တော့တင်ဟမ် ဟော့စပါး အသင်း နည်းပြ ပိုချက်တီနို ကတော့ သူတို့ ရဲ့ အသင်း ဟာ ရာသီ အစ က အဆင် မပြေမှု တွေ ကို အတူ တကွ ဖြေရှင်း ကျော်လွှား နိုင်ခဲ့ ပြီလို့ ခံစား မိကြောင်း ယမန်နေ့ ညက ကစား ခဲ့တဲ့ အာဆင်နယ် နဲ့ မြောက် လန်ဒန် ဒါဘီ ပွဲမှာ ပြောဆို သွားခဲ့ ပါတယ် ။ စပါး ဟာ ယခု ပွဲ အပါ အ၀င် နိုင်ပွဲ မရရှိ ခဲ့တာ ၃ ပွဲ ဆက်ခဲ့ ပြီ ဖြစ်ကာ ပွဲစဉ် ( ၄ ) အပြီး မှာ ၅ မှတ်သာ ရရှိ ထားခဲ့ ပါတယ် ။

ပိုချက်တီနို ဟာ အာဆင်နယ် နဲ့ ပွဲ မှာ ကွင်းလယ်လူ အဲရစ်ဆင် ကို ပြန်လည် ရွေးးချယ် ခဲ့ ပါတယ် ။ အဲရစ်ဆင် ဟာ ပြီးခဲ့တဲ့ နွေရာသီ တစ်လျောက် အသင်း ပြောင်းဖို့ စိတ်ပိုင်းဖြတ် ထားတယ် လို့ သတင်းလွှင့် ခဲ့သူ ဖြစ်ပြီး ဘာစီလိုနာ ၊ ရီးရဲမက်ဒရစ် တို့ နဲ့ အသံ ကျယ်လောင်စွာ ပေါ်ထွက် ခဲ့သူ ဖြစ် ပါတယ် ။

ဒါကြောင့် ပိုချက်တီနို ဟာ ရာသီ အဖွင့် ပွဲ အပါ အ၀င် မန်စီးတီး နဲ့ ကစားခဲ့ တဲ့ ပွဲမှာ တောင် အဲရစ်ဆင် ကို အရန် ခုံ ပို့ထား ခဲ့ ပါတယ် ။ ဒါပေမယ့် ဥရောပ ရဲ့ အပြောင်း အရွှေ့ ပိတ်သိမ်းခါနီး မှာတော့ ဒိန်းမတ် ကွင်းလယ်လူ အနေနဲ့ စပါး ကို စွန့်ခွာ သွား မှာ မဟုတ်တော့ဘူး လို့ ယုံကြည်တဲ့ အတွက် အခုလို ပွဲထွက် စာရင်း မှာ ထည့်သွင်း ခဲ့တာပဲ ဖြစ် ပါတယ် ။

စပါး ဟာ ပထမပိုင်း မှာ အာဆင်နယ် နဲ့ အပြန် အလှန် ယှဉ်ပြိုင် ခဲ့ပြီး အဲရစ်ဆင် က အဖွင့်ဂိုး ကို သွင်းပေး ခဲ့ ပါတယ် ။ ဒါပေမယ့် ဟယ်ရီကိန်း က လည်း ပင်နယ်တီ ကနေ ဒုတိယ မြောက် ဦးဆောင်ဂိုး ကို သွင်းပေး နိုင် ခဲ့ ပေမယ့် စပါး တို့ အနိုင် ရလဒ် ကို မထိန်းသိမ်း နိုင် ခဲ့ ပါဘူး ။

အာဆင်နယ်ဟာ လာကာဇက်တီ ၊ အော်ဘားမီးယန်း တို့ရဲ့ ဂိုးတွေ နဲ့ ပြန်လာ နိုင် ခဲ့ပြီး ဒုတိယ ပိုင်းမှာ လိုရစ် သာ လက်စွမ်းမပြ ခဲ့ဘူး ဆိုရင် စပါးတို့ ဒုတိယ မြောက် ရှုံးပွဲ ကို ကြုံတွေ့ သွားရ ဖို့ အလားအလာ များ ခဲ့ ပါတယ် ။

စပါး ဟာ ပြီးခဲ့တဲ့ နှစ် ချန်ပီယံ လိဂ် ဖိုင်နယ် က ရှုံးနိမ့်မှု အတွက် နွေရာသီ တစ်ခုလုံး ခံစား ခဲ့ကြရပြီး ရာသီ အစ မှာလည်း ပုံစံ ကောင်းတွေ မရရှိ ခဲ့ ပါဘူး ။ ဒါပေမယ့် ပိုချက်တီနို ကတော့ သူ့ရဲ့ အသင်း ဟာ ပြန်လည် တည်ငြိမ်စ ပြုလာပြီ ဖြစ်ကာ နောက်ပိုင်း ပွဲတွေ ကို ပိုမို ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ် မယ်လို့ မျှော်လင့် ထားကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“အခု အချိန် မှာ ကျွန်တော်တို့ အတွက် အရေးကြီးတာ က အမှတ်ပေး ဇယားလည်း မဟုတ် ၊ ရမှတ်တွေ လည်း မဟုတ် ပါဘူး ၊ ကစားပုံ ပါ ။ နယူး ကာဆယ် နဲ့ ပွဲက အရေးနိမ့်မှု ကို ဒီနေ့ ပွဲ ခြေစွမ်းက ပြန်လည် ဖာထေး နိုင် ခဲ့တယ် လို့ ခံစား မိပါတယ်”

“ကျွန်တော်တို့ ဟာ ခက်ခဲတဲ့ နွေရာသီ ကို ဖြတ်သန်း ခဲ့ရတာပါ ။ အသင်းရဲ့ ရာသီ အစ ကစားပုံ ကလည်း အားနည်း ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ အခု ဒါတွေကို အတူတကွ ရင်ဆိုင် ကျော်ဖြတ် နိုင် ခဲ့ပြီလို့ ခံစား မိပါတယ်”

“ခရစ်ရှန် ( အဲရစ်ဆင် ) ဟာ ရှေ့ပွဲတွေ က နဲ့ မတူတဲ့ သူတစ်ယောက် ဖြစ်နေ ပါပြီ ။ မနက်ဖြန် ( ယနေ့ ) အပြောင်း အရွှေ့ တရားဝင် ပိတ်ပြီးသွား ရင် သူဟာ ကျွန်တော်တို့ ဆီမှာ ဆက်ရှိ ဖို့ ၁၀၀% သေချာသွား ပါပြီ ။ ကျွန်တော်တို့ အားလုံး လည်း ကစားပွဲတွေ ကို အာရုံ စိုက်နိုင်တော့ မှာပါ” လို့ ပိုချက်တီနို ကို ပြောဆို သွားခဲ့ ပါတယ် ။

စပါး ဟာ ဒုတိယပိုင်း ပြီးခါနီး မှာ ဒုတိယ အကြိမ် ပင်နယ်တီ ရရှိနိုင်တဲ့ အနေ အထား ပေါ်ပေါက် ခဲ့ပေမယ့် ကိုလာဆီနက် ရဲ့ ဟယ်ရီကိန်း အပေါ် ဖိချ မှု ကို ကွင်းလယ်ဒိုင် မာတင် အက်ကင်ဆန် က ပင်နယ်တီ သတ်မှတ် ဖို့ ငြင်းဆို ခဲ့ ပါတယ် ။

စပါး ဟာ ပွဲစဉ် ( ၄ ) အပြီး အဆင့် ၉ နေရာမှာ ရပ်တည် နေပါတယ် ။ ပွဲစဉ် ( ၅ ) မှာတော့ စပါး ဟာ အိမ်ကွင်း မှာ နောက်ထပ် လန်ဒန် မြို့ခံ ကလပ် တစ်သင်း ဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ် နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး အဆိုပါ ပွဲမတိုင် ခင် မှာတော့ လက်ရွေးစင် ကစား သမားတွေ ကို နိုင်ငံ အသင်း ပွဲစဉ်တွေ အတွက် စေလွှတ် ပေးရဦး မှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR