အခု အပတ္ အတြင္း ကစားသြား ခဲ႔တဲ႔ တူရကီ တတိယတန္း လိဂ္ ပြဲစဥ္ မွာ အာမက္SK အသင္းနဲ႔ စကာရာစေပါ အသင္းတို႔ တဂိုးစီ သေရက်ခဲ႔ပါတယ္။ဒီပြဲစဥ္ မွာ အာမက္SK အသင္းရဲ႕ ကစားသမား တဦးျဖစ္တဲ႔ မန္ဆာကယ္လာဟာ ျပိဳင္ဘက္ အသင္းရဲ႕ ကစားသမား ရက္ဇန္ကို ခ်ြန္ထက္ တဲ႔ ဓါးသြား တခုနဲ႔ ကုတ္ျခစ္ခဲ႔တယ္ဆို ျပီး အခု ခ်ိန္မွာ စြပ္စြဲ ခံေနရျပီလည္းျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္ အရြယ္ရွိေနျပီျဖစ္ တဲ႔ ကယ္လာ ဟာ ပြဲမစတင္မီ ႏွစ္ဖက္ အသင္းသားေတြ လက္ဆြဲ ႏွဳတ္ဆက္ ခ်ိန္မွာ ခ်ြန္ထက္တဲ႔ အရာတခုကို လက္မွာ ကိုင္တြယ္ထားခဲ႔တာကိို လည္း ရုပ္သံမွတ္တမ္း ေတြအရေတြ႔ရပါတယ္။

ပြဲစတင္ ကစားခ်ိန္မွာ ေတာ့ သူဟာကယ္လာ ကို ပစ္မွတ္ထား တိုက္ခိုက္ ကစားသြားခဲ႔တယ္ လို႔လည္း သတင္းေတြက ေဖာ္ျပပါတယ္။ဒီႏွစ္သင္းဟာ ျပိဳင္ဆိုင္မွဳ ျပင္းထန္တဲ႔ ဒါဘီ ျပိဳင္ဘက္ေတြျဖစ္ျကျပီး ေတြ႔ဆံုတိုင္း မွာ ဆူပူမွဳေတြလည္း ျဖစ္ပြားတတ္ေလ့ရွိတာျဖစ္ပါတယ္။

ျပီးခဲ႔တဲ႔ ေအာက္တိုဘာလ အတြင္းဒီႏွစ္ သင္း ေတြ႔ဆံု ခဲ႔တဲ႔ ပြဲစဥ္မွာလည္း ပရိသတ္ေတြ ရဲ႕ အလြန္အက်ြံအားေပး မွဳေတြေျကာင့္ ရန္ပြဲေတြ ျဖစ္ပြားမွဳကို ျမင္ေတြ႔ထားခဲ႔ရေသးတာလည္းျဖစ္ပါတယ္။တူရကီ သတင္းေအဂ်င္စီတခုျဖစ္တဲ႔ DHA ရဲ႕အဆိုအရ အခုပြဲစဥ္အျပီး မွာ စကာရာစေပါ ကစားသမား အမ်ားစုဟာ ျပိဳင္ဘက္ အသင္းသားေတြကို ရဲ႕တပ္ဖြဲ႕ထံမွာတိုင္ခ်က္ဖြင့္ခဲ႔ျကတယ္လို႔ သိရပါတယ္။

ရက္ဇန္က လည္း ကယ္လာနဲ႔ သူရင္ဆိုင္ေတြ႔ဆံု ခဲ႔ရစဥ္မွာ ရ ရွိခဲ႔တဲ႔ ျပဲရွ ဒဏ္ရာေတြကို သူ႔ရဲ႕ လူမွဳ ကြန္ယက္ အေကာင့္ မွာ ေဖာ္ျပသြားခဲ႔ျပီး အေရးယူေဆာင္ရြက္ေပးဖို႔ကိုလည္း တူရကီ ေဘာလံုး အဖြဲ႕ခ်ဳပ္ကို ေတာင္းဆိုသြားခဲ႔ပါတယ္။အာမက္ SK အသင္းကေတာ့ အခုလို စြပ္စြဲ မွဳေတြဟာ အေျခအျဖစ္ မရွိပဲ သူတို႔ အသင္းရဲ႕ ဂုဏ္သိကၡာကို ခ်ေနတဲ႔ လုပ္ရပ္ေတြသာ ျဖစ္တယ္လို႕ ထုတ္ျပန္ထားပါတယ္။

ပြဲခ်ိန္အတြင္း မွာ လည္း ကယ္လာအေနနဲ႕ ဘာလက္နက္ ကိရိယာမ်ိဳးမွာ ကိုင္ေဆာင္ထားျခင္း မရွဘူးလို႔ အာမက္ SK အသင္းဘက္က တြင္တြင္ ျငင္းဆန္ေနပါတယ္။ဒါ့အျပင္ အဆိုပါ ဒါဘီ ပြဲမတိုင္မီစကာရာစေပါ ပရိသတ္ေတြက သူတို႔ရဲ႕ အဝတ္လဲခန္း အတြင္းကို စီးနင္း ခဲ႔ျကတဲ႔ ရုပ္သံမွတ္တမ္းကို လည္း အာမက္ SK အသင္းက လူမွဳ ကြန္ရက္မွာေဖာ္ျပသြားခဲ႔ပါတယ္။

အဆိုပါ ျဖစ္စဥ္မွာ ထိခိုက္ဒဏ္ရာ ရသူ မရွိခဲ႔ေပမယ့္ နည္းျပ ဆာတက္ ကေတာ့ ျပိဳင္ဘက္ပရိသတ္ေတြရဲ႕ကန္ေက်ာက္မွဳ ခံခဲ့ရတယ္လို႔သိရပါတယ္။

Unicode

ပွဲကစားနေစဉ်အတွင်းကစားသမားတဦးကဘလိတ်ဓားနဲ့ကုတ်ခြစ်မှု တူရကီလိဂ်ပွဲတခုမှာဖြစ်ပွား

အခု အပတ် အတွင်း ကစားသွား ခဲ့တဲ့ တူရကီ တတိယတန်း လိဂ် ပွဲစဉ် မှာ အာမက်SK အသင်းနဲ့ စကာရာစပေါ အသင်းတို့ တဂိုးစီ သရေကျခဲ့ပါတယ်။ဒီပွဲစဉ် မှာ အာမက်SK အသင်းရဲ့ ကစားသမား တဦးဖြစ်တဲ့ မန်ဆာကယ်လာဟာ ပြိုင်ဘက် အသင်းရဲ့ ကစားသမား ရက်ဇန်ကို ချွန်ထက် တဲ့ ဓါးသွား တခုနဲ့ ကုတ်ခြစ်ခဲ့တယ်ဆို ပြီး အခု ချိန်မှာ စွပ်စွဲ ခံနေရပြီလည်းဖြစ်ပါတယ်။

အသက် ၃၃ နှစ် အရွယ်ရှိနေပြီဖြစ် တဲ့ ကယ်လာ ဟာ ပွဲမစတင်မီ နှစ်ဖက် အသင်းသားတွေ လက်ဆွဲ နှုတ်ဆက် ချိန်မှာ ချွန်ထက်တဲ့ အရာတခုကို လက်မှာ ကိုင်တွယ်ထားခဲ့တာကိို လည်း ရုပ်သံမှတ်တမ်း တွေအရတွေ့ရပါတယ်။

ပွဲစတင် ကစားချိန်မှာ တော့ သူဟာကယ်လာ ကို ပစ်မှတ်ထား တိုက်ခိုက် ကစားသွားခဲ့တယ် လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ဒီနှစ်သင်းဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဒါဘီ ပြိုင်ဘက်တွေဖြစ်ကြပြီး တွေ့ဆုံတိုင်း မှာ ဆူပူမှုတွေလည်း ဖြစ်ပွားတတ်လေ့ရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းဒီနှစ် သင်း တွေ့ဆုံ ခဲ့တဲ့ ပွဲစဉ်မှာလည်း ပရိသတ်တွေ ရဲ့ အလွန်အကျွံအားပေး မှုတွေကြောင့် ရန်ပွဲတွေ ဖြစ်ပွားမှုကို မြင်တွေ့ထားခဲ့ရသေးတာလည်းဖြစ်ပါတယ်။တူရကီ သတင်းအေဂျင်စီတခုဖြစ်တဲ့ DHA ရဲ့အဆိုအရ အခုပွဲစဉ်အပြီး မှာ စကာရာစပေါ ကစားသမား အများစုဟာ ပြိုင်ဘက် အသင်းသားတွေကို ရဲ့တပ်ဖွဲ့ထံမှာတိုင်ချက်ဖွင့်ခဲ့ကြတယ်လို့ သိရပါတယ်။

ရက်ဇန်က လည်း ကယ်လာနဲ့ သူရင်ဆိုင်တွေ့ဆုံ ခဲ့ရစဉ်မှာ ရ ရှိခဲ့တဲ့ ပြဲရှ ဒဏ်ရာတွေကို သူ့ရဲ့ လူမှု ကွန်ယက် အကောင့် မှာ ဖော်ပြသွားခဲ့ပြီး အရေးယူဆောင်ရွက်ပေးဖို့ကိုလည်း တူရကီ ဘောလုံး အဖွဲ့ချုပ်ကို တောင်းဆိုသွားခဲ့ပါတယ်။အာမက် SK အသင်းကတော့ အခုလို စွပ်စွဲ မှုတွေဟာ အခြေအဖြစ် မရှိပဲ သူတို့ အသင်းရဲ့ ဂုဏ်သိက္ခာကို ချနေတဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပွဲချိန်အတွင်း မှာ လည်း ကယ်လာအနေနဲ့ ဘာလက်နက် ကိရိယာမျိုးမှာ ကိုင်ဆောင်ထားခြင်း မရှဘူးလို့ အာမက် SK အသင်းဘက်က တွင်တွင် ငြင်းဆန်နေပါတယ်။ဒါ့အပြင် အဆိုပါ ဒါဘီ ပွဲမတိုင်မီစကာရာစပေါ ပရိသတ်တွေက သူတို့ရဲ့ အဝတ်လဲခန်း အတွင်းကို စီးနင်း ခဲ့ကြတဲ့ ရုပ်သံမှတ်တမ်းကို လည်း အာမက် SK အသင်းက လူမှု ကွန်ရက်မှာဖော်ပြသွားခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာ ရသူ မရှိခဲ့ပေမယ့် နည်းပြ ဆာတက် ကတော့ ပြိုင်ဘက်ပရိသတ်တွေရဲ့ကန်ကျောက်မှု ခံခဲ့ရတယ်လို့သိရပါတယ်။