* ချယ်လ်ဆီး အသင်း ရဲ့ ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ကတ်ဇူးမား ဟာ မနေ့ည က ရှက်ဖီးလ် ယူနိုက်တက် နဲ့ ပွဲစဉ် ရဲ့ ပွဲပြီးခါနီး မှာ ကိုယ့်ဂိုးကိုယ် သွင်းယူ ခဲ့မှု နဲ့ အတူ ချယ်လ်ဆီး အသင်း လည်း သရေ တမှတ် သာ ကျေနပ် ခဲ့ရပါတယ် ။ ပွဲအပြီး ဆိုရှယ် မီဒီယာ တခု ဖြစ်တဲ့ တွစ်တာ မှာ ပရိသတ် တချို့ ဟာ ဇူးမား အပေါ် လူမျိုးရေး ခွဲခြားမှု တွေ ပြုလုပ် ခဲ့ကြပါတယ် ။

* ယင်း အကြောင်းအရာ နဲ့ ပတ်သက်ပြီး ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် လည်း အကြီးအကျယ် အပြစ်တင် ရှုံ့ချ ခဲ့ပြီး ၊ တမ်မီ အေဘရာဟမ် တုန်းကလည်း ထို အတိုင်း ဖြစ်ခဲ့ကြောင်း ၊ ဒီလို တခြားသူ တွေ အပေါ် ခွဲခြား ဝေဖန်မှု တွေဟာ ဘယ်လိုမှ လူသား မဆန် သလို ၊ လူကြောက် တွေသာ ဒီိလိုမျိုး တဖက်သား အပေါ် ရှုံ့ချ ဝေဖန် တတ်ကြကြောင်း ပြောကြား ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ် အဖျက် ကစားသမား တီမို ဘာကာယိုကို ဟာ မနေ့ကပဲ ၄င်းရဲ့ အသင်းဟောင်း မိုနာကို အသင်း သို့ တရာသီ အငှား နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။ ဘာကာယိုကို ဟာ လွန်ခဲ့တဲ့ ၂နှစ် ကမှ မိုနာကို ကနေ ချယ်လ်ဆီး သို့ ယူရို သန်း ၄၀ နဲ့ ပြောင်းရွှေ့ လာခဲ့ပေမယ့် ခြေစွမ်း ပြနိုင်ဖို့ ရုန်းကန် ခဲ့ရပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ အက်ဇ်ပီလီကွီတာ ဟာ မနေ့ည က ပွဲစဉ် မှာ ရှက်ဖီးလ် ယူနိုက်တက် အသင်း ထံသို့ ဘောလုံး ဆုံးရှုံး ခဲ့ရမှု အကြိမ်ရေ ၂၀ ရှိခဲ့ပြီး ဒါဟာ ကွင်းထဲက ကစားသမား အားလုံး ထက် များခဲ့တဲ့ ပမာဏ ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ဟာ ဒီနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ် မှာ ကစားသမား တယောက်ချင်း ထိပ်တိုက် တွေ့ဆုံမှု မှာ ကျော်ဖြတ်ပြနိုင်မှု ၁၃ ကြိမ် အောင်မြင် ခဲ့ပြီး မနေ့က ရှက်ဖီးလ် ယူနိုက်တက် ကွင်းလယ်လူ အိုလီဗာ နော်ဝုဒ် တယောက်သာ ၄င်းကို တကြိမ် တားဆီး နိုင်ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ မနေ့ည က ရှက်ဖီးလ် ယူနိုက်တက် အသင်း ကို သွင်းဂိုး ၂ဂိုး သွင်းယူ နိုင်ခဲ့တာကြောင့် ၂၀၁၀ မှာ ၂ပွဲ ဆက် ၂ဂိုး စီ သွင်းယူ ခဲ့တဲ့ ဖရန့် လမ်းပတ် နောက်ပိုင်း ပထမဆုံး ချယ်လ်ဆီး အသင်း ရဲ့ အင်္ဂလန် လူမျိုး ကစားသမား ဖြစ်လာ ခဲ့ပါတယ် ။

Chelsea

* ရှက်ဖီးလ် ယူနိုက်တက် အသင်း နည်းပြ ခရစ် ဝိုင်လ်ဒါ က ၄င်းတို့ဟာ မနေ့ည က ပွဲမှာ ချယ်လ်ဆီး အသင်း အတွက် လက်ဆောင်ဂိုး ၂ဂိုး ပေးခဲ့လိုက်ရကြောင်း ၊ ဒုတိယပိုင်း မှာ စိတ်ဓာတ် အပြည့် နဲ့ ပြန်လာ နိုင်ခဲ့တဲ့ အသင်းသား တွေရဲ့ ခံယူချက် ကို ချီးကျူး ချင်ကြောင်း နဲ့ အနိုင် ရခဲ့မယ် ဆိုရင်တောင် အနိုင် ရလဒ် နဲ့ ထိုက်တန်မှု ရှိကြောင်း ပွဲပြီး အင်တာဗျူး မှာ ပြောကြား ခဲ့ပါတယ် ။

* မနေ့ည က ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ကို စတင် ကစားခွင့် ရရှိ ခဲ့တဲ့ အကယ်ဒမီ ကွင်းလယ်လူ ဘီလီ ဂီလ်မာ က သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ် အတွက် ပျော်ရွှင် ခဲ့ရပေမယ့် သရေ ရလဒ် အတွက်တော့ စိတ်ပျက် ခဲ့ရတယ် လို့ ၄င်းရဲ့ တွစ်တာ အကောင့် ကနေ ရေးတင် ခဲ့ပါတယ် ။

* ဟက်ဒါစ်ဖီးလ် အသင်း နည်းပြ မာ့ခ် ဟတ်ဒ်ဆန် က ချယ်လ်ဆီး အသင်း ကနေ အငှား နဲ့ ရောက်ရှိလာတဲ့ လူငယ် ကွင်းလယ် အဖျက် ကစားသမား ထရီဗာ ချာလိုဘတ် ဟာ ပါရမီရှင် ကစားသမား ဖြစ်ကြောင်း ၊ လက်ရှိ မှာလည်း ၄င်းတို့ အသင်း အတွက် ခြေစွမ်း ပြနေတဲ့ အပြင် လာမယ့် ရာသီ မှာလည်း ချယ်လ်ဆီး အသင်း အတွက် ခြေစွမ်း ပြပေးနိုင်မယ် လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ် ။

* မနေ့ည က ပွဲစဉ် များ အပြီး ချယ်လ်ဆီး အငှား ကစားသမားများရဲ့ ခြေစွမ်းများ
ကော်နာ ဂေါ်လဂါ ( ချာလ်တန် ) ( ပွဲချိန်ပြည့် ) ( ဂိုးဖန်တီးမှု တကြိမ် )
ထရီဗာ ချာလိုဘတ် ( ဟက်ဒါစ်ဖီးလ်တောင်း ) ( ပွဲချိန်ပြည့် )
အစ်ဇီ ဘရောင်း ( လူတန်တောင်း ) ( ၅၅ မိနစ် မှာ လူစားဝင် )
ရစ်ချတ် နာတေ ( ဘာတန် ) ( ၅၈ မိနစ် မှာ လူစားဝင် )
လုခ် မက်ကောမစ် ( ရှရူးဘူရီတောင်း ) ( ၈၈ မိနစ် မှာ လူစားဝင် )
ဂျော့ရှ် ဂရန့် ( ပလိုင်းမောက် ) ( ဒုတိယပိုင်း မှာ လူစားဝင် )
ဒန်နီ ဒရင့်ခ်ဝါးတား ( ဘန်လေ ) ( ပါဝင်ခွင့်မရ )
ဂျေကော့ဘ် မက်ဒေါ့စ် ( ထရန်းမီးယား ) ( ပါဝင်ခွင့်မရ )
အီသန် အမ်ပါဒူ ( လစ်ပ်ဇစ် ) ( ပါဝင်ခွင့်မရ )