Mancity

စနေ နေ့မှာ ကစားသွားခဲ့တဲ့ ပရီးမီးယား လိဂ်ပွဲစဉ် မှာ လီဗာပူး အသင်းက ဘန်လေ အသင်းကို အဝေးကွင်းမှာ လာကစားပြီး ၀-၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒါကြောင့် လည်း ရာသီသစ် မှာ၎ ပွဲကစား ၄ ပွဲ ရမှတ် ၁၂ နဲ့ အတူ အမှတ်ပေးဇယားဟထိပ်ဆုံးက ဆက်ပြီးဦးဆောင် သွားနိုင်ခဲ့ပါတယ်။

လီဗာပူး အသင်းဟာအင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းတွေထဲကတသင်းဖြစ်ပေမယ့် ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲခဲ့အပြီး ဆုဖလားရယူဖူးခြင်းမရှိသေးတာဖြစ်ပါတယ်။နောက်ပိုင်းနှစ်တွေ အတွင်း ဆုဖလားနဲ့နီးနီးစပ်စပ်အနေအထားမျိုးတွေ ကြုံခဲ့ရပေမယ့် ကပ်လွဲနေခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ရာသီ မှာ ပုံစံကောင်းနဲ့ နိုင်ပွဲတွေဆက်ခဲ့ပေမယ့် ချန်ပီယံ မန်စီးတီး အသင်းရဲ့ နောက်တမှတ်အကွာနဲ့ ဒုတိယနေရာသာရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ ထိုစဉ်က ကြိုးစားအားထုတ်မှုတွေကြောင့် လည်းဒီရာသီ လေးပွဲ အပါအဝင် နောက်ဆုံး လိဂ်ပွဲ ၁၃ ပွဲဆက် အနိုင်ရတဲ့ စံချိန်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

လီဗာပူး အသင်းဟာ နည်းပြဟောင်းဒဲဂလစ်ခ်ျ လက်ထက် ၁၉၉၀ ပြည့်နှစ်မှာ စုစုပေါင်း လိဂ်ပွဲ ၁၂ ပွဲဆက်တိုက် အနိုင်ကစားထားခဲ့တာဖြစ်ပြီး ထိုစဉ်က စံချိန် ကို အခုချိန်မှာတော့ နည်းပြကြီးကလော့ပ်ရဲ့ အကောင်းဆုံးဦးဆောင်မှုနဲ့ အတူ ကျော်လွန်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူး လိုပဲ အခြား Top 6 စာရင်းဝင် အသင်းတွေက အင်္ဂလန် ရဲ့ အမြင့်ဆုံးလိဂ်မှာ နိုင်ပွဲတွေ ဘယ်လောက်အထိဆက်တိုက်ရရှိထားခဲ့ဖူးလဲဆိုတာကို ပြန်ပြီး လေ့လာကြည့်ရာမှာတော့ –

မန်စီးတီး ( ၁၈ ပွဲဆက် )

လီဗာပူး တို့ အနေနဲ့ လိဂ်နိုင်ပွဲ ဆက် အများဆုံး စံချိန်ရှင် ဖြစ်တဲ့ မန်စီးတီးအသင်းကို လိုက်မီနိုင်ဖို့ နယူးကာဆယ်၊ ချဲဆီးလ်၊ ရှက်ဖီးလ်ယူနိုက်တက်၊လက်စတာ၊ယူနိုက်တက် တို့နဲ့ ကစားရမယ့် ရှေ့လာမယ့် ၅ပွဲလုံးကို အနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ အဆိုပါစံချိန်ကိုရရှိဖို့ ဘုန်းမောက်ကို စတာလင်ရဲ့တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲကနေစတင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂နှစ်လောက် ရရှိထားခဲ့တဲ့ အဆိုပါမှတ်တမ်းအတွင်း နိုင်ပွဲတွေမှာ လီဗာပူးနဲ့ ပဲလေ့စ်ကို ၅ဂိုးပြတ်၊ ဝက်ဖို့ဒ်ကို ၆ဂိုးပြတ်၊ စတုတ်ကို ၇-၂ ဂိုးအစရှိတဲ့ နိုင်ပွဲတွေပါဝင်နေတာဖြစ်ပါတယ်။

မန်စီးတီး အသင်းရဲ့စံချိန်ကို ရပ်တန့်ပစ်ခဲ့တာကလည်းပဲလေ့စ် အသင်းဖြစ်ပြီး ဂိုးမရှိသရေကျခဲ့ရတာဖြစ်ပါတယ်။ဒါတောာင် နာကျင်အချိန်ပိုမှာရခဲ့တဲ့ ပင်နယ်တီကို မီလီဗိုဂျီဗစ် ကန်သွင်းရာမှာ အီဒါဆန် ကာကွယ်နိုင်ခဲ့လို့သာမရှုံးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် ( ၁၄ ပွဲဆက် )

၂၀၀၃-၀၄ ရာသီမှာ ချန်ပီယံဆုကြီးကို ရှုံးပွဲမရှိရယူနိုင်ခဲ့တဲ့ အာဆင်နယ်တို့ နိုင်ပွဲဆက် မှတ်တမ်းကိုတော့ အဲ့ဒီရာသီမှာ ရရှိထားခဲ့တာတော့ မဟုတ်ပါဘူး။စူပါစတားအွန်နရီရဲ့ တောက်ပမှုနဲ့ အတူ လိဂ်ချန်ပီယံဆု နဲ့ FA ဖလားတွေရရှိခဲ့ တဲ့ ၂၀၀၂ ခုနှစ်မှာ ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

သြဂုတ် လအတွင်း ကစားခဲ့တဲ့ ဘာမင်ဂမ်း နဲ့ ပွဲမှာ ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး ဒီစံချိန်ကို စတင်နိုင်ခဲ့တဲ့ အာဆင်နယ် အသင်းရဲ့ မှတ်တမ်း ကောင်းတခုဟာ နည်းပြ ဂွာဒီယိုလာနဲ့ မန်စီးတီး တို့ ပရီးမီးယားလိဂ်ကို မလွှမ်းမိုးမီ အထိ အကောင်းဆုံး အဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။

ချဲဆီးလ် နဲ့ စပါး ( ၁၃ ပွဲဆက် )

ချဲဆီးလ် အသင်းရဲ့ လိဂ်ပွဲ ၁၃ ပွဲဆက် နိုင်ပွဲ စံချိန်ဟာ ၂၀၁၆ အောက်တိုဘာ လနဲ့ ဒီဇင်ဘာလအတွင်း ကစားခဲ့တဲ့ ပွဲတွေကနေ ရရှိခဲ့တာဖြစ်ပါတယ်။သူတို့ဟာ နောက်နှစ်ရဲ့ မေလ မှာတော့ ချန်ပီယံ ဆုကြီးကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။

စပါး အသင်းရဲ့ လိဂ်နိုင်ပွဲဆက်မှုအကြောင်းကို ပြန်ပြောနိုင်ဖို့၁၉၆၀ ပြည့်နှစ်အထိပြန်သွားရမှာဖြစ်ပါတယ်။ နီခိုးလ်ဆန် ရဲ့ လက်အောက်မှာ စပါးတို့ ဒီလိုစံချိန်ကောင်းတခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ရာသီကုန် မှာ လိဂ်ချန်ပီယံဆုကြီးကို ကိုင်မြောကိနိုင်ခဲ့ပါတယ်။

ယူနိုက်တက် ( ၁၂ ပွဲဆက် )

ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ်ရဲ့ လက်ထက် မှာ ယူနိုက်တက် တို့ ဒီစံချိန်ကို ရရှိထားခဲ့တာ ဖြစ်ပါတယ်။၂၀၀၀ပြည့်နှစ် သြဂုတ်လမှာ ဒီမှတ်တမ်းကို ရရှိခဲ့တာဖြစ်ပြီး အဆိုပါရာသီကုန်မှာတော့ချန်ပီယံဆုကြီးကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။

ဒါကြောင့် လည်း ယေဘုယျအားဖြင့်ယူနိုက်တက် ၊ မန်စီးတီး ၊ စပါး ၊ အာဆင်နယ်နဲ့ ချဲဆီးလ်တို့ဟာ နိုင်ပွဲဆက် စံချိန်တင်နိုင်တဲ့ နှစ်တွေမှာ လိဂ်ချန်ပီယံဆုကို ရယူထားနိုင်ခဲ့ကြတာဖြစ်ပါတယ်။လီဗာပူး ကော အခုနှစ်မှာ စံချိန်သစ်နဲ့ အတူ ပထမဆုံး ပရီးမီးယားလိဂ်ဆုဖလားကြီးကို ရယူသွားနိုင်မှာလားဆိုတာကတော့ – – –

SPORTS MYANMAR