Lampard

ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက် နဲ့ ပွဲစဉ် မှာ အနိုင် ၃မှတ် ရနေရဲ့သား နဲ့ ဆိုးရွားလွန်းလှတဲ့ ခံစစ် ကစားပုံ ကြောင့် ချေပဂိုး တွေ ခွင့်ပြု ခဲ့ရကာ သရေ ရလဒ် နဲ့သာ ကျေနပ် ခဲ့ရပါတယ် ။ ရာသီ စတင် ကတည်းက ဆိုးရွား နေခဲ့တဲ့ ချယ်လ်ဆီး အသင်း ရဲ့ ခံစစ်ကြောင်း အခု အချိန် မှာ ပိုပြီး အမှားအယွင်း များလာ ခဲ့တာ ကို မြင်တွေ့ ရပါတယ် ။

ထို့အပြင် ၄ ပွဲကစား ၊ ပေးဂိုး ၉ဂိုး အထိ ရှိနေတဲ့ ခံစစ် ဟာ ချယ်လ်ဆီး လို ယခင် ကာလ တွေက ခံစစ်ကြောင်း ကျစ်လျစ်မှု နဲ့ ပတ်သက်ပြီး နာမည်ကြီး ခဲ့တဲ့ အသင်း အတွက်တော့ အတော်လေး စိတ်ပျက်စရာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ မော်ရစ်ဇီယို ဆာရီ ချယ်လ်ဆီး အသင်း ကို တိုက်စစ် ဆန်တဲ့ ကစားဟန် ထဲမှာ သွတ်သွင်းဖို့ ကြိုးစား လာပြီး ကတည်းက ခံစစ်ကြောင်း ယိုယွင်းမှု က ပိုပြီး သိသာ လာခဲ့ပါတယ် ။

ရူဒီဂါ ပါဝင် နေခဲ့တုန်းက ချယ်လ်ဆီး ခံစစ် ဟာ အနည်းငယ် မာကျောမှု ရှိခဲ့ပေမယ့် ယခုနှစ် ဘောလုံး ရာသီ စကတည်းက ချယ်လ်ဆီး ခံစစ် ကို ဦးဆောင် နေတဲ့ ဇူးမား ရဲ့ စွမ်းဆောင်ရည် က မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ် ။ ဒေးဗစ် လူးဝဇ် ကို ရောင်းထုတ်ပြီး ဇူးမား ကို နေရာ ပေးလိုတဲ့ လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် ကရော မှန်ကန်မှု ရှိနိုင်ပါ့မလား ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လို့ နေပါတယ် ။

Zuma

တဖက် မှာလည်း ယခင် က ခံစစ် ကစားပုံ ကျစ်လျစ်မှု ၊ တည်ငြိမ်မှု တွေကြောင့် နာမည် ကျော်ခဲ့တဲ့ ညာနောက်ခံလူ အက်ဇ်ပီလီကွီတာ ဟာလည်း ပြီးခဲ့တဲ့ ရာသီ က စပြီး အခု အချိန် အထိ ယခင် ပုံစံကောင်း ကို ရရှိဖို့ ရုန်းကန် နေရဆဲ ဖြစ်ပါတယ် ။ ဒဏ်ရာ ရနေတဲ့ လူငယ် ခြေတက်လေး ရိစ်ဂျိမ်းစ် ကြောင့် အက်ဇ်ပီလီကွီတာ ကို မဖြစ်မနေ အသုံးပြု နေရပေမယ့် ယခု တပတ် နိုင်ငံ လက်ရွေးစင် ပွဲစဉ် တွေ အပြီးမှာတော့ ၄င်းလည်း နေရာ ပျောက်လာ နိုင်ခြေ ရှိနေပါတယ် ။

လက်ရှိ ခံစစ်ကြောင်း အမှား တွေကို လမ်းပတ် တယောက် မဖာထေး နိုင်သေးသလို ၊ ဒုတိယပိုင်း ကစားပုံ အတော်လေး ကျဆင်းလာမှု ကိုလည်း မပြင်ဆင် နိုင်သေးပါဘူး ။ မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ လမ်းပတ် က ၄င်းတို့ရဲ့ ခံစစ် ကစားပုံ ဆိုးရွားမှု ကို ဝေဖန်ဖို့ ငြင်းဆန်လိုက်ပြီး သရေ ရလဒ် ဟာ တသင်းလုံး ရဲ့ ကြိုးစား အားထုတ်မှု လျော့ကျ သွားခဲ့တာကြောင့် လို့ သုံးသပ်ချက် ပေးခဲ့ပါတယ် ။

လမ်းပတ် က ” ဒီနေ့ သရေ ရလဒ် ဟာ ခံစစ် အမှားကြောင့် ချည်းပဲ မဟုတ်ပါဘူး ။ တသင်းလုံး နဲ့ သက်ဆိုင်ပါတယ် ။ ပွဲအပေါ် အာရုံစိုက်မှု ပျောက်ဆုံး နေတာနဲ့ အမှားအယွင်း များခဲ့တာက ပြိုင်ဖက် အသင်း ရဲ့ ချေပဂိုး တွေကို ခွင့်ပြု ပေးလိုက်ရတဲ့ အချက် တွေပါပဲ ။ ခင်ဗျား တို့ အနေနဲ့ အသင်းလိုက် တိုက်စစ် ဆင်နိုင်မယ် ဆိုရင် အသင်းလိုက် ခံစစ် ကူကစား ပေးနိုင်ဖို့ လည်း လိုပါတယ် ။ ”

” ကျွန်တော် တို့ ဂိုးပေးလိုက် ရတယ် ဆိုတာ ပထမပိုင်း အတွင်း ၂ဂိုး ရထားပြီး သက်တောင့်သက်သာ နဲ့ နိုင်မယ် အထင် နဲ့ ကစားအား ချလိုက်တာကြောင့် ဖြစ်နိုင်မယ် လို့ ယူဆ မိပါတယ် ။ အခုလို ပြောနေတာ ပြိုင်ဖက် ရှက်ဖီးလ် ယူနိုက်တက် ကို မလေးစား လို့ မဟုတ်ပါဘူး ။ ၂ – ၀ ရလဒ် ဆိုတာ ပွဲပြီး ရလဒ် မဟုတ်ခဲ့ပါဘူး ။ ပထမပိုင်း အပြီးမှာ ကျွန်တော် ဟာ အသင်းသား တွေကို ၃ဂိုးပြတ် ရလဒ် ထွက်အောင် ကစားဖို့ ပြောခဲ့ပါသေးတယ် ။ ”

” အဲ့လိုမှ မဟုတ်ရင် ၂ – ၂ ဆိုတဲ့ သရေ ရလဒ် မျိုး ခွင့်ပြု ရနိုင်တယ် ဆိုပြီးတောင် သတိပေး ခဲ့ပါသေးတယ် ။ စိတ်ပျက်စရာ အချက် ကတော့ ဒုတိယပိုင်း ပွဲပြန်စစချင်း မှာပဲ ပြိုင်ဖက် အသင်း ကို ချေပဂိုး ခွင့်ပြု လိုက်ရတာပါ ။ ဒါပေမယ့် သရေ ရလဒ် အတွက်တော့ ခံစစ် ကစားသမား တွေကိုပဲ ရွေးပြီး အပြစ်မတင်သင့်ပါဘူး ။ တသင်းလုံး ဘယ်နေရာ တွေမှာ လိုအပ်ချက် ရှိနေလဲ ဆိုတာ သေချာ ပြန်ဆန်းစစ် ရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR