ယမန်နေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီး အသင်းက ဘရိုက်တန် အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဘရိုက်တန်နဲ့ တွေ့တိုင်းခြေစွမ်းပြလေ့ရှိတဲ့ မန်စီးတီး တိုက်စစ်မှူး အဂွေရို ဟာ အခုပွဲမှာ လည်း ကိုယ်တိုင် သွင်းဂိုး၂ ဂိုးသွင်းယူနိုင်ခဲ့သလိုဘာနာဒိုဆေးဗားလ် ရဲ့ ပွဲသိမ်းဂိုးကိုလည်းသွင်းယူပေးနိုင် ခဲ့ပါတယ်။

ဒါကြောင့် လည်း နည်းပြကြီး ဂွာဒီယိုလာက ဒီ အာဂျင်တီးနား တိုက်စစ် ကစားသမား ဟာ သေတဲ့ အထိ ဂိုးတွေ သွင်းယူမယ့် လူစားမျိုး ဖြစ်တယ် လို့ ချီးကျူးသွားခဲ့ပါတယ်။အဂွေရိုဟာ ပြီးခဲ့တဲ့ ပွဲတွေမှာလည်း ဂိုးတွေ သွင်းယူထားနိုင်ခဲ့တာ ဖြစ်လို့ ရာသီသစ်ရဲ့ ဂိုးအများဆုံးကစားသမားစာရင်းမှာ ၄ပွဲကစား ၆ဂိုးနဲ့ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

အီတီဟတ် မှာ ဂိုးပြတ်နိုင်ပွဲရခဲ့ လို့ မန်စီးတီး အသင်းနဲ့ ပရိသတ်တွေ အတွက် ကျေနပ် စရာဖြစ်ပေမယ့် အားထားရတဲ့ နောက်ခံလူ လာပေါ်တေး ဒဏ်ရာရသွားခဲ့ လို့ နစ်နာခဲ့ရပါတယ်။သူ့ရဲ့ နေရာမှာတော့ ကွင်းလယ်အဖျက် ကစားကစားသမား ဖာနန်ဒင်ဟိုကို ဂွာဒီယိုလာက လူစားဝင်ကစားစေခဲ့ပါတယ်။

ပွဲအပြီး မီဒီယာတွေ့ဆုံပွဲမှာတော့ ဂွာဒီယိုလာက – ” အဂွေရို ဟာ သူ့ရဲ့ အသက် ၁၆ နှစ် သားအရွယ် အာဂျင်တီးနားမြေမှာ ရှိနေစဉ်ကတည်းက ဂိုးတွေ သွင်းယူနေခဲ့တာ ဖြစ်ပါတယ်။သူဟာ သေတဲ့အထိ လည်း ဂိုးတွေ ဆက်ပြီးသွင်းနေဦးမှာဖြစ်ပါတယ်။

Aguero

သူဟာ ပါရမီထူးကို ပိုင်ဆိုင်ထားသူဖြစ်ပြီးသူဂိုးဖို့ ကြိုးစားပုံတိုင်းကို ကျွန်တော်ကြိုက်ပါတယ်။ သူရောက်လာတဲ့ ပထမဆုံးနေ့ကနေ စတင်ပြီး အသင်းဟာ အများကြီး အပြောင်းအလဲဖြစ်ခဲ့တာဖြစ်ပါတယ်။သူရဲ့ အသင်းအပေါ်တာဝန်ကျေအောင် ကြိုးစားမှုကို လည်း ကျွန်တော်ကျေနပ်ဝမ်းသာမိပါတယ်။

သူ့ရဲ့ ဂိုးတွေကို ကျွန်တော်တို့ အသင်းလိုအပ်နေတယ်ဆိုတာ လူတိုင်း အသိပဲဖြစ်ပါတယ်။သူဟာ ကျွန်တော်တို့ကိုဂိုးတွေနဲ့ ကူညီပေးလေ့ရှိပြီး ဂိုးမသွင်းနိုင်ရင်တောင် အထောက်အကူပေးပါတယ်။သူဟာ ဒီကိုစရောက်ကတည်းက ဒီလိုပုံစံနဲ့ ပေးဆပ်ကြိုးစားနေခဲ့တာဖြစ်လို့လည်း ကျွန်တော်ပျော်ရွှင်မိပါတယ်။

ရလဒ်ကို ကြည့်လိုက်ရင်တော့ ၄-၀ ဂိုးဖြစ်ပေမယ့် ဘရိုက်တန် ရဲ့ခြေစွမ်းကြောင့် ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ကွင်းကို လာကစားတဲ့ အသင်းအနည်း အကျဉ်းလောက်မှာပဲ သူတို့ လို ရဲစွမ်းသတ္တိမျိုး ရှိတာဖြစ်ပါတယ်။

ကျွန်တော့် အသင်းရဲ့ ရှေ့တန်း ကစားသမားတွေက သောက်ရမ်းကောင်း ခဲ့တာကြောင့် လည်း ပွဲကို ခြားနားမှုတွေ ဖြစ်သွားစေခဲ့တာဖြစ်ပါတယ်။ဂရေဟမ် ပေါ့တာ လို နည်းပြတွေဟာဘောလုံးလောကအတွက် ကောင်းတဲ့ သူတွေ ဖြစ်ကြပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

လာပေါ်တေးလို ဗဟိုခံစစ်ကစားသမား တဦးရဲ့ နေရာအတွက် ဖာနန်ဒင်ဟိုလို ကွင်းလယ်လူတဦးကို လူစားဝင်ရောက်စေခဲ့တာ နဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက –
” သူဟာ ကွင်းလယ် အထိုင်ကစားသမား တဦးဖြစ်တယ်ဆိုတာကို ကျွန်တော် အပါအဝင် လူတိုင်းကသိကြပါတယ်။ဒါပေမယ့် အဲ့ဒီ အချိန်မှာ လတ်တလော အခြေအနေအရ သူ့အနေနဲ့ ဗဟိုခံစစ် နေရာမှာ ကစားရဖို့ ဖြစ်လာခဲ့ တာဖြစ်ပါတယ်။

သူအဲ့ ဒီနေရာမှာ အံဝင်နိုင်ပါ့မလားဆိုတဲ့ြုပသနာ ရှိခဲ့ပေမယ့်သူကပါးနပ်ပြီး လျင်မြန်တဲ့ ကစားသမားတဦးဖြစ်ပါတယ်။အမြင့်ဘောတွေ ရှင်းထုတ်ရာမှာလည်း ထူးချွန်ပါတယ်။ ကစားကွက် အတွင်းရှေ့တန်း ကစားသမား တွေ ဘယ်လို တွေ ဖြစ်ပျက်နေတယ်ဆိုတာကိုလည်းသူက မြင်နိုင်စွမ်းရှိပါတယ်။

သူဟာ သူ့ရဲ့ မူလနေရာ နဲ့ အခု ဗဟိုခံစစ် ၂နေရာလုံး မှာကစားနိုင်သူတဦးဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ နောက်ထပ် အနာဂတ် မှာ ဘယ်နေရာမှာ ကစားသွားမလဲ ဆိုတာကတော့ ကျွန်တော်လည်း မသိပါဘူး ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR