ယနေ့ နံနက် အစောပိုင်း မှာ ကစားသွားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဂျူဗီ အသင်းက နာပိုလီ အသင်းကို ၄-၃ဂိုးနဲ့ အနိုင် ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းသွားခဲ့ပါတယ်။အဖွင့်ပွဲမှာ ဖီအိုရင်တီးနားကို ၄-၃ နဲ့ အနိုင်ရထားခဲ့တဲ့ နာပိုလီတို့ကတော့ ဆန့်ကျင်ဘက်ရလဒ်မျိုးနဲ့ ပြန်ပြီးရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

Juventus

အိမ်ရှင်ဂျူဗီ အသင်းဟာ ပွဲအစ တနာရီ ဝန်းကျင်လောက် အထိ ပွဲကိုစိုးမိုးသွားနိုင်ခဲ့ပြီး ဒန်နီလို၊ ဟီဂွာရင်၊ရော်နယ်ဒိုတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ဒါပေမယ့် တတိယဂိုးရရှိခဲ့အပြီး နောက်ပိုင်း နာပိုလီ အသင်းက မာနိုလက်စ်၊ လိုဇာနို၊ လော်ရန်ဇိုတို့ရဲ့ ဂိုးတွေနဲ့ အတူ ပြန်လာနိုင်ခဲ့လို့ သရေနဲ့ ပွဲပြီးတော့မယ်လို့ အများကယူဆခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဂျူဗီ အသင်းရဲ့ အနိုင်ရလိုစိတ် ပြင်းပြမှုနဲ့ အတူ ပြန်ပြီးကြိုးစားသွားခဲ့ လို့နာကျင်အချိန်ပိုမှာ အနိုင်ဂိုးရရှိသွားခဲ့တာဖြစ်ပါတယ်။ဂျူဗီ အသင်းရဲ့ ပြစ်ဒဏ်ဘောကိုရှင်းထုတ်ဖို့ ကြိုးစားရင်း နာပိုလီနောက်ခံလူ ကူလီဘာလေ က ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာဖြစ်ပါတယ်။

စီးရီးအေရဲ့ လက်ရှိချန်ပီယံ ဂျူဗီ အသင်းဟာ အခုနှစ်မှာ နည်းပြအပြောင်းအလဲ နဲ့ အတူရှေ့ဆက်နေတာဖြစ်ပေမယ့် သူတို့ရဲ့ နည်းပြသစ် ဆာရီဟာ အဆုတ်ရောင် ရောဂါ ကုသမှုခံယူနေရလို့ လတ်တေ လာ ပွဲတွေကို မကြီးကြပ်နိုင်သေးပဲ အရံ နည်းပြမာတက်စီရယ်လို ယာယီတာဝန်ယူနေရတာဖြစ်ပါတယ်။

နာပိုလီအသင်းရဲ့ နောက်ကပြန်ချေပခဲ့ဂိုးတွေကြောင့် အခက်တွေ့ခဲ့ရပေမယ့် ၃ မှတ်ပြည့်ရအောင် အနိုင်မခံအရှုံးမပေးကစားခဲ့ကြတဲ့ ဂျူဗီအသင်းသားတွေကို မာတက်စီရယ်လိုကချီးကျူးသွားခဲ့ပါတယ်။Sky sports နဲ့ အင်တာဗျူး မှာ သူက-

” ပွဲချိန် တနာရီကျော်လောက် အပြီးမှာတော့ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ကျဆင်းသွားခဲ့ရပါတယ်။နာပိုလီလို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့ ပွဲမျိုးမှာ ဒါဟာတကယ်ခက်ခဲပါတယ်။သူတို့ကဒါကိုကောင်းကောင်းအသုံးချကျော်ဖြတ်သွားနိုင်ခဲ့ကြပါတယ်။

Napoli’s Senegalese defender Kalidou Koulibaly reacts after scoring an own goal during the Italian Serie A football match Juventus vs Napoli on August 31, 2019 at the Juventus stadium in Turin. (Photo by Isabella Bonotto / AFP)

ဒါပေမယ့် ၃ဂိုးပြတ် နဲ့ ဦးဆောင်ထားနိုင်ခဲ့တဲ့ အနေအထားမျိုး မှာ အခြေအနေ တွေက အခုထက်ပိုပြီးကောင်းခဲ့သင့်တာဖြစ်ပါတယ်။ချေပဂိုးတွေ ခွင့်ပြုလို့ရပေမယ့် ၁၆ မိနစ် အတွင်း ၃ ဂိုးဆိုတာမျိုးတော့ မရပါဘူး။ဖြစ်နိုင်တာကတော့ ကျွန်တော်တို့၃ဂိုးရလိုက်အပြီးမှာ စိတ်အာသာပြေသွားခဲ့ပြီး သူတို့ကို တဖန် ပြန်တုန့်ပြန်ဖို့ ခွင့်ပေးလိုက်သလိုပါပဲ။

နေရာယူမှု အလွဲတွေ တုန့်ပြန်ပုံအမှားတွေကြောင့် လည်း ဒီလို အရည်အသွေးမြင့်ပြိုင်ဘက် ကစားသမားတွေက ချေပနိုင်ခဲ့ကြတာဖြစ်ပါတယ်။ပွဲချိန် တနာရီလောက် အတွင်းကအရမ်းကောင်း တဲ့ ခြေစွမ်းကိုပဲ အာရုံစိုက်ပြောချင်ပေမယ့် သူတို့ ၃ဂိုးပြန်ရအပြီးမှာကြောက်လန့်စိတ်ဖြစ်ပေါ်ခဲ့တယ်ဆိုတာကို ဝန်ခံပါတယ်။

ကျွန်တော်ဟာ ဒီအသင်းကို ရောက်နေတာ တလဝန်းကျင်လောက်ရှိနေပြီး ရာသီကြို ကာလတွေကတည်းက ကစားသမားတွေရဲ့ အနိုင်မခံအရှုံးမပေးတဲ့ စိတ်ကို အံ့အားသင့်ထားခဲ့ရတာဖြစ်ပါတယ်။သူတို့ဟာ ပွဲတပွဲကနေ တခုခုရနိုင်ဖို့ အလုံးစုံပေးဆပ်ကြိုးစားလေ့ရှိပါတယ်။ဒါဟာအသိအမှတ်ပြုချင်စရာ ဝိသေသတခုလည်းဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

အေဂျက် အသင်းထံကနေ ခေါ်ယူထားခဲ့တဲ ကြယ်ပွင့်ခံစစ်မှူး ဒီလစ်ဂ်ျဟာအဖွင့် ပွဲမှာ အရံလူစာရင်းမှာသာပါခဲ့ရပြီး လူစားဝင်ခွင့်တောင်မရခဲ့ပေမယ့် အခုပွဲမှာတော့ ချီလီနီရဲ့ ဒူးဒဏ်ရာကြောင့် ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့ စီးရီးအေ အဖွင့်ဟာမလှပခဲ့ပဲာပိုလီအသင်းရခဲ့တဲ့ ဒုတိယဂိုးမှာသူ့ရဲ့ အမှားမကင်းခဲ့တာဖြစ်ပါတယ်။

ဒီလစ်ဂ်ျ နဲ့ ပတ်သက်ပြီး မာတက်စီရယ်လိုက – ” သူဟာ ရှေ့ဆက်သင်ယူမှု တွေ လုပ်ဆောင်နေရဦးမှာဖြစ်ပြီး ခံစစ်အစုအဖွဲ့မှာ ပါဝင်ကစားနိုင်ဖို့ နည်းနည်းလိုနေပါသေးတယ်။အရမ်းမတူညီတဲ့ လိဂ်တခုကနေ စီးရီးအေလို ခက်ခဲတဲ့ လိဂ်တခုကို ရောက်လာတာဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ကြွယ်ဝတဲ့ အရည်အသွးမျိုးပိုင်ဆိုင်ထားပြီး ဥာဏ်ပညာကောင်းသလို သင်ယူလေ့လာတာလည်းမြန်ဆန်မယ့် ကစားသမားတဦးဖြစ်ပါတယ်။သူကလည်း ပွဲချိန်တနာရီလောက် ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။

အသင်း မှာ သူအထိုင် ကျနိုင်ဖို့ အချိန် လိုဦး မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားခဲ့ပေမယ့် ကံဆိုးစွားနဲ့ ပဲ ချီလီနီက ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင်လည်း ကျွန်တော်တို့ရဲ့ အစီ အစဉ်ကို ပြောင်းလိုက်ရတာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR