မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ မေန့ ညက ပရီးမီးယား လိဂ္ ပြဲစဥ္ 4 ရဲ့ အေစာဆံုး ပြဲ အျဖစ္ ေဆာက္သမ္တန္ အသင္း နဲ့ အေဝး ကြင္း ပြဲစဥ္ ကစား ခဲ့ ရျပီး တစ္ဖက္ တစ္ဂိုး စီနဲ့ သေရ ရလဒ္ ထြက္ေပၚ ခဲ့ ပါတယ္ ။

အဆိုပါ ပြဲစဥ္ မွာ ယူနုိက္တက္ အသင္း အတြက္ အဖြင့္ ဂိုးကို ေတာင္ပံ တုိက္စစ္ ကစားသမား သစ္ ဒန္နီယယ္ ဂ်ိမ္းစ္ က သြင္းယူ ေပးခဲ့ ျပီး ပထမ ပိုင္းကို ဦးေဆာင္ နုိင္ခဲ့ ေပမယ့္ ဒုတိယ ပိုင္းမွာ အိမ္ရွင္ အသင္း ဖက္မွ ဗတ္စတာဂတ္ က ေျခပ ဂိုး ျပန္လည္ သြင္းယူ ေပးသြား ခဲ့ ပါတယ္ ။

အဲ့ဒီေနာက္ ပြဲခ်ိန္ 73 မိနစ္ မွာ ေဆာက္သမ္တန္ အသင္း အတြက္ ေျခပ ဂိုး ဖန္တီး ေပး ခဲ့တဲ့ ေနာက္ခံလူ ဒန္ဆုိ ဟာ ႏွစ္ဝါ တစ္နီ နဲ့ အထုတ္ပယ္ ခံခဲ့ ရ ပါတယ္ ။ ဒါ့ေၾကာင့္ ယူနုိက္္တက္ တုိ့ တိုက္စစ္ ကစား ပံု ျမွင့္တင္ ခဲ့ျပီး ဂိုး ရရွိ ဖုိ့ ၾကိဳးစား ခဲ့ ေပမယ့္ ပြဲစဥ္ ဟာ တစ္ဖက္ တစ္ဂိုး စီ နဲ့သာ ျပီးဆံုး ခဲ့ ပါတယ္ ။

အခုေတာ့ ယူနုိက္တက္ ဟာ 2019 – 20 ပရီးမီးယား လိဂ္ ေဘာလံုး ရာသီ အတြင္း 4 ပြဲ ကစား ထား ခဲ့တဲ့ ေနာက္ 1 ပြဲ နုိင္ ၊ 2 ပြဲ သေရ ၊ 1 ပြဲ ရွံဳး ဆုိတဲ့ ရလဒ္ နဲ့ အတူ ရမွတ္ 5 မွတ္သာ ရွာေဖြ ထားနုိင္ ေသးတဲ့ ရလဒ္ ဆုိး တစ္ခု ကို ပိုင္ဆုိင္ ထားခဲ့ ရ ပါျပီ ။

ေဆာက္သမ္တန္ နဲ့ သေရ ရလဒ္ ထြက္ေပၚ ခဲ့တဲ့ ပြဲစဥ္ အျပီး မွာေတာ့ ယူနုိက္တက္ ဂႏၶဝင္ ကြင္းလယ္ ကစားသမား ေဟာင္း တစ္ဦး ျဖစ္တဲ့ ေပါလ္ စခိုးလ္ က ဆုိးလ္ရွား အေန နဲ့ အသင္း ကို ဆု ဖလား ဆြတ္ခူး ေရး လမ္းေၾကာင္း အေပၚ ပို့ေဆာင္ ေပးဖုိ႔ အတြက္ ေနာက္ထပ္ အေျပာင္း အေရႊ့ ကာလ အခ်ိဳ့ ကို လုိအပ္ လိမ့္မယ္ လို႔ မွတ္ခ်က္ ေပးသြား ခဲ့လိုက္ ပါတယ္ ။

” ဒီေန့ ပြဲစဥ္ ကို ၾကည့္ရွဳ ခဲ့ ရတဲ့ ေနာက္ မွာေတာ့ ယူနုိက္တက္ တုိ႔ အလုိရွိ ေနတဲ့ ေနရာ တစ္ခု ဆီ ေရာက္ရွိ နုိင္ဖုိ႔ အတြက္ ေနာက္ထပ္ ေကာင္းမြန္ တဲ့ အေျပာင္း အေရႊ့ ရာသီ သံုး ၊ ေလးခု ေလာက္ကို လိုအပ္ လိမ့္မယ္ လို႔ ခံစား မိပါ လိမ့္မယ္ ”

” ယူနုိက္တက္ ဟာ ယူနုိက္တက္ ပါပဲ ။ ဒါေပမယ့္ ယူနုိက္တက္ နဲ့ ပတ္သက္လို့ ခင္ဗ်ား တုိ႔ ေနာက္ ႏွစ္,ႏွစ္ ေလာက္ ေဘးခ်ိတ္ ထားလို႔ ရနုိင္ ပါတယ္ ။ အိုလီ က အသင္း မွာ ဘာေတြ လိုအပ္ သလဲ ဆုိတာ ရွင္းရွင္း လင္းလင္း သိရွိ လုပ္ေဆာင္ သြားတဲ့ အခ်ိန္ အထိ အေျပာင္း အေရႊ့ ရာသီ 4 – 5 ခုေလာက္ အခ်ိန္ ေပးရ ပါ လိမ့္မယ္ ”

” အဲ့ဒီ ၾကား ကာလ အခုိက္အတန့္ ေတြမွာ ေတာ့ ယူနုိက္တက္ အသင္း က မန္စီးတီး ၊ လီဗာပူး ၊ ေတာ့တင္ဟမ္ နဲ့ ခ်ဲလ္ဆီး အသင္း တုိ့ရဲ့ ေနာက္မွာ ပဲ ရွိေန ပါလိမ့္ ဦးမယ္ ” လို႔ ေပါလ္ စခိုးလ္ က အသင္း ေဟာင္းရဲ့ လက္ရွိ အေနအထား အေပၚ မွတ္ခ်က္ ေပးသြား ခဲ့လိုက္ ပါတယ္ ။

ေပါလ္ စခိုးလ္ ရဲ့ စကားသံ ကို ၾကားခဲ့ ရတဲ့ ေနာက္ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ဗဟို ကြင္းလယ္ ကစားသမား ေဟာင္း တစ္ဦး ျဖစ္တဲ့ အိုဝင္ ဟားဂေရ့ဗ္ က ဝုလ္ဗ္ ၊ ပဲေလ့စ္ နဲ့ ေဆာက္သမ္တန္ ပြဲေတြ မွာ အမွတ္ေတြ ေလ်ာ့ ခဲ့တဲ့ အတြက္ ယူနုိက္တက္ တုိ႔ ေရွ့ဆက္ ရမယ့္ ရာသီ ဟာ ပိုျပီး ခက္ခဲ သြားမွာ ကို စိုးရိမ္ မိေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ ပါတယ္ ။

” က်ြန္ေတာ္ အိုလီနဲ့ ကစားသမား ေတြ အတြက္ စိုးရိမ္စိတ္ ျဖစ္မိ ပါတယ္ ။ သူတုိ႔ ကစား ခဲ့တဲ့ အသင္း ေတြက ကစား ရ အရမ္း ခက္ခဲ တဲ့ အသင္း ေတြ မဟုတ္ၾက ပါဘူး ၊ ဒါေပမယ့္ သူတုိ႔ အမွတ္ေတြ ေလ်ာ့ခဲ့ ၾက ပါတယ္ ။ အဲ့တာ က ဒီ ရာသီ သူတုိ႔ ေတြကို ကစားရ ပိုျပီး ခက္ခဲ သြားေစ နုိင္ ပါတယ္ ” လို႔ အိုဝင္ ဟားဂေရ့ဗ္ က သံုးသပ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ဆောက်သမ်တန်နဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့နောက် ယူနိုက်တက်ရဲ့ လက်ရှိ အနေအထားအပေါ်မှတ်ချက်ပေးသွားကြတဲ့ ကစားသမားဟောင်း နှစ်ဦး

===============

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက ပရီးမီးယား လိဂ် ပွဲစဉ် 4 ရဲ့ အစောဆုံး ပွဲ အဖြစ် ဆောက်သမ်တန် အသင်း နဲ့ အဝေး ကွင်း ပွဲစဉ် ကစား ခဲ့ ရပြီး တစ်ဖက် တစ်ဂိုး စီနဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ယူနိုက်တက် အသင်း အတွက် အဖွင့် ဂိုးကို တောင်ပံ တိုက်စစ် ကစားသမား သစ် ဒန်နီယယ် ဂျိမ်းစ် က သွင်းယူ ပေးခဲ့ ပြီး ပထမ ပိုင်းကို ဦးဆောင် နိုင်ခဲ့ ပေမယ့် ဒုတိယ ပိုင်းမှာ အိမ်ရှင် အသင်း ဖက်မှ ဗတ်စတာဂတ် က ခြေပ ဂိုး ပြန်လည် သွင်းယူ ပေးသွား ခဲ့ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 73 မိနစ် မှာ ဆောက်သမ်တန် အသင်း အတွက် ခြေပ ဂိုး ဖန်တီး ပေး ခဲ့တဲ့ နောက်ခံလူ ဒန်ဆို ဟာ နှစ်ဝါ တစ်နီ နဲ့ အထုတ်ပယ် ခံခဲ့ ရ ပါတယ် ။ ဒါ့ကြောင့် ယူနိုက််တက် တို့ တိုက်စစ် ကစား ပုံ မြှင့်တင် ခဲ့ပြီး ဂိုး ရရှိ ဖို့ ကြိုးစား ခဲ့ ပေမယ့် ပွဲစဉ် ဟာ တစ်ဖက် တစ်ဂိုး စီ နဲ့သာ ပြီးဆုံး ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် ဟာ 2019 – 20 ပရီးမီးယား လိဂ် ဘောလုံး ရာသီ အတွင်း 4 ပွဲ ကစား ထား ခဲ့တဲ့ နောက် 1 ပွဲ နိုင် ၊ 2 ပွဲ သရေ ၊ 1 ပွဲ ရှုံး ဆိုတဲ့ ရလဒ် နဲ့ အတူ ရမှတ် 5 မှတ်သာ ရှာဖွေ ထားနိုင် သေးတဲ့ ရလဒ် ဆိုး တစ်ခု ကို ပိုင်ဆိုင် ထားခဲ့ ရ ပါပြီ ။

ဆောက်သမ်တန် နဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် အပြီး မှာတော့ ယူနိုက်တက် ဂန္ဓဝင် ကွင်းလယ် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ပေါလ် စခိုးလ် က ဆိုးလ်ရှား အနေ နဲ့ အသင်း ကို ဆု ဖလား ဆွတ်ခူး ရေး လမ်းကြောင်း အပေါ် ပို့ဆောင် ပေးဖို့ အတွက် နောက်ထပ် အပြောင်း အရွှေ့ ကာလ အချို့ ကို လိုအပ် လိမ့်မယ် လို့ မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

” ဒီနေ့ ပွဲစဉ် ကို ကြည့်ရှု ခဲ့ ရတဲ့ နောက် မှာတော့ ယူနိုက်တက် တို့ အလိုရှိ နေတဲ့ နေရာ တစ်ခု ဆီ ရောက်ရှိ နိုင်ဖို့ အတွက် နောက်ထပ် ကောင်းမွန် တဲ့ အပြောင်း အရွှေ့ ရာသီ သုံး ၊ လေးခု လောက်ကို လိုအပ် လိမ့်မယ် လို့ ခံစား မိပါ လိမ့်မယ် ”

” ယူနိုက်တက် ဟာ ယူနိုက်တက် ပါပဲ ။ ဒါပေမယ့် ယူနိုက်တက် နဲ့ ပတ်သက်လို့ ခင်ဗျား တို့ နောက် နှစ်,နှစ် လောက် ဘေးချိတ် ထားလို့ ရနိုင် ပါတယ် ။ အိုလီ က အသင်း မှာ ဘာတွေ လိုအပ် သလဲ ဆိုတာ ရှင်းရှင်း လင်းလင်း သိရှိ လုပ်ဆောင် သွားတဲ့ အချိန် အထိ အပြောင်း အရွှေ့ ရာသီ 4 – 5 ခုလောက် အချိန် ပေးရ ပါ လိမ့်မယ် ”

” အဲ့ဒီ ကြား ကာလ အခိုက်အတန့် တွေမှာ တော့ ယူနိုက်တက် အသင်း က မန်စီးတီး ၊ လီဗာပူး ၊ တော့တင်ဟမ် နဲ့ ချဲလ်ဆီး အသင်း တို့ရဲ့ နောက်မှာ ပဲ ရှိနေ ပါလိမ့် ဦးမယ် ” လို့ ပေါလ် စခိုးလ် က အသင်း ဟောင်းရဲ့ လက်ရှိ အနေအထား အပေါ် မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

ပေါလ် စခိုးလ် ရဲ့ စကားသံ ကို ကြားခဲ့ ရတဲ့ နောက် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဗဟို ကွင်းလယ် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ အိုဝင် ဟားဂရေ့ဗ် က ဝုလ်ဗ် ၊ ပဲလေ့စ် နဲ့ ဆောက်သမ်တန် ပွဲတွေ မှာ အမှတ်တွေ လျော့ ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ ရှေ့ဆက် ရမယ့် ရာသီ ဟာ ပိုပြီး ခက်ခဲ သွားမှာ ကို စိုးရိမ် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

” ကျွန်တော် အိုလီနဲ့ ကစားသမား တွေ အတွက် စိုးရိမ်စိတ် ဖြစ်မိ ပါတယ် ။ သူတို့ ကစား ခဲ့တဲ့ အသင်း တွေက ကစား ရ အရမ်း ခက်ခဲ တဲ့ အသင်း တွေ မဟုတ်ကြ ပါဘူး ၊ ဒါပေမယ့် သူတို့ အမှတ်တွေ လျော့ခဲ့ ကြ ပါတယ် ။ အဲ့တာ က ဒီ ရာသီ သူတို့ တွေကို ကစားရ ပိုပြီး ခက်ခဲ သွားစေ နိုင် ပါတယ် ” လို့ အိုဝင် ဟားဂရေ့ဗ် က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar