဉ် အစ 20 – 25 မိနစ် လောက် အရမ်း ကို ကောင်းမွန် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ဒုတိယ ဂိုးကို မသွင်းယူ နိုင်ခဲ့ ပဲ သူတို့ တွေကို ပွဲစဉ် အတွင်း ပြန်လည် ပါဝင် ပတ်သက်ခွင့် ပြုခဲ့ ရပါတယ် ။ ကျွန်တော် တို့ ဘောလုံး ပေးပို့တာ တွေလည်း မှားခဲ့ ကြတယ် ”
” ကျွန်တော် တို့ အခု မှန်ကန် တဲ့ လမ်းကြောင်း တစ်ခု အပေါ် ရောက်ရှိ နေကြ ပြီလို့ ထင် ပါတယ် ။ ကျွန်တော် တို့ တွေဟာ ဖိအားပေး ကစားရင်း ပြိုင်ဖက် ကို ကစားရ ခက်ခဲ အောင် လုပ်နိုင် တဲ့ အသင်း ဖက်ကို အခွင့် အရေး တွေ များစွာ ဖန်တီး နိုင်ခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ဟာ အမှား နှစ်ကြိမ် လောက် ကျူးလွန် ခဲ့ကြ ပေမယ့် ပြန်ထိန်း နိုင်ခဲ့ ပြီး ကစား လိုတဲ့ ပုံစံ ကို ပြန်ဖော် နိုင်ခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ဟာ ဒီထက် ပိုပြီး အဆုံးသတ် စွမ်းရည် ကောင်းမွန် နိုင်ဖို့ လိုအပ် ခဲ့ကြ ပါတယ် ”
(3) ဆောက်သမ်တန် ရဲ့ ခြေပဂိုး
” အဲ့တာ က ကျွန်တော် တို့ အခက်အခဲ ကြား ရောက်ရှိ ခဲ့တဲ့ 10 – 15 စက္ကန့် အတွင်း ပေးခဲ့ ရတာပါ ။ ပထမဆုံး ထောင့်ကန် ဘော ပေးခဲ့ ရတဲ့ အခါ ကောင်လေး တွေက အရှေ့ နည်းနည်း တက်ခဲ့ ကြ ပါတယ် ။ ဒါပေမယ့် ဒေးဗစ် က အကောင်းဆုံး ကာကွယ် သွားနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ ရဲ့ ဖြတ်တင်ဘော ကို ပိတ်ဆို့ သွားဖို့ အတွက် ကျွန်တော် တို့ တွေဟာ လုံလောက်စွာ မကောင်းမွန် ခဲ့ကြ ပါဘူး ။ ကျွန်တော် တို့ အဲ့တာ ကို ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့ သင့် ပါတယ် ။ အဲ့တာ က သူတို့ ဖက်က အားစိုက်ထုတ် နိုင်ခဲ့တဲ့ အကြိမ် နှစ်ကြိမ် ဖြစ်ပြီး 10 – 15 စက္ကန့် အတွင်း ဖြစ်ပွား သွားခဲ့ရ ပါတယ် ။ ကျန်တဲ့ ပွဲချိန် တွေမှာ တော့ ကျွန်တော် တို့ ကောင်းမွန်စွာ ကစား နိုင်ခဲ့ကြ ပါတယ် ”
(4) ဂိုးတွေ များစွာ သွင်းယူနိုင်ရေး
” ကျွန်တော် တို့ဟာ အခွင့် အရေး တွေ အများကြီး ဖန်တီး နိုင်ခဲ့ ကြတယ် ။ အများကြီး ဖွင့်ဆော့ခဲ့ ကြတယ် ။ ဒါပေမယ့် နောက်ဆုံး တစ်ခု တော့ လိုအပ် ခဲ့တယ် ။ ကျွန်တော် တို့ တွေဟာ ဂိုးတွေ ကို ကြုံသလို ကန်သွင်းယူ နိုင်ဖို့ လေ့လာ လေ့ကျင့် ရပါ ဦးမယ် ။ ကျွန်တော် တို့ တွေဟာ ကြောက်မက်ဖွယ် ကောင်းတဲ့ ဘောလုံး ဖြတ်တင် မှုတွေ ၊ ဘောလုံး အရှည် ကစား မှု တွေကို အသုံး မချ နိုင်ခဲ့ ကြ ပါဘူး ။ ရိုးရိုးသားသား ပြော ရမယ် ဆိုရင် ကျွန်တော် တို့ အဲ့ဒီ ကနေ ဂိုးတွေ ရယူ နိုင်ခဲ့ သင့်တယ် ။ ကျွန်တော် တို့ လေးလံ နေခဲ့တဲ့ အတွက် မကျေမနပ် ဖြစ်ခဲ့ရ ပါတယ် ။ ပြီးခဲ့တဲ့ သုံးပွဲ အတွင်း ကျွန်တော် တို့ သေချာပေါက် နိုင်ပွဲ ရရှိ ခဲ့သင့် ပေမယ့် အမှတ် ဆုံးရှံုး ခဲ့ကြ ရ ပါတယ် ”
(5) ပေါ့ဂ်ဘာ အကြောင်း Update
” သူ့ရဲ့ ခြေချင်းဝတ် ကို အရမ်း လှည့်လိုက် သလို ဖြစ်သွား ခဲ့ရ ပါတယ် ။ ဒါပေမယ့် သူဟာ နိုင်ငံတကာ ပွဲစဉ် သွားရောက် ပါဝင် ကစားရ ဦးမှာပါ ။ သူ့ရဲ့ ဒဏ်ရာ အသေးစားပဲ ဖြစ်ဖို့ နဲ့ ပြင်သစ် အတွက် ကစား ပေးနိုင် ဖို့ မျှော်လင့်ထား ပါတယ် ”
(6) နှစ်ပါတ် အနားရခြင်း
” ပွဲစဉ် မရှိတဲ့ ရက် သတ္တပါတ် ဟာ ရက်တွေ အတော် ကြာရှည် တယ်လို့ ခံစားရ ပါတယ် ။ ကျွန်တော် တို့ ဒီကြား ထဲ နိုင်ငံတကာ ပွဲစဉ် တွေကို ပဲ ကြည့်ရှု ခံစား သွားရ ပါ့မယ် ။ ကျွန်တော့် ကောင်လေး တွေ အတွေ့ အကြံု ကောင်းနဲ့ ပြန်လာ ကြဖို့ ၊ မှန်ကန် ကောင်းမွန် တဲ့ စိတ်ဓါတ်ပိုင်း နဲ့ ပြန်လာ ကြဖို့ မျှော်လင့် နေပါတယ် ”
#Sports_Myanmar