စိန့်မေရီမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆောက်သမ်တန် အသင်းနဲ့ ယူနိုက်တက် အသင်းတို့ ၁ဂိုးစီ သရေကျခဲ့ပါတယ်။ဒီပွဲ မှာ ယူနိုက်တက် အသင်းက တောင်ပံကစားသမားလေး ဒန်နီရယ်ဂျိန်းစ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ ပေမယ့် ဗက်စ်တာဂတ်ဒ် ရဲ့ ဒုတိယပိုင်း ချေပဂိုးကြောင့် အမှတ်ခွဲပေး လိုက်ရတာဖြစ်ပါတယ်။

ဒါကြောင့် လည်း ယူနိုက်တို့ နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲပျော်သွား ခဲ့ပြီး သမိုင်းတလျှောက် အဆိုးရွားဆုံး ရာသီ အစတွေ ထဲ ကတခုဖြစ်သွားခဲ့ပါတယ်။ယူနိုက်တက် အသင်းဟာ အဖွင့်ပွဲမှာ ချဲဆီးလ်ကို လေးဂိုးပြတ်အနိုင်ရခဲ့ပေမယ့် အဲ့ဒီနောက်ကစားခဲ့တဲ့ ပွဲတွေမှာ ဝုဗ်လ်နဲ့သရေ ၊ ပဲလေ့စ်အသင်းကို အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်တို့ ရလဒ်တွေဆိုးရွားနေပေမယ့်ကျေနပ်စရာကောင်းတာကတော့ ကယ်ပွင့် ကစားသမားလေး ဒန်နီရယ်ဂျိန်းစ်ရဲ့ ခြေစွမ်းပဲ ဖြစ်ပါတယ်။အသက် ၂၁ အရွယ် ဒီဝေးလ်စ်သားလေးဟာ နွေရာသီ အတွင်းမှာ ဆွမ်းဆီးလ်ကနေပြောင်းလာခဲ့တာ ဖြစ်ပြီး ခြေစွမ်းပြသထားနိုင်ခဲ့သလို လိဂ်ဂိုး၃ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက် နည်းပြကြီးဆိုးလ်ရှားက ဒန်နီရယ်ဂျိန်းစ်ဟာ အသင်းမှာရှိတဲ့ လူတိုင်းအတွက် နမူနာယူစရာ
ကစားသမားကောင်းတဦးဖြစ်ပြီး သူအခုထက်ပိုပြီး တိုးတက်ကြီးပြင်းလာဖို့
အသင်းဘက်က ကူညီပေးသွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဆောက်သမ်တန် နဲ့ ပွဲအပြီး မီဒီယာတွေ့ဆုံ ပွဲမှာ ဆိုးလ်ရှားက – ” အသင်းကို သူစတင်ရောက်လာတဲ့ ပထမဆုံးနေ့ကနေစတင်ပြီး သူဟာလေ့ကျင့်ရေး အစီအစဉ် မှာ ပါဝင်လိုက်တာနဲ့ သက်ရောက်မှု တခုကို အမြဲ လုပ်ပြထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ ပွဲမှာလည်း ဘောလုံးလိုက်လံဆယ်ယူနိုင်ဖို့ ပြေးလွှားခဲ့ပြီး ဘောလုံးပြန်အရယူနိုင်ခဲ့ပါတယ်၊ အဲ့ဒီနောက်မှာတော့ ဘောလုံးကိုရှေ့ကို ဆွဲယူသွားခဲ့ပါတယ်။

သူဟာ အသင်းမှာရှိတဲ့လူတိုင်း အတွက် နမူနာ ကစားသမားတယောက်လည်းဖြစ်ပါတယ်။ကျွန်တော်တို့ အသင်းရဲ့ ဂိုးအများဆုံး ကစားသမား လည်းဖြစ်ပြီး သူ့ရဲ့ခြေစွမ်းကောင်းတွေဟာကိုယ်ရည်ကိုယ်သွေးကောင်းနဲ့ အကျင့်စရိုက်ကောင်းတွေက နေထွက်လာတာဖြစ်ပါတယ်။

သူဟာ ပြောဆို ဆုံးမတာတွေကို နာခံတတ်သူဖြစ်ပြီး အလုပ်ကြိုးစားသလို သူတိုးတက်လာနိုင်သေးတယ်ဆိုတာကို လည်း
ကိုယ်တိုင်နားလည်ပါတယ်။ဆောက်သမ်တန် နဲ့ ပွဲမှာဆိုရင်လည်း သူတဂိုးထက် ပိုပြီး သွင်းယူနိုင်ခဲ့သင့်တယ်ဆိုတာကိုလည်း သူသိပါတယ်။

သူ့ရဲ့ အရည်အသွေးအခုထက် ပိုပြီးတောင်တိုးတက်လာနိုင်ဖို့ ကျွန်တော်တို့ အတူ လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်
။အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ဟာ
ထိပ်တန်း အဆင့် ကစားသမားကောင်းတဦးကို ပိုင်ဆိုင်ရလာတော့မှာ ဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ဒန်နီရယ်ဂျိန်းစ်ဟာ ဆွမ်းဆီးလ် ကစားသမား ဘဝ မှာ ၃၆ ပွဲကစားထားအပြီး သွင်းယူထားနိုင်ခဲ့တဲ့ သွင်းဂိုးအရေအတွက် ရဲ့ တဝက်ခန့်ကို အသင်းသစ်နဲ့ အတူသွင်းယူထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒါ့အပြင်ယူနိုက်တက် အသင်းသားဘဝ မှာ သွင်းဂိုးတွေကို မတူညီတဲ့ အနေအထားမျိုးတွေနဲ့ သွင်းယူနိုင်စွမ်းရှိတယ်ဆိုတာကို ပါ ပြသထားနိုင်ခဲ့ပါတယ်။

ဂျိန်းစ်ရဲ့ သွင်းဂိုးတွေကြောင့် လည်း မာရှယ် ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ယူနိုက်တက် အသင်းအတွက် ပိုပြီး တန်ဖိုးရှိခဲ့တာဖြစ်ပါတယ်။ပြင်သစ်သားတိုက်စစ်မှူး မာရှယ်ဟာ နိုင်ငံတကာပွဲတွေ အပြီးပြန်ကစားမယ့် လက်စတာနဲ့ ပွဲမှာ ပြန်ပါလာဖွယ်ရှိနေပါတယ်။

ဆိုးလ်ရှားကတော့ မာရှယ်နဲ့ ရတ်ဖို့ဒ် အတွဲ နဲ့ အတူ ဒန်နီရယ်ဂျိန်းစ် ထံကနေ ဂိုးတွေအများအပြားရရှိနိုင်မယ်လို့ မျှော်လင့်ထားတဲ့ ဝန်ခံသွားခဲ့ပါတယ်။ဆိုးလ်ရှားက ဆက်လက်ပြီး –

” မာရှယ်ကော ရတ်ဖို့ဒ် ပါ ဒီအသင်းမှာ
ပွဲတွေ ဘယ်လောက် များများကစားထားခဲ့ ပြီးပြီ ဆိုတာ တော့ကျွန်တော်မသိပါဘူး။သူတို့ဟာ ဒီအသင်းမှာ အတော်လေး ကာလရှည် ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

သူတို့တွေဟာ အသင်းကို ဦးဆောင်လာနိုင်မယ့် ခေါင်းဆောင်တွေ ဖြစ်လာနိုင်မယ်လို့တော့မျှော်လင့်ပါတယ်။ဒန်နီရယ်ဂျိန်းစ် အနေနဲ့ လည်းသူပွဲထွက်ခွင့်ရတဲ့ ပွဲတိုင်း ဂိုးသွင်းနိုင်ဖို့ အထိကျွန်တော်တို့ မမျှော်လင့်ထားပေမယ့် ပုံစံကောင်းနဲ့ ကစားနိုင်နေပါတယ်။

ဂရင်းဝုဒ်ကတော့ ဆောက်သမ်တန် နဲ့ ပွဲမှာ ကံဆိုးခဲ့လို့ ဂိုးမရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ဟာ လမ်းကြောင်း မှန်ပေါ်မှာ ရှိနေဆဲဖြစ်ပါတယ် ” လို့ ပြောသွားခဲ့ပါတယ်။