Klopp

ယာဂန်ကလော့က သူ အထူး ပျော်ရွှင်နေတဲ့ တကယ့် အကြောင်းရင်းကတော့ လီဗာပူး အသင်း နောက်ထပ် ကလပ်စံချိန်တစ်ခု ရယူ နိုင်ခဲ့တာကြောင့်လို့ ရှင်းပြလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ဘန်လေကို တပ်မိုးမှာ ၃ – ၀ နဲ့ အနိုင်ယူကာ ကလပ် အသင်း သမိုင်းတစ်လျှောက် ပထမဦးဆုံး ၁၃ ပွဲဆက် လိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

 

ဒ့ါအပြင် လီဗာပူးဟာ ဒီရာသီမှာ လေးပွဲဆက် အနိုင်နဲ့ အတူ ရာနှုန်းပြည့် နိုင်ပွဲ ရထားခဲ့ပြီး နိုင်ငံတကာပွဲစဉ် ကာလမတိုင်မီ ဇယားထိပ်မှာ လက်ရှိချန်ပီယံ မန်စီးတီးကို ၂ မှတ် အသာနဲ့ ဦးဆောင် နိုင်မှာ ဖြစ်ပါတယ်။ ကလော့ကတော့ စံချိန်သစ် ရခဲ့ရာမှာ သူ့ကစားသမားတွေရဲ့ ခံယူချက်ကို ချီးကျူးလိုက် ပါတယ်။

ကလော့ က “ ရိုးရိုးသားသား ပြောရရင် ဒီအချိန်မှာ ကျွန်တော် ဂုဏ်ယူစိတ်တော့ မဖြစ်မိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ စံချိန်သစ်တင် နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ဒီမှတ်တမ်းဟာ ဘယ်လောက် ကြာနေပြီလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါဟာ တကယ် ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီလို စံချိန်တွေ အတွက် သွားမှာ မဟုတ်ပါဘူး။ ဒီအသင်းဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် သမိုင်းကို ရေးထိုးချင်ကြပြီး ကိုယ့်သမိုင်းကို ဖန်တီး ချင်ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ လုပ်နေတဲ့ အရာပါပဲ။

အရာတစ်ခုကတော့ ၁၃ ပွဲဆက် အနိုင်ဆိုတဲ့ ကိန်းဂဏန်း တစ်ခုပါပဲ။ နောက်တစ်ခု ကတော့ ဒီ ၁၃ ပွဲဆက် အနိုင်မှာ ကောင်လေးတွေ ဒီနေ့လိုမျိုး ခံယူချက်တွေ ပြသခဲ့တာပါ။ ဒါဟာ အရာအားလုံးကို လုပ်နိုင်ခဲ့တာ ပါပဲ။ ကျွန်တော်တို့ ပြိုင်ဘက်ကို လေးစားမှု ပြသ သွားရမှာပါ။ ကောင်လေးတွေဟာ မှန်ကန်တဲ့ ခံယူချက်တွေနဲ့ ဒါကို လုပ်နေပါတယ်။

ပြိုင်ဘက်ကို ကြီးမားတဲ့ ဖိအားနဲ့ ကြုံတွေ့အောင် ထပ်လုပ်ပြ နိုင်ခဲ့ပါတယ်။ ဘန်လေ အသင်း အနေနဲ့ သူတို့ အလို ရှိသလို လုပ်ဖို့ အ၇မ်း ခက်ခဲ ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ အခွင့်အရေးတွေတော့ ဖန်တီး နိုင်စွမ်း ရှိနေတုန်းပါ။ ဒါပေမယ့် ကျွန်တော်တို့ နေရာကောင်းတွေမှာ ရှိနေပြီး ကောင်းစွာ ကာကွယ် နိုင်ခဲ့ပါတယ်။ ပွဲအတွင်းမှာ မြင့်မားတဲ့ မြန်နှုန်းနဲ့ အတူ ကျွန်တော်တို့ဟာ ဖန်တီးမှု အားကောင်း ခဲ့ပါတယ်။ ပွဲအတွင်းမှာ မတူညီတဲ့ အရာတွေ အများကြီး ရှိပါတယ်။ တိုးတက်ဖို့ လိုအပ်နေသေး ပေမယ့် ဒါဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါ။

ရာသီတစ်ခုရဲ့ ပထမဦးဆုံး အပိုင်း ၊ အစောပိုင်း ကာလမှာ ဒီလို လုပ်နိုင်မလား ဆိုပြီး လွန်ခဲ့တဲ့ လေးပတ်က ကျွန်တော့်ကို တစ်စုံတစ်ယောက် လာမေး ခဲ့မယ် ဆိုရင် သိပ်မဖြစ်နိုင်ဘူးလို့ ကျွန်တော် ပြန်ပြောမိ မှာပါ။ အခု ဒီလို ဖြစ်နေပါပြီ။ အခုဆိုရင် အားလုံး ကြံ့ခိုင်စွာနဲ့ ပြန်လာ နိုင်ဖို့ ကျွန်တော်တို့ ဆုတောင်း နေရမှာပါ။ အဲဒီမှ ရာသီတစ်ခုရဲ့ အပြင်းထန်ဆုံး ကာလအတွက် အိုကေမှာပါ။

စက်တင်ဘာလမှာ ကျွန်တော်တို့ အဝေးကွင်း ပွဲစဉ် ၅ ပွဲ ကန်သွား ရမှာ ဖြစ်ပြီး အိမ်ကွင်းပွဲ တစ်ပွဲပဲ ရှိတယ်လို့ ထင်ပါတယ်။ စိတ်ဝင်စား စရာ ပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ ခရီးတွေ အများကြီး ထွက်ရမှာ ဖြစ်ပြီး အားလုံး အဆင်ပြေ ချောမွေ့ဖို့ ကျွန်တော် မျှော်လင့် ပါတယ်။ ဒါ့ကြောင့် ကောင်းမွန်တဲ့ ရာသီအစလို့ ဆိုနိုင်ပြီး အခုထိ အားလုံးကောင်း နေပါတယ်။ ဒါပါပဲ” လို့ ပြောခဲ့ပါတယ်။

လီဗာပူးဟာ ဘန်လေနဲ့ ပွဲမှာ ဦးဆောင်ဂိုး ရဖို့ ၃၃ မိနစ်ကြာ စောင့်ဆိုင်း ခဲ့ရပြီး ထရန်အလက်ဇန်းဒါးအာနိုး ရဲ့ ဖြတ်တင်ဘောဟာ ဘန်လေ တိုက်စစ်မှုး ခရစ်ဝုဒ်နဲ့ ထိကာ ဂိုးထောင့်ထဲကို တိုက်ရိုက် ၀င်သွား ခဲ့တာပါ။ မာနေးဟာ နောက်ထပ် လေးမိနစ် အကြာမှာ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူ ပေးခဲ့ပြီး ဖာမီနိုဟာ ပွဲပြီးဖို့ ၁၀ မိနစ် အလိုမှာ အနိုင်သေချာ စေမယ့် ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။

ဆက်လက်ပြီး ကလော့ က “၄-၄-၂ စနစ်နဲ့ ရင်ဆိုင်ရာမှာ မမြန်ရင် ၊ ဘောလုံးပေးပို့မှုတွေ မှားယွင်းခဲ့ရင် တကယ် ခက်ခဲမှာပါ။ အဲဒီလို လုပ်နိုင်မှ အသာစီး ရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ formation က ကောင်းမွန်နေပြီး ၊ ကျွန်တော်တို့ နောက်တန်း အစွန်လူတွေဟာ သူတို့ တောင်ပံ ကစားသမားတွေရဲ့ ဖိအားကို ခံခဲ့ရပြီး နံပါတ် ၆ ဟာ နေရာလွတ်တွေကို ပိတ်ဆို့ ထားပါတယ်။ ဒီလိုမျိုးတွေပါ။ ကိုယ့်အနေနဲ့ အခြေအနေကို ချက်ချင်း ဖတ်ရှုပြီး ပွဲအရှိန်တင်တာမျိုးတွေ လုပ်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ဟာ ကြီးကြီးမားမား ဖန်တီးမှုတွေ မလုပ်နိုင်ခဲ့ပေမယ့် လုံးဝ ပွဲကို ထိန်းချုပ် နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေတော့ ရခဲ့ပါတယ်။ ပြီးနောက် ကံအနည်းငယ် ကောင်းပြီး ဂိုးရ ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ၁-၀ နဲ့ ဦးဆောင်ဖို့ ထိုက်တန် နေဆဲပါ။ ဒုတိယဂိုးဟာ အရမ်း ကောင်းပါတယ်။ ဘောလုံးတွေ အသာရတာ ၊ ဆုံးဖြတ်ချက် မြန်ဆန်တာ ၊ အဲဒီနောက် ဘော်ဘီရဲ့ အကောင်းဆုံး ဘောလုံးပေးပို့မှု ကနေ ဆာဒီယိုက အကောင်းဆုံး အဆုံးသတ် ခဲ့ပါတယ်။ တတိယဂိုးကလည်း မိုက်ပါတယ်။

ကျွန်တော်တို့ဟာ ပွဲကို အကောင်းဆုံး ထိန်းချုပ် နိုင်ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ set-pieces တွေကသာ ကျွန်တော်တို့ အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်ခဲ့လို့ပါ။ ဖိအားပေးမှု မရှိတဲ့ ဘောလုံးတိုင်းကို ပုတ် ၊ မီး ၊ တာကောစကီး နဲ့ ဘယ်ကွင်းလယ် ကစားသမား မဆို ကောင်းကောင်း ကစား နိုင်ခဲ့ကြ ပါတယ်။ ပြီးတော့ သူတို့ တောင်ပံ ကစားသမား ၂ ဦး ဖြတ်တင်ဘောတွေ လုပ်နိုင်တဲ့အခါ ဒါဟာ ခက်ခဲပါတယ်။

ဒီပွဲရဲ့ နောက်ဆုံး ၁၀ မိနစ် ကစားပုံဟာ ပြီးခဲ့တဲ့ ပွဲတွေ ကနဲ့တော့ အတော် ကွဲပြား သွားခဲ့ပါတယ်။ အဲဒီမတိုင်မီ ကျွန်တော်တို့ဟာ အကောင်းဆုံး ပွဲကို အဆုံးနိုင်ခဲ့တယ်လို့ မခံစား မိခဲ့ပါဘူး။ ကောင်လေးတွေ လုပ်နိုင်ခဲ့ပါတယ်။ အရမ်းကောင်းအောင်ပါ။ တကယ်ကောင်းပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM