မန်ချက် စတာ ယူနိုက်တက် အသင်း နည်းပြ ဟောင်း မော်ရင်ဟို က သူ ဟာ မန်စီးတီး ၊ လီဗာပူး တို့ နဲ့ ကစား ရတဲ့ ဒါဘီ ပြိုင်ပွဲ တွေ မှာ ဘယ်လိုမျိုး ပြင်ဆင် ခဲ့သလဲ ဆိုတဲ့ အကြောင်းတွေ ကို ယမန်နေ့ ညက ကစားခဲ့ တဲ့ အာဆင်နယ် – တော့တင် ဟမ် ဟော့စပါး လန်ဒန် ဒါဘီ ပွဲစဉ် မတိုင်ခင် မှာ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။ မော်ရင်ဟို ဟာ ယူနိုက်တက် နည်းပြ အဖြစ် နဲ့ မန်ချက်စတာ ဒါဘီ ၊ အင်္ဂလန် ဒါဘီတွေ ကို ရင်ဆိုင် ခဲ့ရသူ ဖြစ်ပါတယ် ။

ရီးရဲ မက်ဒရစ် ၊ အင်တာ မီလန် ၊ ပေါ်တို ၊ ချဲလ်ဆီး တို့ ကို ကိုင်တွယ် ခဲ့တဲ့ ပေါ်တူဂီ သား နည်းပြကြီး မော်ရင်ဟို ဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ လ အတွင်း က မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် ကနေ ထုတ်ပယ် ခံ ရအပြီး မှာ နည်းပြ အလုပ်သစ် ကို မရယူ သေးဘဲ ဘောလုံး အစီအစဉ် သုံးသပ်သူ အဖြစ် ရန် ဖန် ရံခါ လုပ်ဆောင် နေခဲ့ ပါတယ် ။

မော်ရင်ဟို ဟာ အာဆင်နယ် ရဲ့ အီမရိတ် ကွင်းမှာ ကစား ခဲ့တဲ့ လန်ဒန် ဒါဘီ ပွဲ ကို Sky Sports ကနေ တင်ဆက်သူ အဖြစ် ပါဝင် ခဲ့ပြီး ကစားပွဲ မတိုင် ခင် မှာ ယူနိုက်တက်နည်းပြ ဖြစ်ခဲ့ စဉ် တုန်းက မန်စီးတီး ၊ လီဗာပူး တို့ လို အရေးပါ တဲ့ ပွဲတွေ ကို ဘယ်လို ချဉ်းကပ် ပြင်ဆင် ခဲ့သလဲ ဆိုတာ ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

“ဒါဘီ ပွဲတွေ က ထူးခြား ပါတယ် ။ ပရော်ဖက်ရှင်နယ် ဆန်တဲ့ နည်းလမ်း ထက် ကစားပွဲ ကို ခံစား ပြီး အဲ့ဒီ ခံစားချက် နဲ့ ရှင်သန် တဲ့ နည်းလမ်း က ပိုပြီး အလုပ်ဖြစ် ခဲ့ ပါတယ် ။ ကိုယ့် အနေနဲ့ ဒေသခံ မဟုတ် ရင် တောင် မှ ဒါဘီ ပွဲတွေ နဲ့ ပတ်သက်တဲ့ အငွေ့ အသက်တွေ ကို ခံစား မိမှာပါ ။ ဒီ ခံစားချက် ရှိနေဖို့ က အရေး ကြီးပါတယ်”

“ကျွန်တော် ကတော့ ပွဲ မစခင် ည မှာ အသင်းသားတွေ လိုပဲ စား ၊ အသင်းသားတွေ လိုပဲ တူညီတဲ့ ညအိပ် ၀တ်စုံ နဲ့ အိပ် ပါတယ် ။ ဘာလို့ လည်း ဆိုတော့ ဒါဘီ ပွဲ ရှိတယ် ဆိုတဲ့ အငွေ့ အသက် ကို ခံစားချင် လို့ ပါ ။ ဒီ ခံစားချက် နဲ့ ပဲ ပွဲကို ပြင်ဆင် ပါတယ်” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။

မော်ရင်ဟို ဟာ မန်ချက် စတာ ယူနိုက်တက် နည်းပြ အဖြစ် နဲ့ မြို့ခံ ပြိုင်ဘက် မန်စီးတီး ကို ၅ ကြိမ် ရင်ဆိုင် ခဲ့ ဖူး ပါတယ် ။ ဒီ ၅ ကြိမ် ထဲ မှာ မော်ရင်ဟို ဟာ ၁ ကြိမ်သာ နိုင်ခဲ့ ပြီး ၁ ကြိမ် သရေကျကာ ကျန် ၃ ကြိမ် ကို ရှုံးနိမ့် ခဲ့ရ ပါတယ် ။

မော်ရင်ဟို ဟာ လီဗာပူး ကိုတော့ မန်စီးတီး ထက် ပိုကောင်းတဲ့ ရလဒ် ထွက်ပေါ် အောင် ကစားနိုင် ခဲ့ပြီး ၃ ပွဲ သရေ ကျ ကာ ၁ ပွဲ နိုင်ပြီး ၁ ပွဲ ရှုံးခဲ့ ပါတယ် ။ သူ့ရဲ့ တစ်ပွဲ တည်းသော ရှုံးပွဲ ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူး ကို ဆုံးရှုံး စေခဲ့တာ ကတော့ တိုက်ဆိုင် မှု တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ။

ယမန်နေ့ က ကစားခဲ့တဲ့ အာဆင်နယ် နဲ့ တော့တင် ဟမ် ဟော့စပါး တို့ရဲ့ မြောက် လန်ဒန် ဒါဘီ ပွဲစဉ် ကတော့ အပြန် အလှန် သွင်းဂိုး တွေ နဲ့ အကျိတ် အနယ် ရှိ ခဲ့ကြ ကာ တစ်ဖက် ၂ ဂိုးစီ နဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့ ကြပါတယ် ။