ယာဂန္ကေလာ့က ဆာဒီယိုမာေနး ဟာ ဘန္ေလ ကို လီဗာပူး တုိ႕ ၃ ဂိုးျပတ္နဲ႕ အႏုိင္ရရွိခဲ့တဲ့ ပြဲအတြင္းက အေျခအေန တစ္ခုနဲ႕ ပက္သက္ျပီး စိတ္ပ်က္လက္ပ်က္ ျဖစ္ေနခဲ့တာလို႕ အတည္ျပဳလိုက္ေပမယ့္ အရာအားလံုး အိုေကတယ္လို႕ ဆုိလိုက္ပါတယ္။

ဆီနီေဂါ လက္ေရြးစင္ ဟာ ပြဲခ်ိန္ ၈၅ မိနစ္မွာ လူစားလဲခံ ခဲ့ရျပီးေနာက္ အရန္ခံုသို႕ သြားရာလမ္းေၾကာင္းမွာ အလြန္ ေဒါသတၾကီး ျဖစ္ေနခဲ့ျပီး ၾကည့္ရတာကေတာ့ လူစားလဲျခင္း မခံရမီ မိုဟာမက္ဆာလားဟာ ဂုိးရဖို႕ အေကာင္းဆံုး အခြင့္အေရးမွာ ရွိေနတဲ့ ၎ကုိ ေဘာလံုး ေပးပုိ႕လိုက္ရမယ့္ အစား တစ္ကိုယ္ေကာင္းဆန္စြာ ကုိယ္တုိင္ ဂိုးသြင္းဖို႕ အားထုတ္ရာ ျပိဳင္ဘက္ရဲ႕ ဖ်က္ထုတ္မွဳကို ခံခဲ့ရျပီး လီဗာပူး အသင္း ပြဲကို ပိုမို သက္ေတာင့္သက္သာ ဦးေဆာင္ ႏုိင္မယ့့္ အခြင့္အေရး လြဲခဲ့လို႕ ျဖစ္ပါတယ္။

မီနာ ၊ ဂိုးမက္ဇ္ ၊ ဟန္ဒါဆန္ နဲ႕ ဖာမီႏို တုိ႕နဲ႕ အတူ ၾကံ့့ခုိင္ေရး နည္းျပ အန္ဒီရီယာကြန္ေမယာ တုိ႕ဟာ မာေနးကို စိတ္ေလ်ာ့ဖို႕ ၀ုိင္း၀န္း တုိက္တြန္း ခဲ့ၾကပါေသးတယ္။ ကေလာ့ က တပ္မိုးမွာ အသင္း အတြက္ ဒုတိယေျမာက္ဂိုးကို သြင္းယူေပးခဲ့တဲ့ မာေနးဟာ ပံုမွန္ အားျဖင့္ အသင္းမွာ အေနေအးတဲ့သူလို႕ ဆုိလိုက္ျပီး ဒီညမွာေတာ့ ပံုမွန္နဲ႕ အတူ ျခားနား သြားခဲ့တယ္လို႕ ဆုိလိုက္ ပါတယ္။ ယာဂန္ကေလာ့က သူဟာ ပြဲအျပီး အ၀တ္လဲခန္း ထဲမွာ ဒီျပသနာကို ေသခ်ာ ေျဖရွင္းဖို႕ အတြက္ ကစားသမား နဲ႕ စကား ေျပာခဲ့ ျပီးျပီလို႕ ထုတ္ေဖာ္ လို္က္ပါတယ္။

ကေလာ့ က “ဘာျဖစ္တာလဲ ဆုိတာ ကၽြန္ေတာ္ သိပါတယ္။ သူ စိတ္ပ်က္ေနခဲ့တာေတာ့ သိသာ ထင္ရွားပါတယ္။ ဆာဒီယုိဟာ သူ႕ရဲ႕ စိတ္ခံစားခ်က္ကို မထိန္းခ်ဳပ္ ႏုိင္ခဲ့ပါဘူး။ ကၽြန္ေတာ္ ဒီအေၾကာင္းကို ေျပာခဲ့ ပါတယ္။ အားလံုး အဆင္ေျပ သြားပါျပီ။ ကၽြန္ေတာ္တုိ႕ဟာ ကိုယ္စီ စိတ္ခံစားခ်က္နဲ႕ အသက္ရွင္ေနတဲ့ လူေတြပါ။ ပြဲအတြင္းက အေျခအေန တစ္ခုကို သူမေပ်ာ္မရႊင္ ျဖစ္ခဲ့တာပါ။ ဒါဟာ လံုး၀ အုိေကပါတယ္။

သူ ဒီလို အျပဳအမူမ်ိဳး ထပ္လုပ္ သြားအံုးမွာလား ? မလုပ္ႏုိ္င္ေလာက္ေတာ့ ပါဘူး။ ဒါေပမယ့္ ဒီလို ျဖစ္တက္ပါတယ္။ ဘာမွေတာ့ မျဖစ္ခဲ့သလို သူဟာ မွားယြင္းတဲ့ ဘာစကားကိုမွလည္း မေျပာ ခဲ့ပါဘူး။ သူ႕ရဲ႕ ပံုမွန္ ျပဳမူေနၾက ပံုစံနဲ႕ေတာ့ အနည္းငယ္ ကြဲျပား သြားခဲ့ပါတယ္။

အမွန္ပါပဲ။ ဒါဟာ ပံုျပင္ ေသးေသးေလး ဆုိတာ ကၽြန္ေတာ္ နားလည္ ထားပါတယ္ ။ အခုဆိုရင္ ကၽြန္ေတ္ာတုိ႕ ဒီတစ္ပတ္မွာ ႏုိင္ငံပြဲေတြ ရွိေနတာေၾကာင့္ ပြဲမကစား ရတဲ့ အတြက္ ဘုရားသခင္ကို ေက်းဇူးတင္ ပါတယ္။ ဒါ့ေၾကာင့္ ခင္ဗ်ားတုိ႕ ဒီအေၾကာင္းနဲ႕ ပက္သက္ျပီး တစ္စံုတစ္ရာ ေရးသြားမယ္ ဆုိရင္ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္တုိ႕ ဒါကို ဖတ္သြားမွာ မဟုတ္ပါဘူး။ ႏိုင္ငံပြဲေတြ ျပီးသြားရင္ေတာ့ ဘယ္သူမွ ဒါကို မွတ္မိေတာ့မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ဒါဟာ ဒီျပသနာ ကုိ ေျဖရွင္းဖုိ႕ ေကာင္းမြန္တဲ့ အခုိက္အတန္႕ ပါပဲ။ ဒါေပမယ့္ အားလံုး ေကာင္းေနပါတယ္။ တကယ္ပါ အားလံုး အိုေကပါတယ္။” လို႕ ဆုိလိုက္ပါတယ္။

ဒီႏုိင္ပြဲဟာ ပရီးမီးယားလိဂ္ မွာ လီဗာပူး ရဲ႕ ၁၃ ပြဲဆက္ ႏုိင္ပြဲ ျဖစ္ျပီး ကလပ္ရဲ႕ စံခ်ိန္သစ္လည္း ျဖစ္ကာ ကေလာ့ ရဲ႕ အသင္းဟာ ဒီရာသီ ၄ ပြဲကစား ၄ ပြဲစလံုး အႏုိင္ ရထားခဲ့တာေၾကာင့္ ထိပ္ဆံုး ေနရာမွာ ရာႏွဳန္းျပည့္ ႏုိ္င္ပြဲနဲ႕ ရပ္တည္ ေနပါတယ္။

လီဗာပူးရဲ႕ ေျခစြမ္း ရလဒ္နဲ႕ ပက္သက္ျပီး ကေလာ့ က “ကၽြန္ေတာ္ အရင္ကတည္းက ေျပာခဲ့ဖူးပါတယ္။ ကၽြန္ေတာ္ ဒီကို ေရာက္လာခဲ့တဲ့ ေနာက္ပိုင္း ဒါဟာ ေကာင္ေလးေတြ second ball ကို အေကာင္းဆံုး ကစား ႏုိင္ခဲ့တဲ့ ပြဲျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႕ first ball အားလံုးနီးပါးကို အသာစီးရခဲ့ပါတယ္။ ၀ုဒ္ ဘန္း တုိ႕ ရွိေနတဲ့ တုိက္စစ္မွာ ဒီလို လုပ္ျပ ႏုိင္ဖို႕ ဆုိတာ အ၇မ္းကို ခက္ခဲပါတယ္။ ကၽြန္ေတ္ာတုိ႕ဟာ second ball အတြက္ ေကာင္းမြန္တဲ့ ကစားကြက္ ရွိေန ခဲ့ပါတယ္။ ဒါဟာ အရမ္းကို ေကာင္းလွပါတယ္။ ျပီးေတာ့ ကၽြန္ေတာ္တုိ႕ဟာ ခ်က္ခ်င္း ေဘာလံုးေပးပို႕မွဳေတြ လွွ်င္ျမန္တဲ့ ဆံုးျဖတ္ခ်က္ေတြ နဲ႕ ေနရာလြတ္ေတြကို ေကာင္းစြာ အသံုးခ် ခဲ့ပါတယ္။ ဒါဟာ တစ္ကယ္ ေကာင္းပါတယ္။

Mane

ဒါဟာ ဘန္ေလ အသင္း လုပ္ႏုိင္ခဲ့တဲ့ တစ္ခုတည္းေသာ အရာ မဟုတ္ပါဘူး။ သူတုိ႕ဟာ ၾကိဳတင္ ျဖတ္တင္ေဘာ အခ်ိဳ႕ လုပ္ခဲ့ျပီး ကၽြန္ေတာ္တုိ႕ ေနရာေကာင္းမွာ ရွိေနခဲ့ရပါတယ္။ ျပီးေတာ့ ခံစစ္စည္းကို ေက်ာ္ျပီး ေဘာလံုး ေပးပို႕မွဳေတြေပါ့။ ဘန္ေလ အသင္း ဒီေန႕မွာ လူကၽြံေဘာ ဘယ္ႏွစ္ၾကိမ္ ျဖစ္ခဲ့သလဲ ကၽြန္ေတာ္ မသိပါဘူး။ ကၽြန္ေတာ္တုိ႕ အေကာင္းဆံုး လုပ္ျပ ႏုိင္ခဲ့ျပီး ဒီအေျခအေနေတြကို လိုက္ေလ်ာညီေထြ ျဖစ္ေန ခဲ့ပါတယ္ ကၽြန္ေတာ္တုိ႕ အေကာင္းဆံုး ကစား ႏုိင္ခဲ့ပါတယ္။” လို႕ ဆုိလိုက္ပါတယ္။

SM

Unicode

ဘန်လေနဲ့ပွဲမှာ လူစားလဲခံခဲ့ရပြီးနောက် မာနေးရဲ့ ဒေါသတကြီး ဖြစ်နေခဲ့တဲ့ အပြုအမူကို ရှင်းလင်းလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က ဆာဒီယိုမာနေး ဟာ ဘန်လေ ကို လီဗာပူး တို့ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအတွင်းက အခြေအနေ တစ်ခုနဲ့ ပက်သက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာလို့ အတည်ပြုလိုက်ပေမယ့် အရာအားလုံး အိုကေတယ်လို့ ဆိုလိုက်ပါတယ်။

ဆီနီဂေါ လက်ရွေးစင် ဟာ ပွဲချိန် ၈၅ မိနစ်မှာ လူစားလဲခံ ခဲ့ရပြီးနောက် အရန်ခုံသို့ သွားရာလမ်းကြောင်းမှာ အလွန် ဒေါသတကြီး ဖြစ်နေခဲ့ပြီး ကြည့်ရတာကတော့ လူစားလဲခြင်း မခံရမီ မိုဟာမက်ဆာလားဟာ ဂိုးရဖို့ အကောင်းဆုံး အခွင့်အရေးမှာ ရှိနေတဲ့ ၎င်းကို ဘောလုံး ပေးပို့လိုက်ရမယ့် အစား တစ်ကိုယ်ကောင်းဆန်စွာ ကိုယ်တိုင် ဂိုးသွင်းဖို့ အားထုတ်ရာ ပြိုင်ဘက်ရဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရပြီး လီဗာပူး အသင်း ပွဲကို ပိုမို သက်တောင့်သက်သာ ဦးဆောင် နိုင်မယ့့် အခွင့်အရေး လွဲခဲ့လို့ ဖြစ်ပါတယ်။

မီနာ ၊ ဂိုးမက်ဇ် ၊ ဟန်ဒါဆန် နဲ့ ဖာမီနို တို့နဲ့ အတူ ကြံ့့ခိုင်ရေး နည်းပြ အန်ဒီရီယာကွန်မေယာ တို့ဟာ မာနေးကို စိတ်လျော့ဖို့ ၀ုိင်းဝန်း တိုက်တွန်း ခဲ့ကြပါသေးတယ်။ ကလော့ က တပ်မိုးမှာ အသင်း အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တဲ့ မာနေးဟာ ပုံမှန် အားဖြင့် အသင်းမှာ အနေအေးတဲ့သူလို့ ဆိုလိုက်ပြီး ဒီညမှာတော့ ပုံမှန်နဲ့ အတူ ခြားနား သွားခဲ့တယ်လို့ ဆိုလိုက် ပါတယ်။ ယာဂန်ကလော့က သူဟာ ပွဲအပြီး အဝတ်လဲခန်း ထဲမှာ ဒီပြသနာကို သေချာ ဖြေရှင်းဖို့ အတွက် ကစားသမား နဲ့ စကား ပြောခဲ့ ပြီးပြီလို့ ထုတ်ဖော် လို်က်ပါတယ်။

ကလော့ က “ဘာဖြစ်တာလဲ ဆိုတာ ကျွန်တော် သိပါတယ်။ သူ စိတ်ပျက်နေခဲ့တာတော့ သိသာ ထင်ရှားပါတယ်။ ဆာဒီယိုဟာ သူ့ရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ် နိုင်ခဲ့ပါဘူး။ ကျွန်တော် ဒီအကြောင်းကို ပြောခဲ့ ပါတယ်။ အားလုံး အဆင်ပြေ သွားပါပြီ။ ကျွန်တော်တို့ဟာ ကိုယ်စီ စိတ်ခံစားချက်နဲ့ အသက်ရှင်နေတဲ့ လူတွေပါ။ ပွဲအတွင်းက အခြေအနေ တစ်ခုကို သူမပျော်မရွှင် ဖြစ်ခဲ့တာပါ။ ဒါဟာ လုံးဝ အိုကေပါတယ်။

သူ ဒီလို အပြုအမူမျိုး ထပ်လုပ် သွားအုံးမှာလား ? မလုပ်နို်င်လောက်တော့ ပါဘူး။ ဒါပေမယ့် ဒီလို ဖြစ်တက်ပါတယ်။ ဘာမှတော့ မဖြစ်ခဲ့သလို သူဟာ မှားယွင်းတဲ့ ဘာစကားကိုမှလည်း မပြော ခဲ့ပါဘူး။ သူ့ရဲ့ ပုံမှန် ပြုမူနေကြ ပုံစံနဲ့တော့ အနည်းငယ် ကွဲပြား သွားခဲ့ပါတယ်။

အမှန်ပါပဲ။ ဒါဟာ ပုံပြင် သေးသေးလေး ဆိုတာ ကျွန်တော် နားလည် ထားပါတယ် ။ အခုဆိုရင် ကျွန်တေ်ာတို့ ဒီတစ်ပတ်မှာ နိုင်ငံပွဲတွေ ရှိနေတာကြောင့် ပွဲမကစား ရတဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင် ပါတယ်။ ဒါ့ကြောင့် ခင်ဗျားတို့ ဒီအကြောင်းနဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ ရေးသွားမယ် ဆိုရင် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒါကို ဖတ်သွားမှာ မဟုတ်ပါဘူး။ နိုင်ငံပွဲတွေ ပြီးသွားရင်တော့ ဘယ်သူမှ ဒါကို မှတ်မိတော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒါဟာ ဒီပြသနာ ကို ဖြေရှင်းဖို့ ကောင်းမွန်တဲ့ အခိုက်အတန့် ပါပဲ။ ဒါပေမယ့် အားလုံး ကောင်းနေပါတယ်။ တကယ်ပါ အားလုံး အိုကေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဒီနိုင်ပွဲဟာ ပရီးမီးယားလိဂ် မှာ လီဗာပူး ရဲ့ ၁၃ ပွဲဆက် နိုင်ပွဲ ဖြစ်ပြီး ကလပ်ရဲ့ စံချိန်သစ်လည်း ဖြစ်ကာ ကလော့ ရဲ့ အသင်းဟာ ဒီရာသီ ၄ ပွဲကစား ၄ ပွဲစလုံး အနိုင် ရထားခဲ့တာကြောင့် ထိပ်ဆုံး နေရာမှာ ရာနှုန်းပြည့် နို်င်ပွဲနဲ့ ရပ်တည် နေပါတယ်။

လီဗာပူးရဲ့ ခြေစွမ်း ရလဒ်နဲ့ ပက်သက်ပြီး ကလော့ က “ကျွန်တော် အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။ ကျွန်တော် ဒီကို ရောက်လာခဲ့တဲ့ နောက်ပိုင်း ဒါဟာ ကောင်လေးတွေ second ball ကို အကောင်းဆုံး ကစား နိုင်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ first ball အားလုံးနီးပါးကို အသာစီးရခဲ့ပါတယ်။ ၀ုဒ် ဘန်း တို့ ရှိနေတဲ့ တိုက်စစ်မှာ ဒီလို လုပ်ပြ နိုင်ဖို့ ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ကျွန်တေ်ာတို့ဟာ second ball အတွက် ကောင်းမွန်တဲ့ ကစားကွက် ရှိနေ ခဲ့ပါတယ်။ ဒါဟာ အရမ်းကို ကောင်းလှပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ ချက်ချင်း ဘောလုံးပေးပို့မှုတွေ လျှှင်မြန်တဲ့ ဆုံးဖြတ်ချက်တွေ နဲ့ နေရာလွတ်တွေကို ကောင်းစွာ အသုံးချ ခဲ့ပါတယ်။ ဒါဟာ တစ်ကယ် ကောင်းပါတယ်။

ဒါဟာ ဘန်လေ အသင်း လုပ်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အရာ မဟုတ်ပါဘူး။ သူတို့ဟာ ကြိုတင် ဖြတ်တင်ဘော အချို့ လုပ်ခဲ့ပြီး ကျွန်တော်တို့ နေရာကောင်းမှာ ရှိနေခဲ့ရပါတယ်။ ပြီးတော့ ခံစစ်စည်းကို ကျော်ပြီး ဘောလုံး ပေးပို့မှုတွေပေါ့။ ဘန်လေ အသင်း ဒီနေ့မှာ လူကျွံဘော ဘယ်နှစ်ကြိမ် ဖြစ်ခဲ့သလဲ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး လုပ်ပြ နိုင်ခဲ့ပြီး ဒီအခြေအနေတွေကို လိုက်လျောညီထွေ ဖြစ်နေ ခဲ့ပါတယ် ကျွန်တော်တို့ အကောင်းဆုံး ကစား နိုင်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM