Liverpool

လီဗာပူး အသင္းဟာ ဘန္ေလကို ေျခစြမ္းျပကာ ၃ ဂုိး ဂိုးမရွိနဲ႕ အႏုိင္ရခဲ့ျပီး လာမည့္ ႏုိင္ငံတကာ ပြဲစဥ္ေတြ မတုိင္မီ ပရီးမီးယားလိဂ္ မွာ ေလးပြဲ ကစား ေလးပြဲ အႏုိင္ရလဒ္နဲ႕ အတူ အမွတ္ေပးဇယား ထိပ္မွာ ဦးေဆာင္ ႏုိင္ခဲ့ပါတယ္။ ဒါဟာ လီဗာပူး ရဲ႕ ပရီးမီးယားလိဂ္ ၁၃ ပြဲဆက္ ႏုိင္ပြဲ ျဖစ္ကာ ကလပ္ အသင္း သမိုင္းတစ္ေလွ်ာက္ အရွည္ၾကာဆံုး ႏုိင္ပြဲ မွတ္တမ္း ျဖစ္ပါတယ္။

လီဗာပူးဟာ ပြဲအစပိုင္းမွာ အိမ္ရွင္အသင္းရဲ႕ ၾကံ့ခုိင္မွဳ အားျပဳကစားဟန္ ကို ရင္ဆုိင္ ေျဖရွင္းခဲ့ ရေပမယ့္ မုိဟာမက္ဆာလား ရဲ႕ အေစာပိုင္း ကန္ခ်က္ နစ္ပုတ္ရဲ႕ လက္ဖ်ားနဲ႕ထိျပီး ဂိုးတုိင္ထိခဲ့ကာ ဦးေဆာင္ဂုိး အတြက္ နီးစပ္ ခဲ့ပါတယ္။ ဒါေပမယ့္လည္း ၃၃ မိနစ္ မွာေတာ့ အလက္ဇန္းဒါးအာႏုိး ရဲ႕ ညာေတာင္ပံ ျဖတ္တင္ေဘာဟာ ခရစ္၀ုဒ္နဲ႕ ထိျပီး ဂုိးထဲတန္း၀င္ သြားတာေၾကာင့္ လီဗာပူးတုိ႕ အဖြင့္ဂိုး ရခဲ့ပါတယ္။ သိပ္မၾကာမီ မွာပဲ မာေနး ဟာ ေနာက္ထပ္ တစ္ဂိုး သြင္းေပး ခဲ့ျပီး ဒုတိယပိုင္း မိနစ္ ၈၀ မွာေတာ့ ဖာမီႏိုဟာ တတိယေျမာက္ ဂိုးသြင္းကာ ပြဲကို အဆံုးသတ္ ေပးခဲ့ပါတယ္။

ဒီပြဲစဥ္မွာ ထူးထူးျခားျခား ေျပာစရာေတြ ကေတာ့ …

၁~
ဆာလား ရဲ႕ အရည္အေသြး

၊ ၎ရဲ႕ သြင္းဂိုးေတြ ၊ လုပ္အားေတြဟာ လီဗာပူး အသင္း အတြက္ အထူး အေရးပါပါတယ္။ ဒါေပမယ့္လည္း ဆာလားဟာ တစ္ခါတစ္ရံ သြင္းဂုိးပိုင္းကို အာရံုစိုက္ရတဲ့ တုိက္စစ္မွဳးထက္ ပုိတဲ့ ေလာဘၾကီးမွဳေတြကို ေတြ႕ျမင္ ေနရပါတယ္။ တကယ့္ေတာ့ ျပီးခဲ့တဲ့ ႏွစ္ေတြ အတြင္း လီဗာပူးရဲ႕ အဓိက အသက္ဟာ ၃ ဦးတြဲ တုိက္စစ္ျဖစ္ျပီး သံုးဦးစလံုးဟာ ျခိမ္းေျခာက္ ႏုိင္စြမ္း ကိုယ္စီကုိယ္စီ နဲ႕ ျပိဳင္ဘက္ေတြကို ထိန္႕လန္႕ေစခဲ့ ပါတယ္။ တစ္ကုိုယ္ေကာင္း မဆန္မွဳေတြ ၊ ေပးဆပ္မွဳေတြဟာ ဒီ ၃ဦးတြဲ တုိက္စစ္ကို ပုိမို အားေကာင္းေစတာ ျဖစ္ျပီး ဆာလားဟာ တပ္မိုး မွာေတာ့ ခၽြတ္ေခ်ာ္ ေနခဲ့ပါတယ္။

ဒီပြဲမွာ အေကာင္းဆံုး အခြင့္အေရး ၂ ၾကိမ္ အျပင္ ျပီးခဲ့တဲ့ ပြဲေတြ မွာလည္း ဆာလားဟာ ေနရာေကာင္းမွာ ရွိေနတဲ့ အသင္းေဖာ္ေတြကို ဖန္တီးေပးဖို႕ထက္ ဂိုးရဖို႕ မျဖစ္ႏုိင္ေလာက္တဲ့ အေနအထားေတြ ကေန ကိုယ္တုိင္ ကန္သြင္းမွဳေတြ လုပ္ခဲ့ပါတယ္။ လီဗာပူး တုိ႕ ၂ – ၀ ႏုိင္ေနတဲ့ ပထမအၾကိမ္မွာ ဆုိရင္ လြတ္လြတ္ကၽြတ္ကၽြတ္ ျဖစ္ေနတဲ့ ဖာမီႏုိ ကုိ ဖန္တီးမွဳ မလုပ္ခဲ့တာေၾကာင့္ ဆာလားဟာ ကေလာ့ရဲ႕ ေဒါသထြက္မွဳ ခံခဲ့ရတဲ့အျပင္ ေနာက္တစ္ၾကိမ္မွာလည္း မာေနး ကို ေပးရမယ့္ ေဘာလံုးကို ကုိယ္တုိင္ ကန္သြင္းရာမွာ ျပိဳင္ဘက္က လက္ဦးမွဳရသြား ခဲ့ပါတယ္။ ဒီအတြက္ မာေနးဟာ လူစားလဲ ခံရခ်ိန္မွာ အေတာ္ေဒါသထြက္ေန ခဲ့ပါတယ္။ တုိက္စစ္မွဳးတစ္ဦး ဆုိတဲ့ အေနအထားကို နားလည္လို႕ မရေပမယ့္ ဒါဟာ ၾကာရင္ ျပသနာ ၾကီးထြား လာႏုိင္တဲ့ အရာ ျဖစ္ျပီး အသင္းတြင္း စည္းလံုးမွဳပိုင္း မထိခုိက္မီ ကေလာ့ အေနနဲ႕ ဒီကိစၥကို ဆာလားထံ အသိေပးျပီး အျမန္ဆံုး ေျဖရွင္း သြားရေတာ့မွာ ျဖစ္ပါတယ္။

၂ ~ အာဆင္နယ္ ထံမွ သင္ခန္းစာ မယူႏိုင္ခဲ့တဲ့ ဘန္ေလ
ျပီးခဲ့တဲ့ တစ္ပတ္က လီဗာပူး ေနာက္တန္း အစြန္လူေတြကို ေနရာလြတ္ေတြ အမ်ားၾကီး ေပးခဲ့တဲ့ အာဆင္နယ္ အသင္းရဲ႕ ပြဲခ်ည္းကပ္ဟန္ဟာ ပြဲကို အဓိက ဆံုးျဖတ္ ေပးသြားခဲ့တဲ့ အရာေတြ ထဲက တစ္ခု ျဖစ္ခဲ့ျပီး ဒီပြဲကို ဘန္ေလ အသင္းကလည္း ၾကည့္ေန ခဲ့မွာ ေသခ်ာပါတယ္။ ဒီအတြက္ေၾကာင့္ လီဗာပူး ဟာ ပြဲအတြင္း မွာ တုိက္စစ္ကို အလိုရွိသလို ကစား သြားႏုိင္ခဲ့ျပီး ဂန္းနား တုိ႕ဟာ ဖန္တီးမွဳစြမ္းရည္ ေကင္းမြန္လွတဲ့ လီဗာပူး ရဲ႕ full backs ေတြကို ေတာင္ပံေတြ ကေန အၾကိမ္ၾကိမ္ ဂိုးဖန္တီးခြင့္ ေပးခဲ့ ရပါတယ္။ ဘန္ေလဟာ နည္းလမ္း ေပါင္းစံုနဲ႕ ဒုကၡေပးႏုိင္စြမ္း ရွိတဲ့ လီဗာပူး အသင္းကို အာဆင္နယ္ ရဲ႕ နည္းစနစ္မ်ိဳး အတုယူ ခဲ့ကာ အလက္ဇန္းဒါးအာႏုိုး ကို ေနရာလြတ္ေတြ အမ်ားၾကီး ေပးခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ပဲ အိမ္ရွင္ အသင္းဟာ ၎ရဲ႕ ျဖတ္တင္ေဘာ ကေန အဖြင့္ဂိုး ေပးလိုက္ရျပီး ေနာက္ကေန လိုက္ကစား ခဲ့ရတဲ့ အေျခအေန ျဖစ္သြား ခဲ့ပါတယ္။

၃~ တုိက္စစ္အစြမ္း ျပေနတဲ့ လီဗာပူး

တပ္မိုးကို လာကစားတဲ့ အသင္းေတြ အေနနဲ႕ အခြင့္အေရး မ်ားမ်ားစားစား ရေလ့ မရွိပါဘူး။ ဒါ့ေၾကာင့္ အႏုိင္ ၃ မွတ္ အတြက္ဆုိရင္ အခြင့္အေရး မ်ားမ်ား ဖန္တီးႏုိင္မွ ျဖစ္မွာပါ။ မိုဆာလားရဲ႕ ကန္ခ်က္ အေစာပိုု္င္းမွာ ဂုိးတုိင္ထိ ခဲ့တဲ့ အျပင္ ဂိုးသမားနဲ႕ တစ္ဦးခ်င္း ေတြ႕ရတဲ့ အေျခအေန မွာလည္း ၎ရဲ႕ ေဘာလံုး အထိန္းအသိမ္းပိုင္း လိုအပ္မွဳ ရွိခဲ့တာေၾကာင့္ ဂုိးမရ ခဲ့ပါဘူး။ ထရန္ရဲ႕ ျဖတ္တင္ေဘာ နဲ႕ လီဗာပူးတို႕ အဖြင့္ဂုိး သြင္းယူ ႏုိင္ခဲ့ေပမယ့္ လီဗာပူးဟာ အာရံုစူးစုိက္မွဳ မေလ်ာ့ခဲ့ဘဲ ျပိဳင္ဘက္ရဲ႕ ခံစစ္အမွားကို အခြင့္အေရး ယူႏုိင္ေလာက္ေအာင္ ေကာင္းေန ခဲ့ကာ ဖာမီႏုိ ရဲ႕ ဖန္တီးမွဳကို မာေနး က အဆံုးသတ္ ခဲ့ပါတယ္။ ဒုတိယပို္င္းမွာေတာ့ လီဗာပူး ဟာ အခြင့္္အေရး မ်ားမ်ား စားစား မရခဲ့ေပမယ့္လည္း ဆာလား ဆီက လြတ္ထြက္ လာခဲ့တဲ့ ေဘာလံုးကို ဖာမီႏုိ က တိက်တဲ့ ကန္ခ်က္နဲ႕ အတူ ပြဲကို အဆံုးသတ္ ခဲ့ပါတယ္။

၄~ ႏုိင္ငံတကာပြဲ ကာလ နဲ႕ ထိပ္ဆံုးေနရာ
ဒီရာသီ ပထမဦးဆံုး clean sheet ၊ ကလပ္စံခ်ိန္တင္ ႏုိင္ပြဲဆက္ မွတ္တမ္း နဲ႕ ပရီးမီးယားလိဂ္ ရဲ႕ ရာႏွဳန္းျပည့္ ႏုိင္ပြဲတုိ႕ဟာ လီဗာပူးကို ဇယားထိပ္မွာ ဦးေဆာင္ ေစခဲ့ ပါတယ္။ ႏုိင္ငံတကာပြဲစဥ္ ကာလမတုိ္င္မီ ဒီိလို ရလဒ္ ထြက္ထားတာကာ ကေလာ့ နဲ႕ လီဗာပူး အတြက္ အရမ္းကို အေပါင္းလကၡဏာ ေဆာင္ပါတယ္။ ဘန္ေလလို ၾကံံ့ခုိင္မွဳ အားျပဳတဲ့ အသင္းနဲ႕ ကစားခဲ့ရတာေၾကာင့္ လီဗာပူး အသင္းသားေတြ မွာ အနည္းနဲ႕အမ်ား ထိခုိက္မွဳေတြေတာ့ ရွိေနမွာပါ။

ႏုိင္ငံပြဲေတြ ျပီးရင္ ပြဲေတြ ဆက္လာေတာ့မွာ ျဖစ္ျပီး ၾကားထဲမွာ နားရက္ ရွိမယ့္ ရက္ေတြ ထပ္လာေတာ့မွာ မဟုတ္ပါဘူး။ ဖလားျပိဳင္ပြဲ ၂ ခု စလာေတာ့ ျဖစ္လို လိဂ္ပြဲေတြပါ ရွိေနတာေၾကာင့္ ကေလာ့ အေနနဲ႕ လူကုန္သံုးရေတာ့မွာ ျဖစ္ပါတယ္။ ဒီေန႕ ပြဲမွာ ဆုိရင္လည္း ကေလာ့ဟာ အုိရီဂီ ၊ ရွကီရီ နဲ႕ ခ်ိန္ဘာလိန္ တုိ႕ ပြဲအရွိန္ရလာဖို႕ အတြက္ လူစား၀င္ ကစား ေစခဲ့ပါေသးတယ္။ ၄ ပြဲကစား ၄ ပြဲႏုိင္ ၁၂ မွတ္ ရထား တာကေတာ့ ေပ်ာ္ရႊင္ ေက်နပ္ စရာပါပဲ။

၅~ ယူအီးအက္ေအ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားရဲ႕ အစြမ္း

ၿပီးခဲ့တဲ့ ၾကားရက္ကမွ ယူအီးအက္ေအ တစ္ႏွစ္တာအေကာင္းဆံုးဆုကို ပူပူေႏြးေႏြး ရထားတဲ့ ဗန္ဒိုက္ဟာ မေန႔ညက တပ္မိုးမွာ သူဟာ ဘာ့ေၾကာင့္ ကမာၻ့အေကာင္းဆံုး ေနာက္ခံလူ ျဖစ္ေနသလဲ ဆိုတာ ထပ္မံ သက္ေသျပသြားပါတယ္။ ဗန္ဒိုက္ရဲ႕ ဦးေဆာင္မႈေအာက္မွာ လီဗာပူး ေနာက္တန္းဟာ ဘန္ေလတိုက္စစ္မႈးေတြ အတြက္ မာေက်ာလြန္း ေနၿပီး နယ္သာလန္ ေနာက္ခံလူ ကိုယ္တိုင္ကလည္း ပထမပိုင္းမွာ အျမင့္ေဘာ အားၿပိဳင္မႈ ၇ႀကိမ္စလံုး အသာစီး ရခဲ့ၿပီး ၎ရဲ႕ ပါတနာ မာတစ္ကို သက္ေတာင့္သက္သာ ျဖစ္ေစ ခဲ့ပါတယ္။ ဗန္ဒိုက္ရဲ႕ အေကာင္းဆံုး ေျခစြမ္းပါပဲ။

၆~ ဆက္လက္ေတာက္ပေနဆဲ မာေနး
ယူအီးအက္ေအ ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ဆုမွာ အဆင့္ ၅ေနရာ ခ်ိတ္ခဲ့တဲ့ မာေနးဟာ ဒီပြဲကို သက္ေရာက္မႈ ေပးစြမ္းဖို႔ အခ်ိန္ သိပ္မယူလိုက္ရပါဘူး။ ၃၆မိနစ္မွာ ဘန္မီးရဲ႕ ေဘာလံုး ေပးပို႔မႈ အမွားကေန ဖာမီႏို ေဘာလံုး ရသြားခဲ့ၿပီး ဘရာဇီးသား ဖန္တီးေပးလိုက္တဲ့ ေဘာလံုးကို မာေနးက အေကာင္းဆံုး အဆံုးသတ္ ခဲ့ပါတယ္။ ဒီရာသီ အေကာင္းဆံုး ေျခစြမ္းျပ ေနတဲ့ အျပင္ စုစုေပါင္း သြင္းဂိုး ၄ဂိုး ႐ွိသြားခဲ့ၿပီ ျဖစ္တဲ့ မာေနးဟာ ၿပီးခဲ့တဲ့ရာသီကထက္ ဂိုးပိုမုိ သြင္းဖို႔ ရည္မွန္း ေနမွာ ျဖစ္သလို တစ္ဦးခ်င္း အေကာင္းဆံုး ဆုေတြအတြက္လည္း ပစ္မွတ္ထား ေနမွာ ေသခ်ာပါတယ္။ ဒီပံုစံအတိုင္းကေတာ့ မာေနး အတြက္ မျဖစ္ႏိုင္စရာ ဘာမွ မ႐ွိပါဘူး။

SM

Unicode

ကြိုးကြာနီ တို့ရဲ့ ၁၃ ပွဲဆက် ကလပ် စံချိန်တင် နိုင်ပွဲ ဖြစ်တဲ့…ဘန်လေ ၀ – ၃ လီဗာပူး တို့ရဲ့ ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူး အသင်းဟာ ဘန်လေကို ခြေစွမ်းပြကာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး လာမည့် နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်မီ ပရီးမီးယားလိဂ် မှာ လေးပွဲ ကစား လေးပွဲ အနိုင်ရလဒ်နဲ့ အတူ အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင် နိုင်ခဲ့ပါတယ်။ ဒါဟာ လီဗာပူး ရဲ့ ပရီးမီးယားလိဂ် ၁၃ ပွဲဆက် နိုင်ပွဲ ဖြစ်ကာ ကလပ် အသင်း သမိုင်းတစ်လျှောက် အရှည်ကြာဆုံး နိုင်ပွဲ မှတ်တမ်း ဖြစ်ပါတယ်။

လီဗာပူးဟာ ပွဲအစပိုင်းမှာ အိမ်ရှင်အသင်းရဲ့ ကြံ့ခိုင်မှု အားပြုကစားဟန် ကို ရင်ဆိုင် ဖြေရှင်းခဲ့ ရပေမယ့် မိုဟာမက်ဆာလား ရဲ့ အစောပိုင်း ကန်ချက် နစ်ပုတ်ရဲ့ လက်ဖျားနဲ့ထိပြီး ဂိုးတိုင်ထိခဲ့ကာ ဦးဆောင်ဂိုး အတွက် နီးစပ် ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၃၃ မိနစ် မှာတော့ အလက်ဇန်းဒါးအာနိုး ရဲ့ ညာတောင်ပံ ဖြတ်တင်ဘောဟာ ခရစ်ဝုဒ်နဲ့ ထိပြီး ဂိုးထဲတန်းဝင် သွားတာကြောင့် လီဗာပူးတို့ အဖွင့်ဂိုး ရခဲ့ပါတယ်။ သိပ်မကြာမီ မှာပဲ မာနေး ဟာ နောက်ထပ် တစ်ဂိုး သွင်းပေး ခဲ့ပြီး ဒုတိယပိုင်း မိနစ် ၈၀ မှာတော့ ဖာမီနိုဟာ တတိယမြောက် ဂိုးသွင်းကာ ပွဲကို အဆုံးသတ် ပေးခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ထူးထူးခြားခြား ပြောစရာတွေ ကတော့ …

၁~
ဆာလား ရဲ့ အရည်အသွေး ၊ ၎င်းရဲ့ သွင်းဂိုးတွေ ၊ လုပ်အားတွေဟာ လီဗာပူး အသင်း အတွက် အထူး အရေးပါပါတယ်။ ဒါပေမယ့်လည်း ဆာလားဟာ တစ်ခါတစ်ရံ သွင်းဂိုးပိုင်းကို အာရုံစိုက်ရတဲ့ တိုက်စစ်မှုးထက် ပိုတဲ့ လောဘကြီးမှုတွေကို တွေ့မြင် နေရပါတယ်။ တကယ့်တော့ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း လီဗာပူးရဲ့ အဓိက အသက်ဟာ ၃ ဦးတွဲ တိုက်စစ်ဖြစ်ပြီး သုံးဦးစလုံးဟာ ခြိမ်းခြောက် နိုင်စွမ်း ကိုယ်စီကိုယ်စီ နဲ့ ပြိုင်ဘက်တွေကို ထိန့်လန့်စေခဲ့ ပါတယ်။ တစ်ကိုုယ်ကောင်း မဆန်မှုတွေ ၊ ပေးဆပ်မှုတွေဟာ ဒီ ၃ဦးတွဲ တိုက်စစ်ကို ပိုမို အားကောင်းစေတာ ဖြစ်ပြီး ဆာလားဟာ တပ်မိုး မှာတော့ ချွတ်ချော် နေခဲ့ပါတယ်။

ဒီပွဲမှာ အကောင်းဆုံး အခွင့်အရေး ၂ ကြိမ် အပြင် ပြီးခဲ့တဲ့ ပွဲတွေ မှာလည်း ဆာလားဟာ နေရာကောင်းမှာ ရှိနေတဲ့ အသင်းဖော်တွေကို ဖန်တီးပေးဖို့ထက် ဂိုးရဖို့ မဖြစ်နိုင်လောက်တဲ့ အနေအထားတွေ ကနေ ကိုယ်တိုင် ကန်သွင်းမှုတွေ လုပ်ခဲ့ပါတယ်။ လီဗာပူး တို့ ၂ – ၀ နိုင်နေတဲ့ ပထမအကြိမ်မှာ ဆိုရင် လွတ်လွတ်ကျွတ်ကျွတ် ဖြစ်နေတဲ့ ဖာမီနို ကို ဖန်တီးမှု မလုပ်ခဲ့တာကြောင့် ဆာလားဟာ ကလော့ရဲ့ ဒေါသထွက်မှု ခံခဲ့ရတဲ့အပြင် နောက်တစ်ကြိမ်မှာလည်း မာနေး ကို ပေးရမယ့် ဘောလုံးကို ကိုယ်တိုင် ကန်သွင်းရာမှာ ပြိုင်ဘက်က လက်ဦးမှုရသွား ခဲ့ပါတယ်။ ဒီအတွက် မာနေးဟာ လူစားလဲ ခံရချိန်မှာ အတော်ဒေါသထွက်နေ ခဲ့ပါတယ်။ တိုက်စစ်မှုးတစ်ဦး ဆိုတဲ့ အနေအထားကို နားလည်လို့ မရပေမယ့် ဒါဟာ ကြာရင် ပြသနာ ကြီးထွား လာနိုင်တဲ့ အရာ ဖြစ်ပြီး အသင်းတွင်း စည်းလုံးမှုပိုင်း မထိခိုက်မီ ကလော့ အနေနဲ့ ဒီကိစ္စကို ဆာလားထံ အသိပေးပြီး အမြန်ဆုံး ဖြေရှင်း သွားရတော့မှာ ဖြစ်ပါတယ်။

၂ ~ အာဆင်နယ် ထံမှ သင်ခန်းစာ မယူနိုင်ခဲ့တဲ့ ဘန်လေ
ပြီးခဲ့တဲ့ တစ်ပတ်က လီဗာပူး နောက်တန်း အစွန်လူတွေကို နေရာလွတ်တွေ အများကြီး ပေးခဲ့တဲ့ အာဆင်နယ် အသင်းရဲ့ ပွဲချည်းကပ်ဟန်ဟာ ပွဲကို အဓိက ဆုံးဖြတ် ပေးသွားခဲ့တဲ့ အရာတွေ ထဲက တစ်ခု ဖြစ်ခဲ့ပြီး ဒီပွဲကို ဘန်လေ အသင်းကလည်း ကြည့်နေ ခဲ့မှာ သေချာပါတယ်။ ဒီအတွက်ကြောင့် လီဗာပူး ဟာ ပွဲအတွင်း မှာ တိုက်စစ်ကို အလိုရှိသလို ကစား သွားနိုင်ခဲ့ပြီး ဂန်းနား တို့ဟာ ဖန်တီးမှုစွမ်းရည် ကေင်းမွန်လှတဲ့ လီဗာပူး ရဲ့ full backs တွေကို တောင်ပံတွေ ကနေ အကြိမ်ကြိမ် ဂိုးဖန်တီးခွင့် ပေးခဲ့ ရပါတယ်။ ဘန်လေဟာ နည်းလမ်း ပေါင်းစုံနဲ့ ဒုက္ခပေးနိုင်စွမ်း ရှိတဲ့ လီဗာပူး အသင်းကို အာဆင်နယ် ရဲ့ နည်းစနစ်မျိုး အတုယူ ခဲ့ကာ အလက်ဇန်းဒါးအာနိုုး ကို နေရာလွတ်တွေ အများကြီး ပေးခဲ့ပါတယ်။ ဒီအတွက်ကြောင့်ပဲ အိမ်ရှင် အသင်းဟာ ၎င်းရဲ့ ဖြတ်တင်ဘော ကနေ အဖွင့်ဂိုး ပေးလိုက်ရပြီး နောက်ကနေ လိုက်ကစား ခဲ့ရတဲ့ အခြေအနေ ဖြစ်သွား ခဲ့ပါတယ်။

၃~ တိုက်စစ်အစွမ်း ပြနေတဲ့ လီဗာပူး

တပ်မိုးကို လာကစားတဲ့ အသင်းတွေ အနေနဲ့ အခွင့်အရေး များများစားစား ရလေ့ မရှိပါဘူး။ ဒါ့ကြောင့် အနိုင် ၃ မှတ် အတွက်ဆိုရင် အခွင့်အရေး များများ ဖန်တီးနိုင်မှ ဖြစ်မှာပါ။ မိုဆာလားရဲ့ ကန်ချက် အစောပိုု်င်းမှာ ဂိုးတိုင်ထိ ခဲ့တဲ့ အပြင် ဂိုးသမားနဲ့ တစ်ဦးချင်း တွေ့ရတဲ့ အခြေအနေ မှာလည်း ၎င်းရဲ့ ဘောလုံး အထိန်းအသိမ်းပိုင်း လိုအပ်မှု ရှိခဲ့တာကြောင့် ဂိုးမရ ခဲ့ပါဘူး။ ထရန်ရဲ့ ဖြတ်တင်ဘော နဲ့ လီဗာပူးတို့ အဖွင့်ဂိုး သွင်းယူ နိုင်ခဲ့ပေမယ့် လီဗာပူးဟာ အာရုံစူးစိုက်မှု မလျော့ခဲ့ဘဲ ပြိုင်ဘက်ရဲ့ ခံစစ်အမှားကို အခွင့်အရေး ယူနိုင်လောက်အောင် ကောင်းနေ ခဲ့ကာ ဖာမီနို ရဲ့ ဖန်တီးမှုကို မာနေး က အဆုံးသတ် ခဲ့ပါတယ်။ ဒုတိယပို်င်းမှာတော့ လီဗာပူး ဟာ အခွင့််အရေး များများ စားစား မရခဲ့ပေမယ့်လည်း ဆာလား ဆီက လွတ်ထွက် လာခဲ့တဲ့ ဘောလုံးကို ဖာမီနို က တိကျတဲ့ ကန်ချက်နဲ့ အတူ ပွဲကို အဆုံးသတ် ခဲ့ပါတယ်။

၄~ နိုင်ငံတကာပွဲ ကာလ နဲ့ ထိပ်ဆုံးနေရာ
ဒီရာသီ ပထမဦးဆုံး clean sheet ၊ ကလပ်စံချိန်တင် နိုင်ပွဲဆက် မှတ်တမ်း နဲ့ ပရီးမီးယားလိဂ် ရဲ့ ရာနှုန်းပြည့် နိုင်ပွဲတို့ဟာ လီဗာပူးကို ဇယားထိပ်မှာ ဦးဆောင် စေခဲ့ ပါတယ်။ နိုင်ငံတကာပွဲစဉ် ကာလမတို်င်မီ ဒီိလို ရလဒ် ထွက်ထားတာကာ ကလော့ နဲ့ လီဗာပူး အတွက် အရမ်းကို အပေါင်းလက္ခဏာ ဆောင်ပါတယ်။ ဘန်လေလို ကြံံ့ခိုင်မှု အားပြုတဲ့ အသင်းနဲ့ ကစားခဲ့ရတာကြောင့် လီဗာပူး အသင်းသားတွေ မှာ အနည်းနဲ့အများ ထိခိုက်မှုတွေတော့ ရှိနေမှာပါ။

နိုင်ငံပွဲတွေ ပြီးရင် ပွဲတွေ ဆက်လာတော့မှာ ဖြစ်ပြီး ကြားထဲမှာ နားရက် ရှိမယ့် ရက်တွေ ထပ်လာတော့မှာ မဟုတ်ပါဘူး။ ဖလားပြိုင်ပွဲ ၂ ခု စလာတော့ ဖြစ်လို လိဂ်ပွဲတွေပါ ရှိနေတာကြောင့် ကလော့ အနေနဲ့ လူကုန်သုံးရတော့မှာ ဖြစ်ပါတယ်။ ဒီနေ့ ပွဲမှာ ဆိုရင်လည်း ကလော့ဟာ အိုရီဂီ ၊ ရှကီရီ နဲ့ ချိန်ဘာလိန် တို့ ပွဲအရှိန်ရလာဖို့ အတွက် လူစားဝင် ကစား စေခဲ့ပါသေးတယ်။ ၄ ပွဲကစား ၄ ပွဲနိုင် ၁၂ မှတ် ရထား တာကတော့ ပျော်ရွှင် ကျေနပ် စရာပါပဲ။

၅~ ယူအီးအက်အေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားရဲ့ အစွမ်း

ပြီးခဲ့တဲ့ ကြားရက်ကမှ ယူအီးအက်အေ တစ်နှစ်တာအကောင်းဆုံးဆုကို ပူပူနွေးနွေး ရထားတဲ့ ဗန်ဒိုက်ဟာ မနေ့ညက တပ်မိုးမှာ သူဟာ ဘာ့ကြောင့် ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ ဖြစ်နေသလဲ ဆိုတာ ထပ်မံ သက်သေပြသွားပါတယ်။ ဗန်ဒိုက်ရဲ့ ဦးဆောင်မှုအောက်မှာ လီဗာပူး နောက်တန်းဟာ ဘန်လေတိုက်စစ်မှုးတွေ အတွက် မာကျောလွန်း နေပြီး နယ်သာလန် နောက်ခံလူ ကိုယ်တိုင်ကလည်း ပထမပိုင်းမှာ အမြင့်ဘော အားပြိုင်မှု ရကြိမ်စလုံး အသာစီး ရခဲ့ပြီး ၎င်းရဲ့ ပါတနာ မာတစ်ကို သက်တောင့်သက်သာ ဖြစ်စေ ခဲ့ပါတယ်။ ဗန်ဒိုက်ရဲ့ အကောင်းဆုံး ခြေစွမ်းပါပဲ။

၆~ ဆက်လက်တောက်ပနေဆဲ မာနေး
ယူအီးအက်အေ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုမှာ အဆင့် ၅နေရာ ချိတ်ခဲ့တဲ့ မာနေးဟာ ဒီပွဲကို သက်ရောက်မှု ပေးစွမ်းဖို့ အချိန် သိပ်မယူလိုက်ရပါဘူး။ ၃၆မိနစ်မှာ ဘန်မီးရဲ့ ဘောလုံး ပေးပို့မှု အမှားကနေ ဖာမီနို ဘောလုံး ရသွားခဲ့ပြီး ဘရာဇီးသား ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို မာနေးက အကောင်းဆုံး အဆုံးသတ် ခဲ့ပါတယ်။ ဒီရာသီ အကောင်းဆုံး ခြေစွမ်းပြ နေတဲ့ အပြင် စုစုပေါင်း သွင်းဂိုး ၄ဂိုး ရှိသွားခဲ့ပြီ ဖြစ်တဲ့ မာနေးဟာ ပြီးခဲ့တဲ့ရာသီကထက် ဂိုးပိုမို သွင်းဖို့ ရည်မှန်း နေမှာ ဖြစ်သလို တစ်ဦးချင်း အကောင်းဆုံး ဆုတွေအတွက်လည်း ပစ်မှတ်ထား နေမှာ သေချာပါတယ်။ ဒီပုံစံအတိုင်းကတော့ မာနေး အတွက် မဖြစ်နိုင်စရာ ဘာမှ မရှိပါဘူး။

SM