Lingard
Lingard
#Sports_Myanmar
Unicode
ခြေစွမ်းကောင်းတွေ ဆက်တိုက် ပျောက်ဆုံး နေခဲ့တဲ့ လင်ဂတ် အပေါ် မှတ်ချက်ပေးသွားတဲ့ အင်္ဂလန် နည်းပြ #ဆောက်ဂိတ်
===============
အင်္ဂလန် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဂါးရတ် ဆောက်ဂိတ် က ယူနိုက်တက် ကွင်းလယ်လူ ဂျီစီ လင်ဂတ် ကို လက်ရွေးစင် အသင်း အတွက် ရွေးချယ် ခဲ့တဲ့ အပေါ် ကာကွယ် စကား ဆိုသွား လိုက်ပြီး လက်ရှိ အချိန် မှာ အင်္ဂလန် သားကို ဝန်းရံ ပေးဖို့ လိုအပ် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
အင်္ဂလန် လက်ရွေးစင် နည်းပြ ဖြစ်သူဟာ 2020 ယူရို ဖလား ပြိုင်ပွဲ အတွက် ကစားသမား တွေကို ရွေးချယ် ခေါ်ယူ ရာမှာ လက်ရွေးစင် အသင်း အတွက် တစ်ကြိမ် မှ ကစား ပေး ထားခြင်း မရှိ တဲ့ ကစားသမား 4 ဦး အထိ ကို ထည့်သွင်း ရွေးချယ် ထား ခဲ့ ပါတယ် ။
အင်္ဂလန် လက်ရွေးစင် အသင်း ဟာ ကြားရက်ထဲ နိုင်ငံတကာ ပွဲစဉ် တွေ ကစား ရဖို့ ရှိနေပြီး ဘူလ်ဂေးရီးယား ၊ ကိုဆိုဗို အသင်း တွေနဲ့ ရင်ဆိုင် ရဖို့ ရှိနေ ပါတယ် ။ အဆိုပါ ပွဲစဉ် တွေ မတိုင်မီ ဆောက်ဂိတ် က …
” ကျွန်တော် တို့ တွေဟာ ယူနိုက်တက် မှာ သူ ( လင်ဂတ် ) ပိုပြီး ကောင်းမွန် ခဲ့တဲ့ အချိန် တွေကို မြင်တွေ့ ခဲ့ဖူး ကြတယ် ။ ခင်ဗျား တို့ အနေ နဲ့ အခုလို အချိန် မှာ အဲ့ဒီလို စကား တွေ ပြောသင့် တယ်လို့ ကျွန်တော် တွေးမိ ပါတယ် ”
” အိုလီ ဆီမှာ ငယ်ရွယ် ပြီး သွက်လက် တက်ကြွ တဲ့ အသင်း တစ်သင်း ရှိ နေတယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဂျက်စီ ရဲ့ ဖိအားပေး ကစား တဲ့ ဟန်တွေ နဲ့ ခွန်အား တွေက ပြီးခဲ့တဲ့ ပွဲစဉ် အနည်းငယ် တုန်းက ယူနိုက်တက် တို့ လုပ်ချင် ကြတဲ့ အရာ တွေ အတွက် အရေး ပါတဲ့ အစိတ် အပိုင်း တစ်ခု ဖြစ် ခဲ့တယ် လို့ ကျွန်တော် ထင် ပါတယ် ”
” ကျွန်တော် တို့ ဂျက်စီ ကို ရွေးချယ် ရခြင်း က အသင်း ရဲ့ အစိတ် အပိုင်း တစ်ခု လို ပါပဲ ။ ဘာဖြစ် လို့လဲ ဆိုတော့ သူဟာ ကျွန်တော် တို့ အတွက် ကစား ပေးတဲ့ အခါ တိုင်းမှာ ပုံစံ ကောင်း တွေ အမြဲ လို ပြသ နိုင်ခဲ့ တယ်လေ ”
” သူ့ရဲ့ သွင်းဂိုး တွေနဲ့ ပတ်သက် လို့ မှတ်တမ်း တွေ ရှိတာ ကျွန်တော် သိ ပါတယ် ။ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက သူဟာ ဒဏ်ရာ ပြသနာ ကြောင့် ကျွန်တော် တို့ အသင်း အတွက် လေး ကြိမ် ပဲ ပါဝင် ကစား ပေးထား ခဲ့တယ် လေ ။ နှစ်ပွဲ ပွဲထွက် ပြီး နှစ်ပွဲ က လူစားဝင် ကစား ခဲ့တာ ပေါ့ ”
” သူ နေးရှင်း လိဂ်မှာ ကစား ပေး ခဲ့စဉ် တုန်းက လည်း အသင်း အတွက် 2 ဂိုး သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။ သူ နောက် တစ်ဂိုး သွင်းယူ ခဲ့ ပေမယ့် ဂိုးကို ခွင့် မပြု ပေးခံ ခဲ့ရ ပါဘူး ။ ဒါ့အပြင် သူဟာ ကမ႓ာ့ ဖလား ပြိုင်ပွဲ မှာလည်း တစ်ကယ့် ကို ကောင်းမွန် ခဲ့ ပါတယ် ”
” ကျွန်တော် တို့တွေ အသင်း တစ်သင်းကို စတင် ရွေးချယ် ကြတဲဲ့ အခါ မှာ အကြောင်း ပြချက် တစ်ဝက် လောက်က သူတို့ ကလပ် အသင်း အတွက် ပြတဲ့ ခြေစွမ်း အပေါ် မူတည် လေ့ ရှိ ပါတယ် ။ ဒါပေမယ့် သူဟာ ကျွန်တော် တို့ အတွက် ခြေစွမ်း မပြ နိုင်ခဲ့ ဘူး ဆိုတဲ့ ပွဲစဉ် ရှိခဲ့လား ဆိုတာ တောင် မမှတ် မိတော့ ပါဘူး ”
” သူဟာ မတူညီ တဲ့ ပုံစံ နဲ့ ပွဲစဉ် ထဲ ပါဝင် ပတ်သက် ပေးနိုင် ပါတယ် ။ ကျွန်တော် ကတော့ သူရော ၊ အားလုံး ပဲ ပွဲထွက် ခွင့် အတွက် အလေး အနက် ထား ယှဉ်ပြိုင် ကြရ ပါ လိမ့်မယ် ။ အကယ်လို့ သူတို့ တွေ ကျွန်တော် တို့ အတွက် ဂိုး မသွင်းပေး နိုင်ရင် ၊ ကလပ် အသင်း အတွက် ဂိုး မသွင်းပေး နိုင်ရင် အဲ့တာ တွေကို သူတို့ ကို ပိုပြီး ခက်ခဲ စေပါ လိမ့်မယ် ”
” ဒါပေမယ့် မျှမျှတတ ပြောကြ ရမယ် ဆိုရင် ဒီအချိန် မှာ သူ့ရဲ့ ကလပ် အသင်း က အနေ အထား အကြောင်း ငြင်းခုန် နေတာ ထက် ထောက်ခံ အားပေး ကြတာ က ပိုကောင်း လိမ့်မယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဒီမှာ တော့ ခြေစွမ်း မပြ နိုင်ပဲ ဘယ်သူမှ အခြား တစ်ယောက် ကို ကျော်ပြီး ကစား ခွင့် ရမှာ မဟုတ် ပါဘူး ”
” ကျွန်တော့် အတွေး ကို ပြောရရင် တော့ ကျွန်တော် တို့ မရွေးချယ် ခဲ့တဲ့ ကစားသမား တွေ ထဲမှာ သူ့ထက် ပိုကောင်း တဲ့ ကစားသမား သိပ် မရှိဘူး လို့ ထင်မိ ပါတယ် ။ ကျွန်တော် တို့ အတွက် သူ့ရဲ့ စွမ်းဆောင်ရည် က အရမ်း အရမ်း ကို ကောင်းမွန် ခဲ့တယ် လေ ” လို့ ဆောက်ဂိတ် က လင်ဂတ် ဖက်မှ ကာကွယ် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။
#Sports_Myanmar