Man u

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက ပရီးမီးယား လိဂ် ပွဲစဉ် 4 အဖြစ် ဆောက်သမ်တန် အသင်း ရဲ့ ကွင်းမှာ သွားရောက် ကစား ခဲ့ပြီး တစ်ဖက် တစ်ဂိုး စီ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ အတွက် ကြောင့် အမှတ်တွေ လျော့ခဲ့ ရ ပါတယ် ။

အဆိုပါ ပွဲစဉ် ရဲ့ ပထမပိုင်း မှာတော့ ယူနိုက်တက် ဟာ တိုက်စစ် ကစားသမား သစ် ဒန်နီယယ် ဂျိမ်းစ် ရဲ့ သွင်းဂိုး နဲ့ ပွဲစဉ် ကို ဦးဆောင် နိုင်ခဲ့ ပေမယ့် ဒုတိယ ပိုင်းမှာ ဆောက်သမ်တန် အသင်း မှ ဗတ်စတာဂတ် က ခေါင်းတိုက် ဂိုးက ယူနိုက်တက် တို့ကို နစ်နာ သွားစေ ခဲ့ ပါတယ် ။

David James

အခုတော့ Sky Sports ရဲ့ သတင်း သုံးသပ်သူ တစ်ဦး ဖြစ်ခဲ့ တဲ့ အန်ဒီ ဂရေး က အဆိုပါ ပေးဂိုး အတွက် ယူနိုက်တက် အနေနဲ့ ဂိုး သမား ဒေးဗစ် ဒီဂီယာ ကို အပြစ်တင် ရမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

စပိန် လက်ရွေးစင် ဂိုးသမား ဖြစ်တဲ့ ဒေးဗစ် ဒီဂီယာ ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ ကုန်ဆုံး ကာနီး ကတည်းက ယူနိုက်တက် အတွက် လက်စွမ်းကောင်း ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ရ သလို အမှား တွေလည်း ဆက်တိုက် ကျူးလွန် ခဲ့တဲ့ အတွက် ဝေဖန် မှုတွေ အောက် ကျရောက် နေသူ ပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ပြီးခဲ့တဲ့ တစ်ပါတ်က ယူနိုက်တက် တို့ ခရစ္စတယ် ပဲလေ့စ် အသင်း နဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် မှာလည်း ဒီဂီယာ ဟာ အမှား ကျူးလွန် ခဲ့သေး တဲ့ အတွက် ဝေဖန် မှုတွေ အောက် ကျရောက် နေဆဲ ပါပဲ ။

ဒီဂီယာ ဟာ ဆောက်သမ်တန် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် အတွင်း ကောင်းမွန် တဲ့ ဂိုးပေါက် ကာကွယ် မှု အချို့ ပြုလုပ် ခဲ့ပါ သေးတယ် ။ သူဟာ ဒန်နီ အင့်စ် ရဲ့ ခေါင်းတိုက် ချက်ကို ကောင်းမွန်စွာ ဟန့်တား နိုင်ခဲ့ ပေမယ့် ပုတ်ထုတ် လိုက်တဲ့ ဘောလုံး က ဒန်ဆို ဆီ ရောက်ရှိ ခဲ့ပြီး ၊ ဒန်ဆို ရဲ့ ပေးပို့ မှုမှ တစ်ဆင့် ဗတ်စတာဂတ် ခေါင်းတိုက် ခဲ့ရာ မှ ယူနိုက်တက် တို့ ခြေပဂိုး ပေးခဲ့ ရတာ ပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် အန်ဒီ ဂရေး က ဒီဂီယာ အနေ နဲ့ ဒန်နီ အင့်စ် ရဲ့ ဘောလုံး ကို ပြဇာတ် ဆန်ဆန် ပုတ်ထုတ် လိုက် ကတည်းက အကျိုး သက်ရောက် မှု ရှိအောင် ကာကွယ် မှု လုပ်ဆောင် နိုင်ခဲ့ ရမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဘောလုံး က သူ့ဆီ ဒဲ့ ပြေးသွား ခဲ့ ပါတယ် ။ အကယ်လို့ ဘောလုံး က သူ့ရဲ့ အခြား အခြမ်း ဖက်မှာ ရောက် နေလို့ ကာကွယ် လိုက်တာ ဆိုရင် OK ၊ ဘာမှ မဖြစ်ဘူး လို့ပဲ ကျွန်တော် ပြောလိုက် မှာပါ ။ အခုက ဘောလုံး ဟာ သူ့ဆီ ဒဲ့ ရောက်သွား တာလေ ”

” ဒါဟာ တစ်ကယ့် ကို အားပါ ကောင်းမွန် လှတဲ့ ကန်ချက် တစ်ခု လို မဖြစ် ခဲ့ရ ပါဘူး ။ ဒါဟာ ရှပ်ထိ သွားတဲ့ ခေါင်းတိုက် ဘောလေး တစ်ခု ပါပဲ ။ ဘောလုံး ဟာ အားနဲ့ ပြေးဝင် လာခဲ့ တာလည်း မဟုတ် ပါဘူး ။ သူ့ အနေ နဲ့ အဲ့တာ ကို ရည်ရွယ်ချက် ရှိစွာ အဝေးကို ပုတ်ထုတ် နိုင်ခဲ့ သင့် ပါတယ် ”

” ကျွန်တော့် အမြင် အရ ပြော ရမယ် ဆိုရင် ဒီဂီယာ ဟာ အဲ့တာ ကို အဲ့တာ ကို ကိုင်တွယ် ဖြေရှင်း နိုင်ဖို့ အလွယ်လေး တက်နိုင် တဲ့ ကစားသမား ကောင်းမျိုး ပါပဲ ” လို့ အန်ဒီ ဂရေး က ဒီဂီယာ မှ ဒန်နီ အင့်စ် ရဲ့ ခေါင်းတိုက်ချက် ကို ပုတ်ထုတ် လိုက်တဲ့ အပေါ် ဂရေး က အပြစ်တင် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar