* အာဆင်နယ် အသင်း နောက်ခံလူ ဘယ်လာရင်ဟာ ဆိုစီဒက်အသင်းကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ မွန်ရီရဲလ်ကို နှုက်ဆက် စကားဆိုသွားခဲ့ပါတယ်။” မနက်ဖြန် ကစားရမယ့်ပွဲက လန်ဒန်ဒါဘီဆိုတာ ကျနော် သိပါတယ်။ဒါပေမယ့် အသင်းမှာ သူမရှိတော့ဘူးဆိုတာ ကျနော့်အတွက် လက်ခံဖို့ အရမ်း ခက်ခဲပါတယ်။”

” ကျနော် အသင်းကို စရောက်တဲ့ အချိန်ကတည်းက ခုချိန်ထိ နာချို မွန်ရီရဲလ် လောက် ကျနော့်အပေါ် အမြဲတမ်း သင်ကြားပြသပေးပြီး စိတ်ပျက်အားငယ်နေတဲ့ အချိန်မှာ အားပေးကူညီခဲ့တဲ့ အသင်းဖော်မျိုး နှစ်ယောက် မရှိပါဘူး။အဝတ်လဲခန်းထဲမှာ ခင်ဗျားကို လွှမ်းနေရတော့မှာပါပဲဗျာ၊အသင်းသစ်မှာ အောင်မြင်မှုတွေ ရယူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။” လို့ ရေးသား သွားခဲ့ပါတယ်။

* ဂန်းနားတို့ရဲ့ ဂန္တဝင် ကစားသမားဟောင်း ပီတစ်က ဒီရာသီမှာ အာဆင်နယ် အသင်း နဲ့ နည်းပြ အူနိုင်း အမ်မရီ ကြုံတွေ့နေရတဲ့ ပြဿနာလေးရပ်ကို ဝေဖန် ထောက်ပြ သွားခဲ့ပါတယ်။ ပီတစ် ဝေဖန်ထောက်ပြသွားတဲ့ ပြဿနာလေးရပ်ကတော့ ခံစစ်ပိုင်း အမှားများနေခြင်း၊အခု အချိန်ထိ ကစားကွက်အတည်တကျ မရှိသေးခြင်း၊အကောင်းဆုံး ပွဲထွက် ၁၁ ယောက်ကို တိတိကျကျ မရွေးချယ် ရသေးခြင်း၊ကစားကွက်မျိုးစုံနဲ့ အံဝင်အောင် ကစားနိုင်တဲ့သူ မရှိခြင်း တို့ ဖြစ်ပါတယ်။

* အာဆင်နယ် အသင်း နည်းပြ အမ်မရီ ဟာ လန်ဒန်ဒါဘီပွဲအတွက် လေ့ကျင့်ခန်း အစီအစဉ်မှာ ဆာကာ ကို အသင်းကြီးနဲ့ အတူ လေ့ကျင့်ခန်း ဆင်းခိုင်း ခဲ့ပါတယ်။အမ်မရီဟာ တီယာနေး မကစားနိုင်သေးတဲ့ အချိန် ဆာကာ ကို အရန် ဘယ်နောက်ခံလူ အဖြစ် ထားကစားဖို့ ရည်ရွယ်ထားဟန် ရှိပါတယ်။

* တူရကီကလပ် ဘီဆစ်တပ် အသင်းကို အငှား ပြောင်း​ရွှေ့သွားခဲ့ပြီ ဖြစ်တဲ့ အယ်နီနီက ဒီရာသီမှာ အာဆင်နယ် အသင်း အောင်မြင်မှု​တွေ ရယူနိုင်ပါစေလို့ ဆုတောင်း ပေးသွားခဲ့ပြီး အစ္စတန်ဘူလ်ကနေ အာဆင်နယ် အသင်းရဲ့ တိုးတက်မှုကို ​စောင့်ကြည့် အားပေးသွားမယ်လို့ ဆိုပါတယ်။

* မန်ယူနိုက်တက်၊ချဲလ်ဆီး တို့ ရလဒ်ပိုင်း ယိမ်းယိုင်နေတဲ့ အချိန်မှာ နည်းပြ အမ်မရီ အနေနဲ့ အာဆင်နယ် အသင်းကို ထိပ်ဆုံးလေးသင်းထဲ မဖြစ်မနေ ဝင်အောင် စွမ်းဆောင် ပေးရမှာဖြစ်ကြောင်း ဂန်းနား ပရိသတ်တွေက တွစ်တာမှာ ရေးသား တိုက်တွန်း နေကြပါတယ်။

* အာဆင်နယ် အသင်းဟာ တော့တင်ဟမ် အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲမှာ ၂ ပွဲသာ အနိုင် ရထားပြီး ၅ ပွဲသရေ၊၃ပွဲ ရှုံးနိမ့် ထားပါတယ်။တော့တင်ဟမ် အသင်းဟာ အာဆင်နယ် အသင်း အိမ်ကွင်းကို လာရောက် ယှဉ်ပြိုင် ကစားခဲ့တဲ့ နောက်ဆုံး ၂၆ပွဲမှာ ၁ ပွဲသာ အနိုင် ရထားပြီး ၁၀ပွဲသရေ၊၁၅ပွဲ ရှုံးနိမ့် ထားပါတယ်။

* အာဆင်နယ် အသင်း နည်းပြ အူနိင်း အမ်မရီဟာ တော့တင်ဟမ် နည်းပြ ပိုချက်တီနို ကို လိဂ်ပြိုင်ပွဲတွေမှာ အိမ်ကွင်း လေးကြိမ် လက်ခံ ယှဉ်ပြိုင် ကစားခဲ့ရာမှာ လေးကြိမ်စလုံး အနိုင် ရထားပါတယ်။ အမ်မရီဟာ ပိုချက်တီနို ကို ဗလန်စီယာအသင်းနဲ့ သုံးကြိမ်၊မနှစ်က အာဆင်နယ် အသင်းနဲ့ တစ်ကြိမ် အနိုင်ရထားတာပါ။

* အာဆင်နယ် အသင်းဟာ စက်တင်ဘာလအတွင်း ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲတွေမှာ အနိုင်ရရှိမှု ရာခိုင်နှုန်း ၆၁% အထိ ရှိနေပြီး တခြား အသင်းတွေအားလုံးထက် သာလွန်နေပါတယ်။အာဆင်နယ် အသင်းဟာ ၁၉၆၃ ခုနှစ် နောက်ပိုင်းကတည်းက စက်တင်ဘာလအတွင်း ယှဉ်ပြိုင် ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲတွေမှာ ရှုံးပွဲလုံးဝ မရှိဘဲ ၆ပွဲနိုင်၊၄ပွဲ သရေကျထားပါတယ်။

*ယနေ့ညမှာ ကစားမယ့် အာဆင်နယ် နဲ့ တော့တင်ဟမ် တို့ရဲ့ မြောက်လန်ဒန် ဒါဘီ ပွဲကို အင်္ဂလန် ဒိုင်လူကြီး မာတင် အက်ကင်ဆန် က တာဝန်ယူ ကိုင်တွယ် သွားမှာပါ ။ အက်ကင်ဆန် ကိုင်တွယ်တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲ ၂၀ မှာ အာဆင်နယ် အသင်းဟာ ၁၃ ပွဲ အနိုင်ရထားပြီး ၄ ပွဲသရေ ၊ ၃ ပွဲ ရှုံးနိမ့် ထားပါတယ် ။

* တော့တင်ဟမ် အသင်း နဲ့ ပွဲအတွက် အာဆင်နယ် အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
——————————————
ဂိုး – လီနို ။
နောက်တန်း – မိတ်လန်နိုင်းလ်စ် ၊ လူးဝဇ် ၊ ဆိုကရက်တစ် ၊ ကိုလာစီနက် ။
အလယ်တန်း – တော်ရီးယား ၊ ရှာကာ ၊ စီဘယ်လော့
ရှေ့တန်း – လာကာဇက် ၊ အူဘာမီယန်း ၊ နီကိုလပ်စ် ပီ ။

* အာဆင်နယ် နဲ့ တော့တင်ဟမ် ပွဲအပေါ် ဘောလုံးကျွမ်းကျင်သူများရဲ့ ခန်းမှန်းချက်များ
——————————————

နီကိုလပ်စ် (အာဆင်နယ် ၄ – ၂ တော့တင်ဟမ် )
ရော်ဘီဆားဗေ့ဂ်ျ (အာဆင်နယ်၂ -၂တော့တင်ဟမ် )
လော်ရိုး ( အာဆင်နယ် ၁ – ၁ တော့တင်ဟမ် )
မိုက်ကယ်အိုဝင် (အာဆင်နယ် နှင့် တော့တင်ဟမ် သရေကျ )
ပေါလ်မာဆင် (အာဆင်နယ် ၄ – ၁ တော့တင်ဟမ် )

SPORTS MYANMAR