Chelsea

ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း အတွက် ဦးဆောင်ဂိုး ၂ဂိုး သွင်းယူ ပေးနိုင် ခဲ့ပေမယ့် ဒုတိယပိုင်း မှာ ခံစစ် က ချေပဂိုး ၂ဂိုး ခွင့်ပြု ခဲ့ရတာကြောင့် ၄င်းရဲ့ သွင်းဂိုး တွေ အလဟသ ဖြစ်ခဲ့ရပါတယ် ။

အေဘရာဟမ် ဟာ ချယ်လ်ဆီး အသင်း အတွက် နောဝှစ်ခ်ျ အသင်း နဲ့ အဝေးကွင်း ပွဲစဉ် မှာ ၂ဂိုး သွင်းယူ ခဲ့တာကြောင့် ၄င်းရဲ့ သွင်းဂိုး တွေ ဆက်တိုက် ဖြစ်လို့ လာနေပါပြီ ။ ဒါဟာ လမ်းပတ် နောက်ပိုင်း ချယ်လ်ဆီး အသင်း အတွက် ပရီးမီးယားလိဂ် ၂ပွဲဆက် သွင်းဂိုး ၂ဂိုးစီ သွင်းယူ နိုင်တဲ့ ပထမဆုံး အင်္ဂလန် ကစားသမား ဖြစ်လာပါတယ် ။

ပွဲအပြီး ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာတော့ အေဘရာဟမ် က ချယ်လ်ဆီး ပရိသတ် တွေရဲ့ သူ့ အပေါ် အရမ်း ချစ်မြတ်နိုးမှု တွေ အတွက် ပျော်ရွှင် ကျေနပ် ရကြောင်း ၊ နောက်ပိုင်း ပွဲစဉ် တွေမှာ အိမ်ကွင်း ပရိသတ် တွေ အတွက် နိုင်ပွဲ တွေ စတင် ရယူဖို့ မဖြစ်မနေ လိုလာပြီ ဖြစ်ကြောင်း ဖွင့်ဟ ခဲ့ပါတယ် ။

အေဘရာဟမ် က ” ဒုတိယဂိုး သွင်းပြီးတဲ့ အချိန် ကျွန်တော် ကွင်းတပတ်လုံး ကို လိုက်ကြည့် မိလိုက်ပါတယ် ။ အဲ့ဒီ မှာ ကျွန်တော့ ပါးစပ် က ‘ wow ‘ လို့ ပြောလိုက်မိပါတယ် ။ တကယ်ပါ ။ မယုံနိုင်ဖွယ်အောင်ပါပဲ ။ ချယ်လ်ဆီး ပရိသတ် တွေဟာ တကယ် အံ့သြဖို့ ကောင်းပါတယ် ။ သူတို့ဟာ ကျွန်တော့ ကို အမြဲတမ်း ထောက်ခံ အားပေး ကြပါတယ် ။ ငယ်ငယ်လေး ကတည်းကနေ ကျွန်တော် ဒီ စီနီယာ အသင်း ကို ရောက်လာဖို့ အတွက် ကျွန်တော့ ကို သူတို့ တွန်းအား ပေးခဲ့ကြပါတယ် ။ ”

” အခုတော့ သူတို့ရဲ့ အားပေးမှု အတွက် သွင်းဂိုး တွေနဲ့ ပြန်ပေးဆပ် နိုင်နေပါပြီ ။ နောက် လာမယ့် အိမ်ကွင်း ပွဲစဉ် တွေမှာတော့ ဒီ ပရိသတ် တွေ အတွက် နိုင်ပွဲ စယူပေးဖို့ မျှော်မှန်း ထားပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ထို့အပြင် အေဘရာဟမ် က ၄င်းတို့ အသင်း ဟာ မနေ့ည က ပွဲမှာ အခွင့်အရေး ရတုန်း အချိန် မှာ ပွဲကို အဆုံးသတ် နိုင်ခဲ့သင့်ကြောင်း ၊ စိတ်ပျက်စရာ ရလဒ် ဖြစ်ခဲ့ပေမယ့် နိုင်ငံ လက်ရွေးစင် ပွဲစဉ် တွေ အပြီးမှာ သူတို့ အနေနဲ့ အာရုံစိုက်မှု အပြည့်နဲ့ နိုင်ပွဲ တွေကို ပြန်လည် ရှာဖွေ ရမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ် ။

အေဘရာဟမ် က ” ဒီနေ့ ပွဲက သရေ ရလဒ် အတွက် ကျွန်တော် တို့ အားလုံး စိတ်ပျက် ခဲ့ရပါတယ် ။ ကျွန်တော် တို့ဟာ ချယ်လ်ဆီးပါ ။ ဘယ် အသင်း ကမှ စတမ်းဖို့ဒ် ဘရစ်ခ်ျ ကို ရောက်လာပြီး ကျွန်တော် တို့ထက် ပိုကောင်းအောင် ပေးကစားဖို့ မဖြစ်စေသင့်ပါဘူး ။ ရှက်ဖီးလ် ယူနိုက်တက် အသင်း ဟာ ဒုတိယပိုင်း မှာ ကျွန်တော် တို့ထက် ပိုကောင်းအောင် ကစား နိုင်ခဲ့ပါတယ် ။ ”

” ကျွန်တော် တို့ အနေနဲ့ အနိုင်ရဖို့ အတွက် လုံလောက်တဲ့ ခြေစွမ်း မရှိခဲ့ပါဘူး ။ ဒီနေ့ အသင်း မှာ ပါဝင်ခဲ့တဲ့ ကျွန်တော် ဟာလည်း တသင်းလုံးရဲ့ ကိုယ်စားပြု အနေနဲ့ ဒီ ရလဒ် အပေါ် မှာ တာဝန်ရှိနေတယ် လို့ ခံစား ရပါတယ် ။ ပထမပိုင်း မှာ ကျွန်တော် တို့ဟာ ပြိုင်ဖက် ရဲ့ လက်ဆောင်ဂိုး ၂ဂိုး ရခဲ့တဲ့ အပြင် ပွဲကို အပြီးသတ်ဖို့ အခွင့်အရေး တွေပါ ပိုင်ဆိုင် ခဲ့ပါတယ် ။ ”

” ဒီလို အနေအထား မှာ ပွဲကို မြန်မြန် အဆုံးသတ်ပြီး ဒုတိယပိုင်း မှာ ပြိုင်ဖက် အသင်း ကို ပြန်မလာအောင် တားဆီး နိုင်ခဲ့သင့်ပါတယ် ။ ရှက်ဖီးလ် ယူနိုက်တက် အသင်း ဟာ ပွဲပြီးတဲ့ အထိ ဆက်လက် တိုက်ပွဲ ဝင်နေမယ့် အသင်း ဆိုတာ ကျွန်တော် တို့ သိထားခဲ့ပါတယ် ။ ကျွန်တော် တို့ အနေနဲ့ သူတို့ကို စိတ်ပျက် သွားအောင် လုပ်နိုင်ခဲ့ရမှာပါ ။ ဒါပေမယ့် ဒုတိယပိုင်း ပြန်အစ မှာ ပေးခဲ့ရတဲ့ ချေပဂိုး က သူတို့ကို စိတ်ပျက်အောင် လုပ်ဖို့ အခွင့်အရေး မဖန်ခဲ့ပါဘူး ။ ”

” အဲ့ဒီ အချိန် ကနေ စပြီး ကျွန်တော် တို့ဟာ ပွဲကို စိတ်အေးအေး နဲ့ ထိန်းပြီး တည်တည်ငြိမ်ငြိမ် နဲ့ အနိုင် ရလဒ် ကို ထိန်းချုပ် နိုင်ဖို့ ကောင်းခဲ့ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့ ပွဲဟာ ကျွန်တော် တို့ အသင်း အပေါ် မျက်နှာသာ မပေးခဲ့ပါဘူး ။ နိုင်ငံ လက်ရွေးစင် ပွဲစဉ် ကာလ မှာ ကျွန်တော် တို့ အားလုံး ဆက်လက် ကြိုးစား လေ့ကျင့် ရမှာ ဖြစ်သလို ၊ ရလဒ်ဆိုး တွေကနေ အမြန် ရုန်းထွက်ဖို့ ကြိုးစား ရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။