ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ဟာ မနေ့ည က ရှက်ဖီးလ် ယူနိုက်တက် အသင်း နဲ့ တဖက် ၂ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲစဉ် မှာ အသင်း ရဲ့ အကယ်ဒမီ ထွက် လူငယ် ခံစစ်မှူး ဖီကာယို တိုမိုရီ ကို ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး အန်ဒီရီယာစ် ခရစ်တန်ဆန် အစား ပွဲထုတ် အသုံးပြု ခဲ့ပါတယ် ။

တိုမိုရီ ကို ပွဲထုတ် လိုက်ခြင်းကြောင့် မနေ့ည က ချယ်လ်ဆီး အသင်း ရဲ့ ပွဲထွက် ကစားသမား စာရင်း ဟာ ပရီးမီးယားလိဂ် မှာ ချယ်လ်ဆီး အသင်း ရဲ့ ပျမ်းမျှ အသက်အငယ်ဆုံး ပွဲထွက် အသင်း ဖြစ်လာ ခဲ့ရပါတယ် ။ ထို့အပြင် လမ်းပတ် ဟာ ဒုတိယပိုင်း မှာလည်း အကယ်ဒမီ မှ စကော့တလန် လူငယ် ကွင်းလယ်လူ ဘီလီ ဂီလ်မာ ကိုပါ လူစား ထည့်သုံးပြီး ပထမဆုံး ပရီးမီးယားလိဂ် အတွေ့အကြုံ ကို ခံစား စေခဲ့ပါတယ် ။

သို့ပေမယ့် ရလဒ် နဲ့ ဒုတိယပိုင်း ကစားပုံ က လုံးဝ ကျေနပ် အားရစရာ မရှိခဲ့သလို ၊ ခံစစ် အမှားအယွင်း များစွာ ကို လာမယ့် ပွဲစဉ် တွေမှာ မပြုပြင် နိုင်သေးရင်တော့ ချယ်လ်ဆီး အသင်း အတွက် ပေးဆပ်မှု အရမ်း ကြီးမား သွားနိုင်ပါတယ် ။ မနေ့ည က ခရစ်တန်ဆန် နေရာ ကနေ ပွဲထွက်ခွင့် ရခဲ့တဲ့ တိုမိုရီ ကတော့ ကစားပုံ အရမ်း မဆိုးရွား ခဲ့ပေမယ့် လိုအပ်ချက် တွေ ရှိနေဆဲ ဖြစ်ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က ခရစ်တန်ဆန် အစား ဘာကြောင့် တိုမိုရီ ကို ပွဲထုတ် အသုံးပြု ခဲ့ရလဲ ဆိုတာနဲ့ ပတ်သက်ပြီး ” တိုမိုရီ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ကျွန်တော် နဲ့ အတူ ဒါဘီ အသင်း မှာ အလုပ် အတူတူ လုပ်ခဲ့ပါတယ် ။ ဒါ့အပြင် သူ့ရဲ့ လေ့ကျင့်မှု ပုံစံ တွေက မြင့်မား လွန်းပါတယ် ။ လက်ရှိ ခံစစ်မှူး နေရာ အတွက် ပြိုင်ဆိုင်မှု တွေက အရမ်း ပြင်းထန် နေပါတယ် ။ ”

” ဒီနေ့ ပွဲမှာလည်း သူ ကစားတာ ကောင်းခဲ့သလို ၊ ပွဲထွက်ခွင့် ရဖို့လည်း ထိုက်တန် ခဲ့ပါတယ် ။ ဒါဟာ ကျွန်တော့ ရဲ့ ရွေးချယ်မှုပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ လက်ရှိ မှာ ချယ်လ်ဆီး အသင်း ရဲ့ ခံစစ်မှူး နေရာ အတွက် ဒဏ်ရာ ကင်းရှင်း နေတဲ့ ခံစစ်မှူး ၃ဦးလုံး တည်ငြိမ်တဲ့ ခြေစွမ်း ရဖို့ ရုန်းကန် နေရဆဲဖြစ်ပြီး ရူဒီဂါ ပြန်ကစား ပေးနိုင်ဖို့ လိုနေတဲ့ အနေအထား ကို ရောက်နေပါတယ် ။

ရူဒီဂါ ချယ်လ်ဆီး အတွက် ပြန်ကစား ပေးနိုင်မယ် ဆိုရင်တောင် လမ်းပတ် အနေနဲ့ သူနဲ့ အတွဲ ညီမယ့် ခံစစ်မှူး တယောက် နဲ့ ချိတ်ပေးဖို့ လိုမှာ ဖြစ်ပါတယ် ။ ယင်းနှင့် ပတ်သက်ပြီး ဖရန့် လမ်းပတ် ကတော့ လုံးဝ စိုးရိမ် နေတာမျိုး မရှိဘူး လို့ ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော့ ဖက်ကတော့ ခံစစ် အတွဲအဖက် တွေ အတွက် စိုးရမ် ပူပန်နေတာမျိုး ရှိနေတယ် လို့ မပြောချင်ပါဘူး ။ နေရာတိုင်း အတွက် ကျွန်တော် ဟာ လိုက်ဖက်တဲ့ ၊ အတွဲညီညီ ခြေစွမ်း ပြနိုင်မယ့် ကစားသမား တွဲလုံး တွေကို ဖန်တီး နိုင်ဖို့ ကြိုးစား နေပါတယ် ။ ရူဒီဂါ ဟာ နိုင်ငံတ လက်ရွေးစင် အသင်း ပွဲစဉ် တွေ ပြီးရင် ကြံ့ခိုင်မှု ပြည့်လာတော့မှာ ဖြစ်ပါတယ် ။ ဒါဟာ ကျွန်တော့ အတွက် နောက်ထပ် ရွေးချယ် စရာ တခု ဖြစ်လာမှာပါ ။ ”

” ကျွန်တော် တို့ဟာ သွင်းဂိုး တွေ အကြောင်းပဲ ပြောရမလား ၊ ခံစစ် အတွဲအဖက် တွေ အကြောင်းပဲ ပြောရမလား ။ ဒါတွေ ခဏ ထားပါဦး ။ ဟုတ်သည် ဖြစ်စေ ၊ မဟုတ်သည် ဖြစ်စေ ၊ ကျွန်တော် တို့ဟာ ရရှိ လာတဲ့ အကျိုးဆက် ကို တသင်းလုံး ညီတူမျှတူ ခံစား ရမှာပါ ။ ဥပမာ ကျွန်တော် တို့ သွင်းဂိုး တွေ ရရှိ နေတယ် ဆိုတာ ခံစစ်ပိုင်း ကနေ ဘောလုံး ပေးပို့မှု စတင်ပုံ မြန်ဆန် တာကနေ တဆင့် တခါတလေ မှာ ရတတ်ပါတယ် ။ ”

” ကျွန်တော် ဟာ ခံစစ် အမှားအယွင်း အကြောင်း နဲ့ ဆက်စပ်ပြီး ပြောနေတာ မဟုတ်ပါဘူး ။ ကျွန်တော် ဟာ ခံစစ်မှူး နေရာ ကစား နေတဲ့ အသင်းသား ၄ယောက်လုံး အပေါ် မှာ ယုံကြည်မှု အပြည့် ရှိပါတယ် ။ အခု လက်ရှိ မှာတော့ ခံစစ်ပိုင်း ကနေ သွင်းဂိုး တွေ အများကြီး ခွင့်မပြု ရဖို့ မဖြစ်မနေ ကို ဆောင်ရွက်ဖို့ လိုနေတာ အမှန်ပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR