Pogba

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အိုလီ ဂန်နာ ဆိုးရှား ဟာ အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာ ရဲ့ အပြောင်း အရွှေ့ နဲ့ ပတ်သက် တဲ့ အတည်ပြု ချက် တစ်ခု ကို ဆောက်သမ်တန် နဲ့ ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် ပေါ့ဘာ ရဲ့ ခြေစွမ်း နဲ့ ဒဏ်ရာ အခြေ အနေ တို့ ကိုလည်း ပြောပြ သွားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ယမန်နေ့ က ဆောက်သမ်တန် နဲ့ ၁ ဂိုးစီ သရေကျ ခဲ့ပြီး ပေါ့ဘာ ဟာ ခြေစွမ်း မပြ နိုင်ခဲ့ ပါဘူး ။

ယူနိုက်တက် ဟာ ပွဲအစ ၁၀ မိနစ် မှာ တင် ဒန်နီရယ် ဂျိမ်းစ် ရဲ့ ဂိုးနဲ့ ဦးဆောင် နေခဲ့ ပါတယ် ။ ပထမ ပိုင်း မှာ ကစားပုံ ကောင်းခဲ့ ပေမယ့် ဒုတိယ ဂိုး ရအောင်တော့ မသွင်းနိုင် ခဲ့ ပါဘူး ။ ဒုတိယပိုင်းး မှာတော့ ဆောက်သမ်တန် ဘက် က ချေပဂိုး ပြန်သွင်း သွားခဲ့ ပြီး သရေ ရလဒ်ကို သာ ယူဆောင် နိုင် ခဲ့ ပါတယ် ။

ဆိုးရှား ကလည်း ပေါ့ဘာ ဟာ စိန့်မေရီ ကွင်းမှာ ပုံမှန် ခြေစွမ်း အောက် ကို ရောက် နေခဲ့ ကြောင်း ပြောဆို ခဲ့ ပေမယ့် ဒီလို ဖြစ်ခဲ့တာ ဟာ တစ်သင်းလုံး ပါပဲ လို့ ဆိုခဲ့ပြီး ပြင်သစ်သား အပေါ် အပြစ် လျော့ ပေးသွား ခဲ့ ပါတယ် ။ တကယ်တမ်းမှာလည်း ယူနိုက်တက် ဘက်မှာ ဘစ်ဆာကာ ၊ ဒန်နီရယ်ဂျိမ်းစ် နဲ့ မက်ဂွဲယားတို့ က လွဲရင် ကျန် ကစား သမားတွေ ဟာ ပုံစံ ပျောက်ဆုံး နေခဲ့ ကြတာကို မြင်တွေ့ ခဲ့ရ ပါတယ် ။

“ပထမပိုင်း မိနစ် ၃၀ ကျော် လောက်ကစ ပြီး အသင်း ဟာ ကပျက် ကချော် နိုင်လာခဲ့ ပါတယ် ။ ဘောလုံး တွေ လည်း ခဏခဏ ဆုံးရှုံး ခဲ့ ပါတယ် ။ ဒီ အထဲ မှာ ပေါလ် လည်း တစ်ယောက် အပါ အ၀င် ပါ ။ အခြား သူတွေ နဲ့ သူလည်း မခြား နားပါဘူး”

pogba

“ဒီည မှာ တစ်ဦး တစ်ယောက် တည်း မကောင်းခဲ့တာ မဟုတ်ပါဘူး ။ တစ်သင်းလုံး မကောင်းခဲ့ တာပါ ။ အခွင့် အရေးတွေ ဖန်တီးနိုင် ခဲ့ ပေမယ့် အဆုံးသတ် ကတော့ တော်တော်လေး အားနည်း ခဲ့ ပါတယ် ။ အသာရ နေတဲ့ ဦးဆောင်ဂိုး ကို ထိန်းထားနိုင် ဖို့ ကြိုးစား ခဲ့ ပေမယ့် လိုအပ် ချက်တွေ ရှိ နေပါသေးတယ်”

“တိုက်စစ် ပိုဆင် နိုင်ရမယ် ၊ ပိုပြီး ခုခံနိုင် ရမယ် ၊ အမြင့်ဘောတွေ ပို ပြီး ကောင်းလာ ရဦးမယ် ၊ လိမ် ခေါက်ကျော်ဖြတ် နိုင်ရဦးမယ် ၊ တိကျ တဲ့ ပေးပို့မှု တွေ လုပ်ဖို့ လိုသေးတယ် ၊ ဒါတွေ ကို တိုးတက် လာအောင် လုပ်ဆောင် ရဦးမှာပါ ။ ပေါလ် တစ်ယောက် တည်း အားနည်းခဲ့တာ မဟုတ် ပါဘူး ။ တစ်သင်းလုံး အားနည်း ခဲ့ တာပါ” လို့ ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။

ပေါ့ဘာ ဟာ ယခု နွေရာသီ အတွင်း ရီးရဲမက်ဒရစ် ကို ပြောင်းရွှေ့ မယ် လို့ သတင်းကြီး နေခဲ့သူ ဖြစ်ကာ ရီးရဲ နည်းပြ ဇီဒန်း ကလည်း အပြောင်း အရွှေ့ ပိတ်မယ့် တနင်္လာနေ့ နံနက် ပိုင်း မတိုင်ခင် အထိ ဘာမဆို ဖြစ်လာ နိုင်ပါသေးတယ် လို့ ပြောဆို ထားခဲ့ ပါတယ် ။ ဒါပေမယ့် ဆိုးရှား ကတော့ သူ့ရဲ့ ကစား သမား ဟာ ဒီမှာ ဆက်ရှိ နေမယ် ဆိုတဲ့ အကြောင်း ကို အတည်ပြု သွားခဲ့ ပြီး အပြောင်းအရွှေ့ ကောလဟာလ တွေ ကို တိတ်ဆိတ် စေခဲ့ ပါတယ် ။

“ပေါ့ဘာ ဟာ ကျွန်တော်တို့ အတွက် ဆက်ပြီး ကစား ပေးမှာပါ” လို့ ဆိုးရှား က ဆိုသွားခဲ့ ပြီး အသင်းမှာပေါ့ဘာ ပျော်ရွှင် နေသလား ဆိုတဲ့ မေးခွန်း ကို တော့ ရှောင်လွှဲ သွားခဲ့ ပါတယ် ။

ပေါ့ဘာ ဟာ ပွဲပြီးခါနီးမှာ ဒဏ်ရာ ရရှိ သွားခဲ့ ပုံ ရပြီး စိန့်မေရီ ကွင်းထဲ ကနေ ထော့နင်းထော့နင်း နဲ့ ထွက်ခွာ သွားတာ ကို တွေ့ခဲ့ရ ပါတယ် ။ ဆိုးရှား ကတော့ ပေါ့ဘာ ဟာ ခြေကျင်းဝတ် လည်သွား ခဲ့တာ ဖြစ်ပြီး ကြီးမား တဲ့ ဒဏ်ရာ မဟုတ် ပါဘူး လို့ ဆိုသွားခဲ့ ပါတယ် ။

“ခြေကျင်းဝတ် လည်သွားတာပါ ။ အရမ်း မပြင်းလောက်ဘူး လို့ မျှော်လင့် ပါတယ် ။ ပြင်သစ် အတွက် တောင် ကစားချင် ကစားနိုင် မှာပါ ။ ဘာလို့လည်း ဆိုတော့ ပေါလ် ဟာ သူ့နိုင်ငံ ကို အရမ်းချစ်ပြီး အရမ်းလည်း ကစား ပေးချင်စိတ် ရှိတယ် ဆိုတာ သိနေ လို့ပါပဲ” လို့ ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ပွဲစဉ် ( ၅ ) မှာတော့ လက်စတာ စီးတီး နဲ့ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR